This page has not been translated into Burmese. Visit the Burmese page for resources in that language.
Fact Sheets
လတ်တလော ဗာမွန့်တွင် ဖြစ်ပွားခဲ့သည့် မုန်တိုင်းကြောင့် ရေကြီးရေလျှံပြီး ပျက်စီးမှု ကြီးမားခဲ့ပါသည်။ သင့်အိမ်နှင့် လုပ်ငန်းကို နိုင်ငံတော် ရေဘေးအာမခံ အစီအစဉ်ဖြင့် အာမခံထားခြင်းဖြင့် သင့်အား လာမည့် ရေဘေးမှ ပြန်လည်ထူထောင်ရာတွင် ကူညီပေးနိုင်ပါသည်။
ဇူလိုင်လတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သောမုန်တိုင်း၊ ရေကြီးရေလျှံမှု၊ မြေပြိုမှုနှင့် ကမ်းပြိုမှုများကြောင့် ကလေဒိုးနီးယား၊ ချီတန်ဒန်၊ လာမိုးလီး၊ အောရိန်း၊ အော်လင်းစ်၊ ရုလန်၊ ဝါရှင်တန်၊ ဝင်ဟမ်နှင့် ဝင်ဆာတို့၌ ကပ်ဘေးဒဏ်သင့်သူများအတွက် အကူအညီအတွက် အကျုံးဝင်မှုဆိုင်ရာ ဆုံးဖြတ်ချက်စာကို စာတိုက် သို့မဟုတ် အီးမေးလ်မှ ရရှိပါမည်။
ကပ်ဘေးအကူအညီဖြစ်စဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် FEMA သည် ပျက်စီးသော မူလနေအိမ်အား ပိုင်ဆိုင်မှုနှင့် နေထိုင်မှုတို့ကို စိစစ်ရန် လိုပါသည်။ ဇူလိုင်လတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သောမုန်တိုင်း၊ ရေကြီးရေလျှံမှု၊ မြေပြိုမှုနှင့် ကမ်းပြိုမှုများကြောင့် ကလေဒိုးနီးယား၊ ချီတန်ဒန်၊ လာမိုးလီး၊ အောရိန်း၊ အော်လင်းစ်၊ ရုလန်၊ ဝါရှင်တန်၊ ဝင်ဟမ်နှင့် ဝင်ဆာတို့၌ ကပ်ဘေးဒဏ်သင့်သူများအတွက် ၎င်းတို့၏ အိမ်ပိုင်ဆိုင်မှုနှင့်နေထိုင်မှုကို စိစစ်ရာတွင် လွယ်ကူ ချောမောစေရန် စီစဉ်ထားပါသည်။
FEMA အကူအညီလျှောက်ထားပြီးသည်နှင့် သင်သည် အာမခံလျော်ကြေးအတွက် မလျှောက်ရသေးလျှင် လျှောက်ထားလိုက်ပါ။ FEMA က သင့်အား အချက်အလက်များ စိစစ်ရန်နှင့် အိမ်တွင် လာရောက်စစ်ဆေးရန်အတွက် သင့်အားဆက်သွယ်နိုင်ပြီး ယူအက်စ် အသေးစားလုပ်ငန်း စီမံအုပ်ချုပ်ရေးဌာန သို့ သင့်အား ညွှန်းပေးနိုင်သည်။ FEMA က သင့်လျှောက်လွှာကို ဆောင်ရွက်ပါက သင်သည် ဆုံးဖြတ်ချက်စာကို လက်ခံရရှိမည်ဖြစ်ပြီး သင်သဘောမတူပါက အယူခံ ဝင်နိုင်သည်။
ကပ်ဘေးအကူအညီလျှောက်ထားချိန်တွင် သင့်အတွက် အကျုံးဝင်သည့် အကူအညီကို ရရှိကြောင်း သေချာစေရန် အတွက် FEMA က သင်၏အထောက်အထားကို စိစစ်ရပါသည်။ အကယ်၍ အများပြည်သူ ရနိုင်သည့် မှတ်တမ်းမှတ်ရာများမှတစ်ဆင့် FEMA က သင့်အထောက်အထားကို မစိစစ်နိုင်ပါက ထပ်ဆောင်း မှတ်တမ်းမှတ်ရာများ ပေးပို့ရန် သင့်အား တောင်းဆိုနိုင်ပါသည်။
FEMA သည် ကပ်ဘေးဒဏ်သင့်သူများအား မကြာခဏပင် ယူအက်စ် အသေးစားလုပ်ငန်းစီမံအုပ်ချုပ်မှုဌာန (SBA) သို့ ညွှန်ပြလွှဲပြောင်းပေးလေ့ရှိရာတွင် အတိုးနှုန်းနိမ့် ချေးငွေများ လျှောက်ထားနိုင်ရန် ဖြစ်သည်။ ကပ်ဘေးချေးငွေသည် ဖယ်ဒရယ်အကူအညီတွင် အရေးပါသည့် အစိတ်အပိုင်းဖြစ်ပြီး အိမ်ပိုင်ရှင်များ၊ အိမ်ငှားများ၊ အရွယ်အမျိုးမျိုးရှိသည့် လုပ်ငန်းများနှင့် အချို့ ပရဟိတအဖွဲ့အစည်းများအား ပြန်လည်ထူထောင်နိုင်ရန် ကူညီနိုင်ပါသည်။
၂၀၂၃ ခုနှစ် ဇူလိုင်လ ၇ ရက်နှင့် နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သောမုန်တိုင်း၊ ရေကြီးရေလျှံမှု၊ မြေပြိုမှုနှင့် ကမ်းပြိုမှုများကြောင့် ကလေဒိုးနီးယား၊ ချီတန်ဒန်၊ လာမိုးလီး၊ အောရိန်း၊ အော်လင်းစ်၊ ရုလန်၊ ဝါရှင်တန်၊ ဝင်ဟမ်နှင့် ဝင်ဆာတို့၌ ဘေးဒဏ်ကြောင့် ပျက်စီးသွားသူ ဗာမွန့်ရှိ အိမ်ပိုင်ရှင်များနှင့် အိမ်ငှားများအတွက် အကူအညီသည် ပုဂ္ဂလိကပိုင်ပစ္စည်းများ ဆုံးရှုံးရမှုနှင့် အခြားကုန်ကျစရိတ်များအတွက် FEMA ထောက်ပံ့ကြေးရရှိရန် အကျုံးဝင်နိုင်ပါသည်။
FEMA ထံမှ ကပ်ဘေးအကူအညီအတွက် မှတ်ပုံတင်ခြင်းသည် အခြား အစိုးရအကျိုးခံစားခွင့်များ အတွက် အကျုံးဝင်မှုအပေါ် သက်ရောက်မှု မရှိပါ။
ကပ်ဘေးဆိုင်ရာ သမ္မတ၏ ကြေညာချက်ပြီး နောက်ပိုင်းတွင် FEMA က အကူအညီ နှစ်မျိုးကို ပေးနေပါသည် - တစ်ဦးချင်းအကူအညီနှင့် အစိုးရအကူအညီ ဖြစ်ပါသည်။ ယင်းအစီအစဉ်နှစ်ခုကို တသီးတခြား ရန်ပုံငွေခွဲခြားထားပြီး တစ်သီးပုဂ္ဂလနှင့် လူမှုအသိုင်းအဝိုင်းတို့ကို မတူကွဲပြားစွာ အကျိုးပြုနိုင်ရန် ရည်ရွယ်ပါသည်။
ဖယ်ဒရယ်ရန်ပုံငွေများသည် ဇူလိုင်လတွင် ကောင်တီ ကိုးခုဖြစ်သော ကလေဒိုးနီးယား၊ ချီတန်ဒန်၊ လာမိုးလီး၊ အောရိန်း၊ အော်လင်းစ်၊ ရုလန်၊ ဝါရှင်တန်၊ ဝင်ဟမ်နှင့် ဝင်ဆာတို့၌ ဖြစ်ပွားခဲ့သည့် ပြင်းထန်သောမုန်တိုင်း၊ ရေကြီးရေလျှံမှု၊ မြေပြိုမှုနှင့် ကမ်းပြိုမှုများကြောင့် မိမိတို့၏ အိမ် သို့မဟုတ် ပိုင်ဆိုင်မှုများ ဘေးဒဏ်ကြောင့် ပျက်စီးသွားသူ တစ်ဦးချင်းအား ကူညီနိုင်ရန် ဖြစ်ပါသည်။ FEMA သည် လူမှုအသိုင်းအဝိုင်းအတွင်းတွင် ရှိနေပြီး ဘေးဒဏ်သင့်သူများအား နည်းအမျိုမျိုးဖြင့် အကူအညီလျှောက်ထားရန်နှင့် FEMA ကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းနေပါသည်။