၂၀၂၃ ခုနှစ် ဇူလိုင်လ ၇ ရက်နှင့် နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သောမုန်တိုင်း၊ ရေကြီးရေလျှံမှု၊ မြေပြိုမှုနှင့် ကမ်းပြိုမှုများကြောင့် ကလေဒိုးနီးယား၊ ချီတန်ဒန်၊ လာမိုးလီး၊ အောရိန်း၊ အော်လင်းစ်၊ ရုလန်၊ ဝါရှင်တန်၊ ဝင်ဟမ်နှင့် ဝင်ဆာတို့၌ ဘေးဒဏ်ကြောင့် ပျက်စီးသွားသူ ဗာမွန့်ရှိ အိမ်ပိုင်ရှင်များနှင့် အိမ်ငှားများအတွက် အကူအညီသည် ပုဂ္ဂလိကပိုင်ပစ္စည်းများ ဆုံးရှုံးရမှုနှင့် အခြားကုန်ကျစရိတ်များအတွက် FEMA ထောက်ပံ့ကြေးရရှိရန် အကျုံးဝင်နိုင်ပါသည်။
တစ်ဦးချင်းနှင့် အိမ်ထောင်စုများ အစီအစဉ်
FEMA ၏ တစ်ဦးချင်းနှင့် မိသားစုများအစီအစဉ် (IHP) သည် ဇူလိုင်လတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သောမုန်တိုင်း၊ ရေကြီးရေလျှံမှု၊ မြေပြိုမှုနှင့် ကမ်းပြိုမှုများကြောင့် ထိခိုက်ခဲ့ကြသည့် သတ်မှတ်ချက်ပြည့်မီသော တစ်ဦးချင်းနှင့် အိမ်ထောင်စုများအနက် အာမခံမထားရှိသူများနှင့် အာမခံနည်းပါးသူများအား လိုအပ်သည့် ကုန်ကျစရိတ်များနှင့် အရေးတကြီးလိုအပ်ချက်များအတွက် ကူညီနေပါသည်။ ၎င်းတွင် အိမ်ပြုပြင်မှုများထက်ပိုပြီး ကူညီနေပါသည်။
အကူအညီ ပမာဏနှင့် အမျိုးအစားများသည် သင်၏ ကုန်ကျစရိတ်များပေါ်တွင် မူတည်နေရာတွင် အောက်ပါတို့ ပါဝင်နိုင်သည်-
- ဆေးဝါးကုသရေးနှင့် သွားဘက်ဆိုင်ရာ အကူအညီ
- ကလေးပြုစုစောင့်ရှောက်ရေး အကူအညီ
- အထွေထွေပစ္စည်းလိုအပ်ချက် အကူအညီ
- ပြောင်းရွှေ့ခြင်းနှင့် သိုလှောင်ခြင်း အကူအညီ
- သင်္ဂြိုလ်ခြင်း အကူအညီ
အခြားအကူအညီ အမျိုးအစားများသည် လျှောက်ထားသူက ယူအက်စ် အသေးစားလုပ်ငန်းစီမံခန့်ခွဲရေးဌာန (SBA) ထံမှ ကပ်ဘေးဆိုင်ရာ ချေးငွေလျှောက်ထားသော်လည်း သတ်မှတ်ချက် မပြည့်မီသူများအတွက်သာ အကျုံးဝင်သည်။ လျှောက်လွှာတင်ခြင်းသည် ပေးအပ်လာမည့် ချေးငွေကို သင်လက်ခံရမည်ဟု မဆိုလိုပါ။ သင်ထပ်မံရရှိနိင်သော အကူအညီများတွင် အောက်ပါတို့လည်း ပါဝင်နိုင်သည်-
- ပုဂ္ဂလိကပိုင်ဆိုင်မှု အကူအညီ
- ခရီးသွားလာရေး အကူအညီ
- အဖွဲ့လိုက် ရေဘေးအာမခံ မူဝါဒ (GFIP)
ပိုမိုသိရှိနိုင်ရန် FEMA ကျွမ်းကျင်သူနှင့် စကားပြောပါ။ FEMA ကျွမ်းကျင်သူများသည် ၈၀၀-၆၂၁-၃၃၆၂ တွင် ရှိနေပါသည် သို့မဟုတ် လူကိုယ်တိုင် တွေ့လိုပါက ကပ်ဘေးပြန်လည်ထူထောင်ရေးဌာန သို့သွားပါ။ သင်နှင့် အနီးဆုံးဌာနကို ရှာရန် fema.gov/drc. သို့ ဝင်ကြည့်ပါ။
အစီအစဉ်အတွက် အထွေထွေ သတ်မှတ်ချက်များ
အထွေထွေအားဖြင့် လျှောက်ထားသူများသည် အောက်ပါ သတ်မှတ်ချက်များနှင့် ပြည့်မီရပါမည်-
- သင် သို့မဟုတ် သင်နှင့် နေထိုင်သူ တစ်ဦးသည် အမေရိကန်နိုင်ငံသား၊ နိုင်ငံသားမဟုတ်သော အမြဲနေထိုင်သူ၊ သို့မဟုတ် သတ်မှတ်ချက်ပြည့်မီသော နိုင်ငံခြားသား ဖြစ်ရမည်။
- FEMA ၏ အထောက်အထားနှင့် နေထိုင်မှု စိစစ်ချက်ကို အောင်ထားရမည်။
- အိမ်ပြုပြင်မှုနှင့် နေအိမ်အစားထိုးမှု အကူအညီအတွက် အိမ်ပိုင်ဆိုင်ကြောင်း စိစစ်ချက်ကို အောက်မြင်ထားရမည်။
- သင်၏ မူရင်းအိမ်သည် သမ္မတက ကပ်ဘေးဒဏ်သင့်ဒေသအဖြစ် ကြေညာထားသည့် နေရာတွင် ရှိရမည်ဖြစ်ပြီး နေထိုင်ရန် မဖြစ်နိုင်သည့်အခြေအနေ သို့မဟုတ် သွားရောက်၍ မဖြစ်နိုင်သော အခြေအနေတွင် ရှိရမည်။
- သင့်ထံတွင် အာမခံ မရှိခြင်း သို့မဟုတ် အာမခံမှ လျော်ကြေးငွေ တောင်းခံသော်လည်း သင်၏ဆုံးရှုံးမှုအားလုံးကို မကာမိခြင်း။
FEMA အကူအညီအတွက် လျှောက်ထားခြင်း
အွန်လိုင်းမှ လျှောက်ထားရန်အတွက် DisasterAssistance.gov ကို ဝင်ကြည့်ပါ။ FEAM မိုဘိုင်းအက်ပ် ကို ဒေါင်းလုဒ်လုပ်ပါ။ သို့မဟုတ် အကူအညီလိုင်း ၈၀၀-၆၂၁-၃၃၆၂ ကို အခမဲ့ ဖုန်းခေါ်ပါ။ စကားပြန်ရနိုင်ပါသည်။ အကယ်၍ သင်သည် ထပ်ဆင့်ပို့သည့် ဝန်ဆောင်မှုဖြစ်သော ဗီဒီယိုထပ်ဆင့်ပို့ဝန်ဆောင်မှု (VRS)၊ ဖုန်းစာသားဝန်ဆောင်မှု သို့မဟုတ် အခြား အလားတူ ဝန်ဆောင်မှုကို သုံးပါက သင်လျှောက်ထားချိန်တွင် သင့်နံပါတ်ကို FEMA အား ပေးပါ။
လျှောက်လွှာတင်နည်း ဗီဒီယိုကို ကြည့်ရန်အတွက် FEMA သို့ဝင်ရန်- FEAM ၏ ကပ်ဘေးဒဏ်အတွက် အကူအညီ လျှောက်ထားနိုင်ရန် မှတ်ပုံတင်နည်း သုံးနည်း - ယူကျူ့ သို့ သွားပါ။
နောက်ဆုံး သတင်းအချက်အလက်များအတွက် fema.gov/disaster/4720. ကို ဝင်ကြည့်ပါ။ FEMA ဒေသ ၁ အကောင့်ကို တွစ်တာတွင် twitter.com/FEMARegion1 သို့မဟုတ် ဖေ့ဘုတ်တွင် facebook.com/FEMA. လိုက်ကြည့်ပါ။
ဗာမွန့်၏ တုံ့ပြန်ချက်နှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ နောက်ဆုံးသတင်းအချက်အလက်များအတွက် ဗာမွန့် အရေးပေါ် စီမံခန့်ခွဲမှု အေဂျင်စီ ကို တွစ်တာတွင် twitter.com/vemvt နှင့် ဖေ့ဘုတ်တွင် facebook.com/vermontemergencymanagement တို့၌ လိုက်ကြည့်ပါ။
သဘာဝကပ်ဘေးအတွက် အကူအညီများသည် သာတူညီမျှဖြစ်ရန်၊ လူမျိုး၊ အသားအရောင်၊ နိုင်ငံသား၊ လိင်၊ အသက်၊ မသန်စွမ်းဖြစ်မှု၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်မှု သို့မဟုတ် စီးပွားရေးအခြေအနေတို့အပေါ် အခြေခံပြီး ခွဲခြားမှုမရှိဘဲ အကူအညီရယူနိုင်ရန် FEMA ကဆောင်ရွက်နေပါသည်။ သဘာဝဘေးဒဏ် ခံရသူတိုင်း သို့မဟုတ် ပြည်သူတိုင်းသည် ၎င်းတို့အား ခွဲခြားဆက်ဆံခံရသည်ဟု ယူဆပါက FEMA လူထုအခွင့်အရေးရုံးသို့ ဆက်သွယ်နိုင်ပါသည်။ FEMA ၏ လူထုအခွင့်အရေးရုံးထံ ၈၃၃-၂၈၅-၇၄၄၈ သို့ အခမဲ့ ဖုန်းခေါ်နိုင်ပါသည်။ ဘာသာစုံပြောဆိုသူများက ဖုန်းကို ဖြေကြားပေးနိုင်ပါသည်။