FEMA နှင့် ပြည်နယ်၊ ပိုင်နက်နယ်မြေ၊ သို့မဟုတ် မူလဌာနေအစိုးရတို့က အမေရိကန် နိုင်ငံသားများ၊ နိုင်ငံသားမဟုတ်သူများနှင့် သတ်မှတ်ချက်ပြည့်မီသော နိုင်ငံသားမဟုတ်သူများအား တိုက်ရိုက်နှင့် ငွေကြေးဆိုင်ရာ ကပ်ဘေးအကူအညီ ပေးနိုင်ပါမည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကူအညီတွင် ယာယီအိမ်ငှားခ၊ အိမ်ပြုပြင်မှု၊ ပုဂ္ဂိုလ်ရေးပစ္စည်းများ ပျက်စီးဆုံးရှုံးမှု၊ ဆေးဝါးဆိုင်ရာ ဆုံးရှုံးမှု၊ အသုဘကုန်ကျစရိတ်များနှင့် အခြား ကပ်ဘေးဆိုင်ရာ အရေးတကြီးလိုအပ်ချက်များ သို့မဟုတ် အာမခံ သို့မဟုတ် အခြားနည်းလမ်းတစ်ခုခုတွင် ဘောင်မဝင်သည့် ကုန်ကျစရိတ်များအတွက် ငွေကြေး အကူအညီ ပါဝင်ပါသည်။
ရနိုင်ပါက ခိုလုံရန်နေရာ၊ အစားအစာ၊ ရေ၊ ပြဿနာအတွက် နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ ကပ်ဘေးစီမံခန့်ခွဲမှု၊ ကပ်ဘေးကာလ အပိုဆောင်း အဟာရပံ့ပိုးရေး အစီအစဉ်၊ ကပ်ဘေးကာလ ဥပဒေရေးရာ ဝန်ဆောင်မှုတို့ကိုလည်း ကပ်ဘေးဒဏ် ခံရသူများအား ၎င်းတို့၏ နိုင်ငံသားဖြစ်မှုနှင့် လူဝင်မှု အခြေအနေမည်သို့ပင်ရှိစေကာမူ အကူအညီ ရရှိနိုင်သည်။
FEMA သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကူအညီအတွက် သတ်မှတ်ချက်ပြည့်မီခြင်း- နိုင်ငံသားဖြစ်မှုနှင့် လူဝင်မှုဆိုင်ရာ အခြေအနေအတွက် လိုအပ်ချက်များ လက်ကမ်းစာစောင် ကို ဘာသာပေါင်းစုံဖြင့်ရရှိနိုင်ပြီး ထုတ်ယူနိုင်သည်။
အဓိပ္ပာယ်ဖွင့်ဆိုချက်များ
အမေရိကန် နိုင်ငံသား
အမေရိကန်နိုင်ငံတွင် မွေးဖွားသူ မည်သူမဆို၊ အနည်းဆုံး အမေရိကန်နိုင်ငံသား မိဘတစ်ဦးမှ ယူအက်စ်ပြင်ပတွင် မွေးဖွားသူ၊ နိုင်ငံသားအဖြစ် ခံယူထားသူ။
နိုင်ငံသားမဟုတ်သော အခြေချနေထိုင်သူ
အမေရိကန်ပိုင်ဆိုင်သည့် ပြင်ပနယ်မြေတွင် မွေးဖွားသူ (ဥပမာ- အမေရိကန် ဆာမိုအား သို့မဟုတ် ဆွာအင်ကျွန်း) သို့မဟုတ် အမေရိကန်နိုင်ငံက ပိုင်ဆိုင်ပြီးနောက်ပိုင်း မွေးဖွားသူ သို့မဟုတ် အမေရိကန်နိုင်ငံသားမဟုတ်သည့် အခြေချနေထိုင်သူမိဘမှ မွေးဖွားသူ။ အမေရိကန်နိုင်ငံသားအားလုံးသည် အမေရိကန်တွင် အခြေချသူများဖြစ်သော်လည်း အမေရိကန်နိုင်ငံတွင် နေထိုင်သူအားလုံးသည် အမေရိကန်နိုင်ငံသားများ မဟုတ်ကြပါ။
သတ်မှတ်ချက်ပြည့်မီသည့် နိုင်ငံသားမဟုတ်သူတွင် ပါဝင်ကြသူများ-
- တရားဝင် အမြဲတန်းနေထိုင်သူများအားလုံး (“အစိမ်းရောက်ကတ်”ကိုင်ဆောင်သူ)
- နိုင်ငံသားမဟုတ်သော ခိုလုံခွင့်ရသူများ
- ဒုက္ခသည်များ
- နေရပ်ပြန်ပို့ရမည့် အခြေအနေကို အနည်းဆုံး တစ်နှစ်ဆိုင်းငံ့ထားသည့် နိုင်ငံသားမဟုတ်သူများ
- လူသားချင်းစာနာထောက်ထားမှု အကြောင်းရင်း သို့မဟုတ် ထူးခြားသည့် လူအများအကျိုးစီးပွားအတွက် အနည်းဆုံး တစ်နှစ် အမေရိကန်နိုင်ငံတွင် နေခွင့်ရသည့် နိုင်ငံသား မဟုတ်သူများ
- ကျူးဘား/ဟေတီမှ လာရောက်သူများ
- သတ်မှတ်ချက်အချို့အရ အကြမ်းဖက်ခံရသည့် နိုင်ငံသားမဟုတ်သူ သို့မဟုတ် ၎င်းတို့၏ အိမ်ထောင်ဖက် သို့မဟုတ် ကလေးများ
- “T” သို့မဟုတ် “U” ဗီဇာရှိသူများ အပါအဝင် သတ်မှတ်ချက်အရ ဆိုးရွားစွာ လူကုန်ကူးခံရသူများ
အကယ်၍ လျှောက်ထားသူတစ်ဦးသည် လျှောက်ထားချိန်တွင် သတ်မှတ်ထားသည့် နိုင်ငံသားဖြစ်မှု သို့မဟုတ် လူဝင်မှုအခြေအနေနှင့် မကိုက်ညီလျှင် သူ၏ မိသားစုဝင်များက အောက်ပါ အချက်များနှင့် ကိုက်ညီပါက ဖယ်ဒရယ်အကူအညီ အမျိုးအစားအချို့ကို လျှောက်ထားနိုင်သေးသည်-
အရွယ်မရောက်သေးသူ အမေရိကန်နိုင်ငံသား၏ မိဘ သို့မဟုတ် တရားဝင် အုပ်ထိန်းသူ၊ အရွယ်မရောက်သေးသူကိုယ်စား အကူအညီလျှောက်ထားသည့် နိုင်ငံသားမဟုတ်သည့် အခြေချနေထိုင်သူ သို့မဟုတ် သတ်မှတ်ချက်ပြည့်မီသည့် နိုင်ငံသား မဟုတ်သူသည် တစ်အိမ်တည်းတွင် အတူနေသရွေ့ လျှောက်ထားနိုင်သည်။ သဘာဝကပ်ဘေးဆိုက်ရောက်ချိန်တွင် ယင်းကလေးသည် အသက် ၁၈ နှစ်အောက် ဖြစ်ရမည်ဖြစ်ပြီး မိဘ သို့မဟုတ် တရားဝင် အုပ်ထိန်းသူသည် ပူးတွဲလျှောက်ထားသူအဖြစ် တင်သွင်းရမည်။
လူတိုင်းသည် နိုင်ငံသားဖြစ်မှုနှင့် လူဝင်မှုအခြေအနေများ မည်သို့ပင်ရှိစေကာမူ ကြီးမားသည့် ကပ်ဘေးနှင့် ကြုံတွေ့ရပါက ကပ်ဘေးဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှု၊ ကပ်ဘေးဆိုင်ရာ ဥပဒေဝန်ဆောင်မှု၊ ကပ်ဘေးဆိုင်ရာ အမှုစီမံခန့်ခွဲမှု၊ ကပ်ဘေးဆိုင်ရာ ထပ်ဆောင်းအာဟာရ အကူအညီအစီအစဉ်နှင့် အခြား ငွေကြေးမဟုတ်သော အကူအညီများကို အရေးပေါ်ဘေးအန္တရာယ်ကူညီရေးအစီအစဉ်မျိုးကို ရရှိနိုင်သည်။ ၎င်းတွင် ကျန်းမာရေးစောင့်ရှောက်မှု၊ ခိုလုံရာနေရာ၊ အစားအစာနှင့် ရေတို့ ပါဝင်သည်။
အကူအညီအတွက် ရင်းမြစ်များ
လူပုဂ္ဂိုလ်များသည် FEMA ကပ်ဘေးဆိုင်ရာ အကူအညီအတွင် လိုအပ်သည့် လူဝင်မှုအခြေအနေနှင့် အကျုံးဝင်မှု ရှိမရှိ သိရှိနိုင်ရန် လူဝင်မှုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးနှင့် တိုင်ပင်သင့်ပါသည်။
ထို့အပြင် စေတနာ့ဝန်ထမ်း အေဂျင်စီများကလည်း နိုင်ငံသား သို့မဟုတ် လူဝင်မှုအခြေအနေမည်သို့ပင်ဖြစ်စေအကူအညီများ ပေးနေပါသည်။
လူတိုင်းသည် နိုင်ငံသားဖြစ်မှုနှင့် လူဝင်မှုအခြေအနေများ မည်သို့ပင်ရှိစေကာမူ ကြီးမားသည့် ကပ်ဘေးနှင့် ကြုံတွေ့ရပါက ကပ်ဘေးဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှု၊ ကပ်ဘေးဆိုင်ရာ ဥပဒေဝန်ဆောင်မှု၊ ကပ်ဘေးဆိုင်ရာ အမှုစီမံခန့်ခွဲမှု၊ ကပ်ဘေးဆိုင်ရာ ထပ်ဆောင်းအာဟာရ အကူအညီအစီအစဉ်နှင့် အခြား ငွေကြေးမဟုတ်သော အကူအညီများကို အရေးပေါ်ဘေးအန္တရာယ်ကူညီရေးအစီအစဉ်မျိုးကို ရရှိနိုင်သည်။ ၎င်းတွင် ကျန်းမာရေးစောင့်ရှောက်မှု၊ ခိုလုံရာနေရာ၊ အစားအစားနှင့် ရေတို့ ပါဝင်သည်။
ပိုမိုသိရှိနိုင်ရန် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ စာမျက်နှာ သို့ သွားပါ။