သဘာဝကပ်ဘေးဆိုးကြီးအဖြစ် သမ္မတက ကြေညာထားသည့် ကပ်ဘေးကြောင့် မိမိတို့၏ နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့် တစ်ဦးချင်းနှင့် မိသားစုများအား FEMA က ထောက်ပံ့ကူညီသည်။ ကပ်ဘေးကြောင့် ဖြစ်ပေါ်သည့် ကလေးထိန်း လိုအပ်ချက်၊ ကပ်ဘေးဆိုင်ရာ ကျန်းမာရေးကုန်ကျစရိတ် သို့မဟုတ် လိုအပ်သည့် သန့်ရှင်းရေးအတွက် ပစ္စည်းများကဲ့သို့ အခြား လိုအပ်သည့် အကူအညီများကိုလည်း ပေးနိုင်ပါသည်။
ကပ်ဘေးကြောင့် ထိခိုက်သည့် အသေးစားလုပ်ငန်းများအတွက် အကူအညီကိုမူ FEMA က မပေးပါ။ ကျွန်ုပ်တို့၏ ပါတနာဖြစ်သည့် အသေးစားလုပ်ငန်းစီမံအုပ်ချုပ်ရေး (SBA) က ထိခိုက်ခံရသည့် လုပ်ငန်းငယ်များအတွက် အတိုးနှုန်းနိမ့် ချေးငွေကို ကမ်းလှမ်းပါသည်။ ထို့အပြင် သင်၏ မူရင်းနေထိုင်သည့်အိမ်အတွက်သာ အကူအညီကမ်းလှမ်းပြီး ဒုတိယအိမ်အတွက် အကူအညီကို ကျွန်ုပ်တို့ မပေးပါ။
FEMA အကူအညီမှာ ဘာတွေအကျုံးဝင်သလဲ
အိမ်ထောင်စု
အခြားလိုအပ်သည့် အကူအညီ
FEMA သည် အိမ်ရှင်နှင့် အိမ်ငှားများအတွက် အာမခံထားရှိမှုတွင် အကျုံးမဝင်သော အရာများအတွက် အကူအညီပေးနိုင်သည်။
သင်သည် တူညီသော ပျက်စီးမှုတစ်ခုအတွက် အာမခံကုမ္ပဏီနှင့် FEMA နှစ်ရပ်စလုံးထံမှာ အကူအညီ ယူ၍ မရပါ။ ယင်းသို့ ပြုလုပ်ပါက အကျိုးအမြတ် ရရှိမှု ထပ်နေပြီး ၎င်းသည် တရားမဝင်သည့် အာမခံလိမ်လည်မှုဖြစ်သည်။
DisasterAssistance.gov တွင် FEMA အကူအညီကို လျှောက်ထားခြင်း

အိမ်ထောင်စု
အောက်ပါ အကူအညီအမျိုးအစားများကို FEMA ၏ တစ်ဦးချင်းနှင့် အိမ်ထောင်စုများ အစီအစဉ်က ပံ့ပိုးပေးနိုင်သည်။
- ယာယီအိမ်ရာ အကူအညီ- သင်၏အိမ်သည် ကပ်ဘေးဒဏ်ကြောင့် နေထိုင်၍ မရတော့ဘဲ သင့် အာမခံတွင် ယာယီအိမ်ရာအတွက် ထည့်သွင်းမထားပါက အိမ်ရှင် သို့မဟုတ် အိမ်ငှားများယာယီငှားရမ်းနေထိုင်နိုင်ရန် ငွေကြေး အကူအညီပေးနိုင်သည်။ ငှားရမ်းရန် အဆောက်အအုံ မရနိုင်ပါက နောက်ဆုံးအနေဖြင့် ယင်းဒေသရှိ အစိုးရအိမ်ရာရှိ အိမ်ခန်းများဖြင့် ပံ့ပိုးနိုင်သည်။
- တည်းခိုခ ကုန်ကျစရိတ် ပြန်ပေးခြင်း- အိမ်ရှင် သို့မဟုတ် အိမ်ငှားများက မိမိတို့ အိမ်တွင် နေထိုင်၍ မရခြင်း သို့မဟုတ် မီးရေစသည်တို့ မရရှိခြင်းတို့ကြောင့် တည်းခိုခန်းများတွင် အချိန်တိုနေထိုင်ရပြီး ယင်းစရိတ်အတွက် အာမခံ သို့မဟုတ် အခြားအစီအစဉ်များတွင် အကျုံးမဝင်လျှင် တည်းခိုခငွေကို ပြန်ပေးသည်။
- အိမ်ပြုပြင်ခြင်း- ကပ်ဘေးဒဏ်ကြောင့် ပျက်စီးသွားသည့် အိမ်ပိုင်ရှင်၏ မူရင်းနေထိုင်သည့် အိမ်ကို လုံခြုံဘေးကင်းပြီး သန့်ရှင်းစွာ နေထိုင်နိုင်သည့် အခြေအနေရောက်အောင် ပြင်ဆင်ရပြီး ယင်းပြင်ဆင်စရိတ်ကို အာမခံတွင် အကျုံးမဝင်ပါက ငွေကြေးအကူအညီ ပေးပါသည်။ ဤအကူအညီတွင် ခေါင်မိုး၊ မီးပြင်းဖို၊ ရေနွေးစက် သို့မဟုတ် ပင်မ လျှပ်စစ်ပန်နယ်လျှော့ချနိုင်ရေး စသည့် အန္တရာယ်လျော့ကျမှုများအတွက် ငွေကြေးအကူအညီများ ပါဝင်ပြီး ယင်းပစ္စည်းများ ကပ်ဘေးအတွင်း ပျက်စီးခဲ့ပါက အနာဂတ် ကပ်ဘေးပေါ်ပေါက်ချိန်တွင် အပျက်အစီး လျှော့ချနိုင်ရေးအတွက် ရည်ရွယ်သည်။
- တစ်ဦးချင်းနှင့် အိမ်ထောင်စုများ အစီအစဉ်အောက်ရှိ အန္တရာယ်လျှော့ချရေးဆိုင်ရာ အချက်အလက်စာမျက်နှာ ကို ကြည့်ပါ။
- အိမ်အစားထိုးခြင်း- ကပ်ဘေးအတွင်း ပျက်စီးဆုံးရှုံးသွားသောအိမ်ကို အာမခံတွင် အကျုံးမဝင်ပါက ယင်း အိမ်ပိုင်ရှင်များ၏ အိမ်ကို အစားထိုးနိုင်ရန် ငွေကြေးအကူအညီ ရနိုင်သည်။
- အိမ်ရာအသစ် ဆောက်လုပ်ခြင်း- အိမ်ဆောက်ခြင်း သို့မဟုတ် အိမ်ပြင်ခြင်းတို့အတွက် တိုက်ရိုက် သို့မဟုတ် ငွေကြေးအကူအညီ ပေးနိုင်သည်။ ဤအကူအညီအမျိုးအစားကို အခြားအိမ်ရာ အမျိုးအစားကူညီမှု မဖြစ်နိုင်သော အခြေအနေမျိုး၌သာလျှင် ပေးပါသည်။
အခြားလိုအပ်သည့် အကူအညီ
ငွေကြေး အကူအညီကို ကပ်ဘေးကြောင့် တိုက်ရိုက် ထိခိုက်ပြီးအရေးတကြီး လိုအပ်လျှင် ရရှိနိုင်ရာ အောက်ပါတို့ ပါဝင်သည်-
- ကလေးထိန်း ကုန်ကျစရိတ်
- ဆေးကုသမှုနှင့် သွားဘက်ဆိုင်ရာ ကုန်ကျစရိတ်
- FEMA သည် မိခင်နို့တိုက်ခြင်းအတွက် ပံ့ပိုးမှုပေးနိုင်ပြီး ကျန်းမာရေးနှင့် သွားဘက်ဆိုင်ရာအတွက် အထောက်အကူပစ္စည်းများဖြင့် ကူညီနိုင်ရာတွင် အထောက်အထားစာရွက်စာတန်း ရှိရမည် (ကပ်ဘေးမတိုင်မီက ကျန်းမာရေးစောင့်ရှောက်မှုပေးသူ ရေးသားလက်မှတ်ထိုးထားသော ကျန်းမာရေးအထောက်အကူပစ္စည်း လိုအပ်ချက်စာ)။
- အသုဘနှင့် မြေမြှုပ်သင်္ဂြိုလ်စရိတ်
- မရှိမဖြစ်လိုအပ်သည့် အိမ်သုံးပစ္စည်းများ ပျက်စီးခြင်း (ပရိဘောဂ၊ စက်ပစ္စည်းကိရိယာများ)၊ အဝတ်အစား၊ သင့်အလုပ်အတွက် လိုအပ်သည့် စက်နှင့် ကိရိယာများ (အထူး သို့မဟုတ် အကာအကွယ်အဝတ်အစားနှင့် စက်ကိရိယာများ)၊ ပညာရေးဆိုင်ရာ လိုအပ်သည့် ပစ္စည်းများ (ကွန်ပျူတာ၊ ကျောင်းစာအုပ်၊ ကျောင်းသုံးပစ္စည်းများ)
- အိမ်ကို အဓိကအားဖြင့် အပူပေးသည့် ဆီ (အပူပေးဆီ၊ ဂက်စ်)
- သန့်ရှင်းရေးပစ္စည်းများ (အစို/အခြောက်စုတ်စက်၊ စိုထိုင်းမှုလျှော့စက်)
- မရှိမဖြစ် လိုအပ်သည့် ယာဉ်ပျက်စီးခြင်း
- ကပ်ဘေးကြောင့် ပြောင်းရွှေ့ခြင်းနှင့် သိုလှောင်ခြင်းအတွက် ကုန်ကျစရိတ်များ။ ၎င်းသည် အိမ်ပြုပြင်နေသောကြောင့် မရှိမဖြစ် အိမ်သုံးပစ္စည်းများကို ဆက်လက် မပျက်စီးရန် သိုလှောင်ရခြင်း၊ ပြောင်းရွှေ့ရခြင်းနှင့် ပြီးစီးချိန်တွင် လျှောက်ထားသူ၏ မူရင်းအိမ်သို့ ပြန်လာခြင်းတို့အတွက် ကုန်ကျစရိတ်များ ပါဝင်သည်။
- အခြား လိုအပ်သည့် ကုန်ကျစရိတ် သို့မဟုတ် အရေးပေါ် လိုအပ်ချက်များကို FEMA က လိုသလို ဆုံးဖြတ်သည်။
အခြား လိုအပ်သည့် အကူအညီများ အကြောင်း ထပ်ဆောင်းအချက်အလက်များအတွက် တစ်ဦးချင်း အကူအညီအစီအစဉ်နှင့် မူဝါဒဆိုင်ရာ လမ်းညွှန် (IAPPG) အပိုင်း ၆၊ အခန်း ၃ တွင် ကြည့်ပါ။
အထူးလိုအပ်ချက် အကူအညီ
အကယ်၍ အထူးလိုအပ်ချက် အကူအညီ (CNA) ကို တောင်းဆိုထားပြီး ၎င်းသည် ကြေညာထားသည့် ကပ်ဘေးအတွက် ခွင့်ပြုထားကာ လျှောက်ထားသူကလည်း သတ်မှတ်ချက်များနှင့် အကျုံးဝင်ပါက ငွေကြေးအကူအညီကို သူတို့အတွက် ချက်ခြင်းနှင့် အထူးလိုအပ်ချက်အဖြစ် ပေးမည်ဖြစ်ရာ ၎င်းတို့၏ မူရင်းနေအိမ်မှ ရွှေ့ပြောင်းနေရသည့် ယာယီကာလအတွက် ဖြစ်သည်။
အသက်ကယ်တင်ရန်နှင့် ဆက်လက်ရှင်သန်ရန် လိုအပ်သည့် ပစ္စည်းများတွင် အောက်ပါတို့လည်း အပါအဝင်ဖြစ်သည်-
- အစားအစာ
- ရှေးဦးသူနာပြု အကူပစ္စည်း
- ဆေးစာဖြင့် ဝယ်ရသည့် ဆေးဝါး
- ကလေးနို့မှုန့်
- မိခင်နို့တိုက်ရန် ပံ့ပိုးမှုနှင့် ကိရိယာ
- ကလေးအနှီး
- တကိုယ်ရေသုံး သန့်စင်ရေးပစ္စည်း
- သွားလာရေးအတွက် ယာဉ်သုံးဆီ