အိမ်ကို လာရောက်စစ်ဆေးခြင်းများ

ပြင်ဆင်ခြင်း

အတောအတွင်း

နောက်ပိုင်း

အပိုဆောင်းအကူအညီ

သင်သည် ကပ်ဘေးအကူအညီ လျှောက်ထား ပြီးနောက်ပိုင်းတွင် FEMA က ကပ်ဘေးကြောင့်ဖြစ်ပေါ်သည့် အပျက်အစီးများအား နေရာသို့လာရောက်၍ လည်းကောင်း သို့မဟုတ် အဝေးမှ လည်းကောင်း စိစစ်ရမည်ဖြစ်သည်။ ရက်အနည်းငယ်အတွင်းတွင် FEMA ဝန်ထမ်းနှင့် စစ်ဆေးသူများသည် သင်မသိရှိသော ဖုန်းနံပါတ် သို့မဟုတ် ဖုန်းနံပါတ်မဖော်သော ဖုန်းမှ သင့်အား ခေါ်ဆိုပြီး ကပ်ဘေးဒဏ်ကြောင့် ပျက်စီးမှုများနှင့် ပတ်သက်ပြီး ကြိမ်ဖန်များစွာ ဆွေးနွေးနိုင်သည်။

စစ်ဆေးမှုကို လျှောက်ထားသူ (သင်) သို့မဟုတ် ပူးတွဲလျှောက်ထားသူ ရှိနေမှသာ လုပ်ဆောင်နိုင်သည်။ အကယ်၍ လျှောက်ထားသူ သို့မဟုတ် ပူးတွဲလျှောက်ထားသူသည် စစ်ဆေးသူနှင့် တွေ့ဆုံနိုင်ခြင်း မရှိပါက စစ်ဆေးရန် ချိန်းဆိုသည့် ရက်နှင့် အချိန်မတိုင်မီ တခြားသူတစ်ဦးကို သတ်မှတ်နိုင်ပြီး ကြိုတင်၍ စာဖြင့်ရေးသားခွင့်ပြုထားရမည်။

အကယ်၍ အိမ်သို့ ဝင်ရောက်ရန် မဖြစ်နိုင်ပါက စစ်ဆေးသူသည် လျှောက်ထားသူကို ယင်းအပျက်အစီးနေရာ သို့မဟုတ် ကြားနေရာတစ်ခုတွင် တွေ့ဆုံပြီး နေထိုင်မှု နှင့်/သို့မဟုတ် ပိုင်ဆိုင်မှုအကြောင်း စိစစ်ပါမည်။

Graphic
Within 10 Days After Applying Graphic

သင်၏ စစ်ဆေးမှုအတွက် ပြင်ဆင်ခြင်း

စစ်ဆေးမှုစတင်ရန် မစောင့်ဘဲ အောက်ပါတို့ကို လုပ်ဆောင်ပါ-

  • သင့်ထံတွင် အာမခံရှိပါက သင့်အာမခံကုမ္ပဏီကို လျော်ကြေးစတင်တောင်းဆိုပါ။
  • လုံခြုံဘေးကင်းစွာ လုပ်ဆောင်နိုင်မည်ဆိုပါက သန့်စင်ရှင်းလင်းခြင်းကို ယခုစတင်လုပ်ဆောင်ပါ။
  • အပျက်အစီးမှန်သမျှကို ဓာတ်ပုံရိုက်ထားပါ။
  • ပျက်စီးဆုံးရှုံးမှုများကို စာရင်းလုပ်ပါ။
  • ကပ်ဘေးကြောင့်ဖြစ်သည့် ကုန်ကျစရိတ်များကို စိစစ်နိုင်ရန် ပြေစာအားလုံးကို သိမ်းထားပါ။

သင့်စစ်ဆေးမှုအတွက် ရက်ချိန်းယူခြင်း

alert - warning

ရက်အနည်းငယ်အတွင်းတွင် FEMA ဝန်ထမ်းနှင့် စစ်ဆေးသူများသည် သင်မသိရှိသော ဖုန်းနံပါတ် သို့မဟုတ် ဖုန်းနံပါတ်မဖော်သော ဖုန်းမှ သင့်အား ကြိမ်ဖန်များစွာ ခေါ်ဆိုရန် ကြိုးစားနိုင်သည်ကို မမေ့ပါနှင့်။

အကယ်၍ FEMA က သင့်နေရာမှ အပျက်အစီးများကို စိစစ်ရန် ဆက်သွယ်၍ မရခဲ့ပါက သင့်အား အကြောင်းကြားစာ ပေးပို့မည်ဖြစ်ပြီး သင့်လျှောက်လွှာကို ဆက်လက်ဆောင်ရွက်နိုင်မည်မဟုတ်ပါ။ ဆက်လက်ဆောင်ရွက်နိုင်ရန် သင်က FEMA ၏ အရေးပေါ်ဖုန်းနံပါတ် (၈၀၀-၆၂၁-၃၃၆၂) ကို ဆက်သွယ်၍ သင်၏ဆက်သွယ်ရန်အချက်အလက်များ မှန်ကန်ကြောင်းနှင့် သင်က အကူအညီလိုအပ်ကြောင်း အတည်ပြုပြောဆိုရန် လိုအပ်သည်။ ကပ်ဘေးအကူအညီ ဆောင်ရွက်နေစဉ်ကာလအတွင်း လျှောက်လွှာအသစ် ဖြည့်သွင်း ပေးပို့ခြင်း မပြုပါနှင့်။ သင့်လျှောက်လွှာ၏ လက်ရှိအခြေအနေကို ကြည့်နိုင် သို့မဟုတ် သင်၏DisasterAssistance.gov အကောင့်သို့သွားပြီး FEMA စာများကို ဖတ်နိုင်ပါသည်။

သင်၏ စစ်ဆေးမှုအတွက် အချက်အလက်များကို စုဆောင်းခြင်း

စစ်ဆေးချိန်တွင် အောက်ပါ အချက်အလက်များကို အသင့်ပြင်ဆင်ထားပါ-

  • သင့်ဓာတ်ပုံပါ အထောက်အထား
  • စစ်ဆေးသူက တောင်းဆိုလာပါက ပိုင်ဆိုင်မှု သို့မဟုတ် နေထိုင်မှု အထောက်အထား
  • ကပ်ဘေးဆိုက်ချိန်တွင် အိမ်၌နေထိုင်သူများစာရင်း
  • ကပ်ဘေးကြောင့် အဆောက်အအုံအား ထိခိုက်ပျက်စီးမှုအားလုံး
  • သင်၏ အာမခံပေါ်လစီနှင့် စစ်ဆေးသူက တောင်းဆိုသည့် အခြား စာရွက်စာတန်းများ

သင့်စစ်ဆေးမှု အတောအတွင်း

Graphic
A blue fema inspector with a phone to his ear

FEMA စစ်ဆေးသူများသည် ကပ်ဘေးကြောင့် ဖြစ်ပေါ်သည့် အပျက်အစီးများကို သိရှိရန် လေ့ကျင့်သင်ထားထားသူများ ဖြစ်သည်။ သို့သော် သူတို့သည် သင်က အကူအညီ ရမရ ကို ဆုံးဖြတ်သူများ မဟုတ်ကြပါ။

သူတို့သည် တစ်ဦးချင်းနှင့် အိမ်ထောင်စု အစီအစဉ် အတွင်း အကျုံးဝင်နိုင်ဖွယ်ရှိသည့် အပျက်အစီးများကို စစ်ဆေးကြည့်ရှု မှတ်တမ်းတင်သည်။ ၎င်းသည် အာမခံကုမ္ပဏီ စစ်ဆေးသူ သို့မဟုတ် အခြား ကပ်ဘေး အကူအညီအစီအစဉ်များဖြစ်သည့် ယူအက်စ် အသေးစားလုပ်ငန်းစီမံအုပ်ချုပ်ရေးဌာန တို့၏ စစ်ဆေးကြည့်ရှုပုံနှင့် ကွဲပြားသည်။

အပျက်အစီး ပမာဏပေါ် မူတည်၍ စစ်ဆေးမှုသည် ၄၅ မိနစ်ခန့် ကြာနိုင်သည်။

သင့်စစ်ဆေးမှုအတွက် ပြင်ဆင်ပံ့ပိုးမှုများ

သင့်တင့်လျောက်ပတ်သည့် ပြင်ဆင်ပံ့ပိုးမှုများတွင် ဘာသာပြန်ခြင်းနှင့် ASL ဘာသာပြန်များကို အင်္ဂလိပ်စကား အားနည်းသူများအတွက်နှင့် မသန်စွမ်းသူများနှင့် အခြား သွားလာလှုပ်ရှားရန် အကူအညီလိုသူများအတွက် ပံ့ပိုးမှုများ ရရှိနိုင်သည်။

စစ်ဆေးသူနှင့် စကားပြောရာတွင် ကူညီရန်အတွက်လည်း သင်က အိမ်ထောင်စုဝင်၊ ဆွေမျိုး သို့မဟုတ် မိတ်ဆွေတစ်ဦးကို ဖိတ်ခေါ်ထားနိုင်သည်။

သင့်စစ်ဆေးမှုနောက်ပိုင်း

သင်သည် စစ်ဆေးသူ လာရောက်ပြီး ၁၀ ရက်အတွင်း FEMA ၏ အကျုံးဝင်မှု ရှိမရှိ ဆုံးဖြတ်ချက်ကို ရှင်းပြထားသည့် စာရရှိပါမည်။

အကျုံးဝင်မှုကို ဆုံးဖြတ်ခြင်း

အကယ်၍ သင်သည် အကူအညီအတွက် အကျုံးဝင်သည် ဟု ဆုံးဖြတ်ပါက လျှောက်လွှာတင်စဉ်က သင်ရွေးချယ်ထားသည့် အတိုင်း အမေရိကန်ဘဏ္ဍာရေးဌာနမှ ချက်လက်မှတ် ရရှိပါမည် သို့မဟုတ် သင့်ဘဏ်သို့ ငွေတိုက်ရိုက်ထည့်ပေးပါမည်။

အကယ်၍ သင်သည် အကူအညီအတွက် အကျုံးမဝင်ဟု ဆုံးဖြတ်ပါက သို့မဟုတ် သင့်လျှောက်လွှာသည် ပြည့်စုံမှုမရှိပါက ရက်ပေါင်း ၆၀ အတွင်း ယင်းဆုံးဖြတ်ချက်ကို အယူခံဝင်နိုင်သည် နှင့်/သို့မဟုတ် လျှောက်လွှာကို ပြည့်စုံအောင် ဖြည့်သွင်းခွင့် တောင်းခံနိုင်သည်။

အပိုဆောင်းအကူအညီ

FEMA စစ်ဆေးသူများသည် သင့်စစ်ဆေးမှုပြီးစီးပြီး နောက်ပိုင်းတွင် သင့်မေးခွန်းများကို ဖြေကြားနိုင်ခြင်း သို့မဟုတ် သင့်အချက်အလက်များကို ကြည့်ရှုခြင်းတို့ကို မပြုလုပ်နိုင်တော့ပါ။ အကယ်၍ စစ်ဆေးပြီးနောက်ပိုင်း သင့်တွင် မေးစရာများ ရှိပါက FEMA ၏ အကူအညီဖုန်း ၈၀၀-၆၂၁-၃၃၆၂ ကို ခေါ်ပါ။

အိမ်သို့ လာရောက်စစ်ဆေးခြင်းအတွက် ရင်းမြစ်များ

နောက်ဆုံးအချက်အလက်