အဆက်အသွယ်အမြဲလုပ်ပါ
သင့်လျှောက်လွှာကို ပြန်စစ်ပါ
မည်သူဖြစ်ကြောင်း အထောက်အထား စိစစ်ခြင်း
Proof of Occupancy
အိမ်တွင် လာရောက်စစ်ဆေးခြင်း
စာရွက်စာတမ်းများတင်သွင်းခြင်း
FEMA ထံမှ ဗဟိုအစိုးရအကူအညီသည် အိမ်တစ်လုံးကို ဘေးကင်းလုံခြုံ၊သန့်ရှင်းပြီး နေထိုင်၍အဆင်ပြေစေရန် အခြေခံပြုပြင်တည်ဆောက်မှုများအတွက်သာ ကူညီငွေကိုပေးသည်။သင်၏မှတ်တမ်းတင်ထားသော မရှိမဖြစ်လိုအပ်သည့်နစ်နာဆုံးရှုံးမှုများနှင့် အရေးပေါ်လိုအပ်ချက်များကို FEMA အစီအစဉ်များနှင့် ဝန်ဆောင်မှုများကပေးအပ်သောအကူအညီအမျိူးအစားများနှင့် နှိုင်းယှဉ်ကာ သင်၏အကူအညီကိုရမရ ဆုံးဖြတ်ပေးမည်ဖြစ်ပါသည်။ သင်၏သဘာဝဘေးမှပြန်လည်ထူထောင်လာမှုကို နောက်ထပ်အကူအညီများပေးရန် အတိုးနည်းနည်းပေးရသည့်သဘာဝဘေးအန္တရာယ်ချေးငွေများအတွက် အမေရိကန်အသေးစားစီးပွားရေးလုပ်ငန်းဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့မှ (SBA) သို့ သင့်ကိုညွန်းပေးနိုင်ပါသည်။
အဆက်အသွယ်အမြဲလုပ်ပါ
- သင်ရဲ့လျှောက်လွှာ လျှောက်ထားမှုအခြေအနေသည် စစ်ဆေးစီစစ်မှုများပြုလုပ်ပြီးသည့်အချိန်တွင် အနည်းငယ်ပြောင်းလဲသွားနိုင်ပါသည်။DisasterAssistance.gov.သို့ဝင်ရောက်ကြည့်ရှုပြီး သင့် လျှောက်လွှာ၏နောက်ဆုံးအခြေအနေကိုလည်း စစ်ဆေးနိုင်ပါသည်။
- ၀င်ရောက်ကြည့်ရှုမည်ဆိုပါက၊ သင်၏ FEMA ထံတွင်တင်သွင်းခဲ့သော လျှောက်လွှာများအားလုံးကို တွေ့မြင်ရပါမည်။ထို့နောက် ကိုယ်ကြည့်ရှုလိုသည့် လျှောက်လွှာကို ရွေးချယ်ရမည်ဖြစ်ပါသည်။ ရွှေးပြီးလျှင် အခြေအနေ Status ခလုတ်ကို ရွေးရပါမည်။
- လျှောက်လွှာတင်သည့်အခါ၊ အီးမေးလ်၊ ဖုန်းခေါ်ဆိုနှင့် ဖုန်းမက်ဆေ့ချ် ပေးပို့မူ များအနက် မည်သည့်နည်းနှင့် ပြန်လည်အကြောင်းကြားမှုကိုလက်ခံမလဲဆိုသည်ကို ရွေးချယ်နိုင်ပါသည်။ FEMA ထံမှလည်း နောက်ဆုံးအခြေအနေနှင့်ပတ်သက်ပြီး တရားဝင်အသိပေးချက်များကို ရရှိနိုင်ပါသည်။
- အီးမေးလ်များ noreply-ecorr@dhs.gov or fema-automessaging@fema.intouchconnections.com or fema-automessaging@fema.dhs.gov အီးမေးလ်များထံမှ
- ဖုန်းခေါ်ဆိုမှုများ။ 1-800-621-3362 သို့မဟုတ် 1-866-863-8673 ထံမှ တခါတရံတွင် FEMA သည် သင်၏ဖုန်းမှာ အသံသွင်းမက်ဆေချ်ထားခဲ့ပြီး သင့်ရဲ့လျှောက်လွာနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ပေးပို့ကောင်းပေးပို့နိုင်ပါသည်။
- ဖုန်းမက်ဆေ့ချ်များ 43362 or 91908 နံပတ်များမှ။
ယုံကြည်လောက်အောင်ပြောဆိုပြီးလိမ်လည်မည့် လိမ်လည်မှုများ၊လူလိမ်များကို သတိထားပါ။ လိမ်လည်မှုများကို အမြဲသတိဝရိယထားရှိပြီး အလိမ်မခံရအောင်ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ။ လူကိုယ်တိုင်သို့မဟုတ် အင်တာနက်မှဖြစ်စေ၊ ဖုန်း ၊အီးမေးလ်။စာတိုက်မှဖြစ်စေလူလိမ်များက သင့်ကို ဆက်သွယ်လိမ်လည်ဖို့ ကြိုးစားလာနိုင်သည်။
သံသယဖြစ်ဖွယ်ရှိသည် အီးမေးလ်များ သို့မဟုတ် ဖုန်းခေါ်ဆိုမှုများ သင်လက်ခံရရှိပါက FEMA Helpline 1-800-621-3362 ကို ဆက်သွယ်ပြီး FEMA ဆီကဖုန်းခေါ်ဆိုမှုနှင့်အီးမေးလ်ပေးပို့ခြင်းရှိ မရှိ ကိုစစ်ဆေးနိုင်ပါသည်။
- သင်နှင့်ကိုက်ညီပြီးရရှိနိုင်မည့် အကူအညီပုံစံအမျိုးမျိုး ရှိပါသည်။သင် လျှောက်လွှာကို စစ်ဆေးနေသည့်အချိန်တွင် လျှောက်လွှာ၏ အခြေအနေပြောင်းလဲမှုများကို သင်တွေ့မြင်ရမည်ဖြစ်ပါသည်။တခါတရံတွင် သင့်လျှောက်လွှာကို ဆက်လက်စီစစ်ရန်ရန်လိုအပ်ပါက FEMA သည် သင်ထံမှ အချက်အလက်များပိုမိုလိုအပ်နိုင်သည်။ ပို့ရမည့်စာရွက်စာတမ်းများကို သင့်နာမည်နှင့် လျှောက်လွှာနံပါတ်တပ်ပြီး အောက်ပါနည်းလမ်းဖြင့် ပေးပို့နိုင်ပါသည်။
- အွန်လိုင်းမှတဆင့် DisasterAssistance.gov တွင်စာရွက်စာတမ်းများ တင်ခြင်း
- FEMA, P.O. Box 10055, Hyattsville, MD လိပ်မူ၍ စာပေးပို့ခြင်း။
- ဖတ်စ်နံပါတ် 1-800-827-8112 သို့ ဖက်စ်ပို့ခြင်း။
- အိမ်စစ်ဆေးမှုနှင့် နေထိုင်ရာအစီအစဉ်တို့အတွက်သင်၏လျှောက်ထားမှု သတ်မှတ်အရည်ချင်းနှင့် ပြည့်မီခြင်းရှိ မရှိကို အတည်ပြုနိုင်ရန် နည်းလမ်း အမျိုးမျိုးဖြင့် ကျွန်ုပ်တို့က သင့်ဆီ့ကိုဆက်သွယ်လာနိုင်ပါသည်။
သင့်လျှောက်လွှာ၏အခြေအနေကို “အတည်မပြု” ဟုပြထားပါက အကြောင်းပြချက်များစွာရှိနိုင်ပါသည်။
သင်လျှောက်ထားမှုကိုအတည်မပြုရသည့်အကြောင်းရင်းများကို ရှင်းပြထားသည့် ဆုံးဖြတ်ချက်စာ၏မိတ္တူကို အွန်လိုင်းမှာ စစ်ဆေးဖတ်ကြည့်ပါ။
အများအားဖြင့် ကျွန်ုပ်တို့က သင့်ဆီကနေနောက်ထပ်အထောက်အထား အချက်အလက်ပိုမိုလိုအပ်တာမျိုးဖြစ်နိုင်သည် သို့မဟုတ် သင်ပေးပို့သည့် အချက်အလက်များမှားနေပါက ပြန်လည်ပြင်ဆင်ဖို့လိုအပ်နိုင်ပါသည်
သင့်လျှောက်လွှာကို ပြင်ဆင်ရန် 1-800-621-3362 ကို ဆက်သွယ်နိုင်ပါသည်။ သို့မဟုတ် Disaster Recovery Center (DRC) သို့ လူကိုယ်တိုင်လာရောက်ပြီး ပြင်ဆင်နိုင်ပါသည်။ ထို့အပြင် အွန်လိုင်းမှတဆင့် သင့်လျှောက်လွှာအတွက် စာရွက်စာတမ်းများ တင်သွင်းပေးပို့နိုင်ပါသည်။
FEMA၏သင်၏လျှောက်လွှာအပေါ်ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီးအယူခံလျှောက်လွှာ တင်နိုင်သည်။
DisasterAssistance.gov တွင် သင့်လျှောက်လွှာကို ကြည့်ရှုခြင်း
သင်သည် FEMA သဘာဝကပ်ဘေး ကူညီရေးဗဟို (DAC) ရှိ DisasterAssistance.gov.တွင် အွန်လိုင်းအကောင့် ဖွင့်နိုင်သည်။ သင့်အား သီးသန့် ကိုယ်ရေးအထောက်အထားနံပါတ် (ပင်နံပါတ် PIN) တစ်ခု ပြုလုပ်ရန် တောင်းဆိုပါမည်။ သို့မှသာ သင်၏ ကပ်ဘေးဒဏ်အတွက် အထောက်အပံ့လျှောက်လွှာ အချက်အလက်များသို့ လုံခြုံစွာ ဝင်ရောက်နိုင်ပါမည်။
သင်၏ အွန်လိုင်းအကောင့်အတွင်းတွင် သင်လုပ်နိုင်သည်များမှာ-
- သင်၏ ကပ်ဘေးဒဏ်အတွက် အကူအညီလျှောက်လွှာ အချက်အလက်များကို ပြန်ကြည့်ခြင်း
- သင်၏ ကိုယ်ရေးအချက်အလက်နှင့် လိုအပ်ချက် အချက်အလက်အသစ်များကို ထည့်သွင်းခြင်း
- FEMA က သင့်အား ပို့ထားသည့် စာများနှင့် မက်ဆေ့ဂျ်များကို ကြည့်ခြင်း
- သင်၏ လျှောက်လွှာကို ဆောင်ရွက်နိုင်ရန် FEMA က လိုအပ်သည့် အသေးစိတ် မှတ်တမ်းမှတ်ရာများကြည့်ခြင်း
- မှတ်တမ်းမှတ်ရာများကို သင့်ဖိုင်သို့ ထည့်ခြင်း
- FEMA က သင့်ထံမှရရှိသော အချက်အလက်များကို ပြန်စစ်ခြင်း
သင်၏အကောင့်ကိုဖန်တီးရယူရန် သို့မဟုတ် ဝင်ရောက်ရန် အကူအညီလိုပါက : အကောင့်ဝင်ရန်Login.gov အကူအညီပေးသည့်နေရာ သို့ဝင်ရောက်ကြည့်ပါ။
သတိပြုရန်: အကောင့်ဝင်ရန်Login.gov သည် သင်၏အကူအညီတောင်းခံသည့်လျှောက်လွှာသို့မဟုတိ သင်၏အကောင့်ထဲမှအချက်အလက်များ သို့မဟုတ် သဘာဝဘေးအန္တရာယ်ဆိုင်ရာအကူအညီများသဘာဝဘေးအန္တရာယ်အကူအညီ(DisasterAssistance.gov)မှနည်းပညာပိုင်းဆိုင်ရာ မေးခွန်းများကို မဖြေပေးနိုင်ပါ။
မည်သူမည်ဝါဖြစ်ကြောင်း စိစစ်ခြင်း
အကယ်၍ FEMA သည် သင့်လျှောက်လွှာကို ဆောင်ရွက်နေစဉ် သင်မည်သူဖြစ်ကြောင်း မစိစစ်နိုင်ပါက သင်က ထပ်ဆောင်းအချက်အလက်များ ပို့ပေးရဖွယ်ရှိသည်။
မည်သူမည်ဝါဖြစ်ကြောင်း စိစစ်ရန်အတွက် ထပ်ဆောင်း အချက်အလက်မှတ်တမ်းများ
သင်မည်သူဖြစ်ကြောင်း စိစစ်ရန် မှတ်တမ်းမှတ်ရာများ*
- လူမှုဖူလုံရေးရုံး သို့မဟုတ် အခြား ဖယ်ဒရယ်အဖွဲ့အစည်းမှ သင်၏ လူမှုဖူလုံရေးနံပါတ် (SSN) အပြည့် သို့မဟုတ် နောက်ဆုံး လေးလုံးပါဝင်သည့် မှတ်တမ်းအချက်အလက်
- အကယ်၍ ဖယ်ဒရယ် သို့မဟုတ် ပြည်နယ်မှထုတ်ပေးသည့် မှတ်ပုံတင်ကတ်နှင့် ပူးတွဲပေးပို့မည်ဆိုပါက လူမှုဖူလုံရေးကတ်
- SSN နံပါတ် အပြည့် သို့မဟုတ် နောက်ဆုံး လေးလုံးပါသည့် အလုပ်ရှင်၏ လစာပေး မှတ်တမ်း
- စစ်တပ်၏ အထောက်အထား
- လက်မထပ်မီက အမည်ပါရှိသော လက်ထပ်လိုင်စင်
- အမေရိကန် နိုင်ငံကူးလက်မှတ်
* FEMA သည် အခြေအနေတစ်ခုချင်းအလိုက် ယူအက်စ်ပိုင်နက်နယ်မြေတွင် နေထိုင်သည့် လျှောက်ထားသူများအား စိစစ်ရန် မဲပေးရန် မှတ်ပုံတင်ကတ်ကဲ့သို့သော သီးခြား အထောက်အထား မှတ်တမ်းများကို ခွင့်ပြုနိုင်သည်။
အကယ်၍ သင်သည် သင့်အိမ်သားဖြစ်သူ ယူအက်စ် နိုင်ငံသား အသက်မပြည့်သေးသူ (ကလေး) ကိုယ်စား အကူအညီ လျှောက်ထားပါက အောက်ပါတို့ကို FEMA ထံ ပေးပို့ရမည်-
ကလေးအမည်ပါရှိပါက ဘယ်ဖက်ရှိမှတ်တမ်းများထဲမှ တစ်ခုခု သို့မဟုတ်
ကလေး၏ မွေးစာရင်း နှင့် ကလေး၏ လူမှုဖူလုံရေးကတ်မိတ္တူ သို့မဟုတ် လူမှုဖူလုံရေးရုံးမှ မှတ်တမ်းမှတ်ရာ သို့မဟုတ် ကလေး၏ SSN နံပါတ်အပြည့် သို့မဟုတ် နောက်ဆုံး လေးလုံးပါသည့် အခြား ဖယ်ဒရယ်အစိုးရအဖွဲ့မှ မှတ်တမ်းမှတ်ရာ။
အိမ်ပိုင်ဆိုင်မှု/နေထိုင်မှုကို အတည်ပြုဖော်ထုတ်ခြင်း
လျှောက်ထားသူ၏အိမ်မှာနေထိုင်မှုကိုအတည်ပြုရန်နှင့်အချို့သောအိမ်ရာအကူအညီအမျိုးအစားများကိုလျှောက်ထားလျှင် ဥပဒေကြောင်းအရ အိမ်ပိုင်ဆိုင်ခွင့်ကိုဖော်ထုတ်အတည်ပြုပေးဖို့ FEMA ကလိုအပ်ပါသည်။
အတည်ပြုပြီးသောစာရွက်စာတမ်းများကိုကြည့်ရှုခြင်း
အိမ်စစ်ဆေးမှုရယူခြင်း
FEMA အကူအညီကိုသင် လျှောက်ထားပြီးနောက်၊ သဘာဝဘေးကြောင့် ထိခိုက်ဖျက်စီးခဲ့သောသင့်အိမ်နှင့် ပိုင်ဆိုင်မှုများကို လာရောက်စစ်ဆေးရန် လိုအပ်ခြင်းရှိ၊ မရှိ ဆုံးဖြတ်ဖို့ သင်၏အကူအညီတောင်းခံမှုကို စီစစ်သုံးသပ်ခြင်းခံရမည်။
ယခုအခါ FEMA ၏အိမ်စစ်ဆေးမှုများကို လူကိုယ်တိုင်လာရောက်ပြုလုပ်လျက်ရှိသည်။ သဘာဝဘေးအန္တရာယ်မှ လွတ်မြောက်လာသူများ၏ကျန်းမာရေးနှင့် ဘေးကင်းရေးသည် FEMA ၏ ဦးစားပေးဖြစ်နေသောကြောင့် အေဂျင်စီသည် COVID-19 ရောဂါကူးစက်နိုင်မှုအခြေအနေများကို သဘာဝဘေးမှလွတ်မြောက်လာသူများအနေဖြင့်ကြောက်ရွံစိုးရိမ်မှုများရှိပါက အိမ်ထဲသို့မဝင်ဘဲ အိမ်အပြင်ဘက်ကနေအိမ်စစ်ဆေးခြင်းကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
အိမ်စစ်ဆေးမှုနှင့်ပတ်သက်ပြီးပိုမိုလေ့လာရန်
စာရွက်စာတမ်းများတင်သွင်းခြင်း
စာရွက်စာတမ်းများတင်သွင်းရန်နှင့်သင်၏လျှောက်လွှာအခြေအနေကိုကြည့်မှုစစ်ဆေးရန်သဘာဝဘေးအန္တရာယ်အကူအညီ(DisasterAssistance.gov) ကိုဝင်ရောက်ကြည့်ရှုနိင်သည်။
အွန်လိုင်းစနစ်တခုတည်းဖြင့်သဘာဝဘေးအန္တရာယ်မှ လွတ်မြောက်လာသူများ၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ဖို့ မလုံလောက်သည်ကို သိရှိသည့်အတွက်သူတို့အကူအညီလျှောက်ထားရန်၊မေးခွန်းများမေးရန်၊သူတို့၏စာရွက်စာတမ်းများကိုသူတို့၏ဖိုင်များအတွင်းသို့စကန်ဖတ်ပြီးထည့်သိမ်းထားရန်နှင့် သူတို့ဆီပြန်ပေးရန်အတွက်စာရွက်စာတမ်းများသွားပေးရမည့်စင်တာများ (Documentation Drop-off Centers) ကိုလည်းFEMA ကတည်ထောင်ထားပါသည်။
သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေးနှင့် စာရွက်စာတမ်းများ သွားပေးရမည့်စင်တာကိုရှာရန်