ကြီးမားသောသဘာဝဘေးအန္တရာယ်ကြီးကနေ သင့်ကို ပြန်လည်ထူထောင်ရေးအတွက် FEMA က ကူညီပံ့ပိုးပေးနိုင်သည်။
ကျန်းမာရေးအကူအညီအတွက်: 9-1-1 ကိုဖုန်းခေါ်ပါ။
စတင်ခြင်း
FEMA ၏ သဘာဝဘေးမှပြန်လည်ထူထောင်ရေးအစီအစဉ်
၂၀၂၄ခုနှစ်မတ်လ၂၂ရက်နေ့တွင် FEMA သည် သဘာဝဘေးအကူအညီအတွက် သိသာထင်ရှားသည့်နောက်ဆုံးဆောင်ရွက်ချက်များကို အကောင်အထည်ဖော်ခဲ့သည်။
နောက်ဆုံးဆောင်ရွက်ချက်အခြေအနေများကိုဖတ်ပါ။
သဘာဝဘေးအန္တရာယ်ဆိုင်ရာအကူအညီကို မလျှောက်ထားမီ ဓာတ်ပုံရိုက်ယူခြင်း၊ ပျက်စီးဆုံးရှုံးမှုများစာရင်းလုပ်ခြင်းနှင့် သင့်အာမခံကုမ္ပဏီထံကနေ နစ်နာကြေးတောင်းဆိုခြင်းကဲ့သို့သော လုပ်ဆောင်ရမည့်အဆင့်များဆိုင်ရာ အချက်အလက်များကိုရယူထားပါ။
သင့်လျှောက်လွှာကို ပြန်လည်သုံးသပ်ခြင်း၊ သင်၏အထောက်အထားနှင့် အိမ်ပိုင်ဆိုင်ကြောင်း အတည်ပြုခြင်း၊ အိမ်စစ်ဆေးမှုခံယူခြင်းနှင့် စာရွက်စာတမ်းတင်ပြခြင်းတို့ကဲ့သို့သော သဘာဝဘေးအန္တရာယ်အကူအညီအတွက်လျှောက်ထားပြီးနောက်တွင် ဆက်လက်လုပ်ဆောင်ရမည့်အဆင့်များကို ရှာဖွေပြင်ဆင်ထားပါ။
FEMA ၏ဆုံးဖြတ်ချက်ကို သင်ကသဘောမတူပါလျှင် လိုအပ်သည့်စာရွက်စာတမ်းများ၊ အယူခံလျှောက်လွှာတင်သွင်းရန်နည်းလမ်းများနှင့် အယူခံလျှောက်လွှာတင်သွင်းပြီးနောက် ဘာဆက်လုပ်ရမည်ကို လေ့လာပါ။
ပြန်လည်ထူထောင်ရေး လမ်းကြောင်းဆီသို့
သဘာဝဘေးအန္တရာယ်မှလွတ်မြောက်လာသူအားလုံး၏ ပြန်လည်ထူထောင်ရေးလမ်းကြောင်းသည် တူညီကြမည်မဟုတ်သော်လည်း၊ သဘာဝဘေးကြုံတွေ့ပြီးနောက် သင်လိုအပ်သောအကူအညီကိုရရန်အတွက် အောက်ပါလက်တွေ့ကျသော အဆင့်များက သင်လိုက်နာဆောင်ရွက်ရမည့် ပုံမှန်လုပ်ငန်းစဉ်များနှင့် လိုအပ်ချက်များကို အဆင့်ဆင့်ဖြတ်သန်းနိုင်အောင်လုပ်ပေးပါသည်။
ပြန်လည်ထူထောင်ရေး လမ်းကြောင်းဆီသို့စတင်လိုက်ပါ။
အကူအညီပုံစံအမျိုးမျိုးကို နားလည်အောင်လုပ်ခြင်း
အာမခံမထားမိသည့်အတွက် သို့မဟုတ် အာမခံမထားမိသောကုန်ကျစရိတ်များနှင့် အရေးပေါ်လိုအပ်ချက်များရှိနေသည့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် လူတစ်ဦးချင်းနှင့် အိမ်ထောင်စုများ လျှောက်ထားနိုင်သည့် ငွေကြေးအကူအညီနှင့် တိုက်ရိုက်ဝန်ဆောင်မှုများပေးသည့် တစ်ဦးချင်းနှင့် အိမ်ထောင်စုအစီအစဉ် (IHP) ကို လေ့လာပါ။
လူအစုလိုက်ကူညီစောင့်ရှောက်မှု၊ အကျပ်အတည်းဆိုင်ရာ ဆွေးနွေးနှစ်သိမ့်အကြံဉာဏ်ပေးခြင်း၊အကူအညီဆိုင်ရာပြသာနာများနှင့်ပတ်သက်ပြီးစီမံခန့်ခွဲမှု ၊ ဥပဒေရေးရာ ဝန်ဆောင်မှုများနှင့် အလုပ်လက်မဲ့ အကူအညီများ အပါအဝင် FEMA မှ ပံ့ပိုးပေးသော သဘာဝဘေးအန္တရာယ်မှ လွတ်မြောက်လာသူများကို ကူညီပေးရန်ဖန်တီးထားသော အခြားအစီအစဉ်များစွာကို လေ့လာပါ။
ထပ်ဆောင်းရနိုင်သည့်အရင်းအမြစ်များ
FEMA Individual Assistance Program and Policy Guide (IAPPG) အပါအဝင် FEMA ၏ တစ်ဦးချင်းဆိုင်ရာ အကူအညီအစီအစဉ်များ၏ မူဝါဒများ၊ ညွန်ကြားချက်နှင့် အချက်အလက်စာရွက်များအကြောင်းအချက်အလက်များကို ရယူပါ။ (အချို့သောအရင်းအမြစ်များသည် အင်္ဂလိပ်ဘာသာတခုတည်းဖြင့်သာရနိုင်သည်။)
သဘာဝဘေးအန္တရာယ်မှလွတ်မြောက်လာသူများ ရင်ဆိုင်ကြုံတွေ့နေရသော သမိုင်းဝင်အခက်အခဲပြသာနာများကို ဖြေရှင်းရန်အတွက် ကျွန်ုပ်တို့၏ တစ်ဦးချင်းဆိုင်ရာအကူအညီ (IA) အစီအစဉ်များကို ကြီးကြီးမားမားပြောင်းလဲလုပ်ဆောင်ထားမှုများအား ဖတ်ကြည့်ပါ။