Vermont ဗာမွန့် ပြင်းထန်သော မုန်တိုင်းများ၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းနှင့် ကမ်းပြိုခြင်းများ

DR-4720-VT
Vermont

ဖြစ်ရပ်ကာလ: ဇူလှိုင်လ 7, 2023 - ဇူလှိုင်လ 17, 2023

ကြေညာသည့်ရက်: ဇူလှိုင်လ 14, 2023

ကပ်ဘေးနောက်ပိုင်း တစ်ဦးချင်းနှင့် မိသားစုများအတွက် အကူအညီ

alert - warning

အကယ်၍ သင်သည် အာမခံရှိပါက ၎င်းအာမခံကုမ္ပဏီတွင် ချက်ခြင်း တင်ပြတောင်းဆိုရမည်။ FEMA ၏ အကူအညီသည် အာမခံက ပေးလျော်ထားသည့် ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုအတွက် မပေးပါ။

ကပ်ဘေးအကူအညီ လျှောက်ထားခြင်း

အမြန်ဆုံးလျှောက်ထားနိုင်သည့်နည်းမှာ DisasterAssistance.gov မှ လျှောက်ထားခြင်း ဖြစ်သည်။ သင်သည် FEMA မိုဘိုင်းအက်ပ် မှလည်း လျှောက်ထားနိုင်သလို FEMA အကူအညီဖုန်း ၈၀၀-၆၂၁-၃၃၆၂ သို့ဆက်သွယ်လျှောက်ထားနိုင်ပါသည်။ အကယ်၍ သင်သည် ဗီဒီယို စာထပ်ဆင့်ပို့ခြင်းဝန်ဆောင်မှု၊ စာသားပါ ဖုန်းဝန်ဆောင်မှု သို့မဟုတ် အခြား ထပ်ဆင့်ဝန်ဆောင်မှု တစ်ခုခု သုံးပါက FEMA ကို ယင်းဝန်ဆောင်မှု၏ ဖုန်းနံပါတ်ကို ပေးပါ။

လျှောက်လွှာလုပ်ငန်းစဉ်အကြောင်း ပိုမိုလေ့လာပါ

အကူအညီချက်ခြင်းရယူခြင်း

FEMA က ကူညီနိုင်ခြင်းမရှိသော အရာများကို သိရှိပါ။ သင်၏ ဒေသတွင်းအရေးပေါ်စီမံရေး အရာရှိများ၊ စေတနာ့ဝန်ထမ်းအေဂျင်စီများ၊ ဒေသတွင်း ၂-၁-၁ ကိုခေါ်ဆိုခြင်း တို့ဖြင့် ရှာဖွေပါ။ FEMA အကူအညီလိုင်း (၈၀၀-၆၂၁-၃၃၆၂) က ထပ်ဆောင်းညွှန်ပြနိုင်ပါသည်။ အကယ်၍ သင်သည် ဗီဒီယို စာထပ်ဆင့်ပို့ခြင်းဝန်ဆောင်မှု၊ စာသားပါ ဖုန်းဝန်ဆောင်မှု သို့မဟုတ် အခြား ထပ်ဆင့်ဝန်ဆောင်မှု တစ်ခုခု သုံးပါက FEMA ကို ယင်းဝန်ဆောင်မှု၏ ဖုန်းနံပါတ်ကို ပေးပါ။

ယူအက်စ် အသေးစားလုပ်ငန်း စီမံခန့်ခွဲ့ရေးဌာနကို ခေါ်ရန် ကျွန်ုပ်ကို ပြောပါသည်

FEMA သည် ယူအက်စ် အသေးစားလုပ်ငန်း စီမံခန့်ခွဲ့ရေးဌာန (SBA) အောက်တွင် ရှိသည့် ဆုံးရှုံးမှုအရာများအတွက် အကူအညီ မပေးနိုင်ပါ။ SBA သည် အတိုးနည်းချေးငွေများကို ကပ်ဘေးကြောင့် ထိခိုက်ဆုံးရှုံးခဲ့သူများအား ကမ်းလှမ်းပါသည်။ ပုဂ္ဂလိက ပိုင်ဆိုင်သည့် အဆောက်အအုံများ၊ သွားလာရေးအကူအညီ၊ အဖွဲ့လိုက်ရေဘေးအာမခံ မူဝါဒများ အတွက် သတ်မှတ်ချက်ပြည့်မီမှု ရှိမရှိကို FEMA သည် SBA နှင့် ပူးတွဲပြီး ဆုံးဖြတ်ပါသည်။

FEMA သည် သင့်အား SBA ၏ ဝင်ငွေသတ်မှတ်ချက် ပြည့်မီပါက ချေးငွေအတွက် ထည့်သွင်းစဉ်းစားပေးရန် SBA သို့ အလိုအလျောက်ရည်ညွှန်းလွှဲပြောင်းပေးပါသည်။

အကယ်၍ SBA သို့ အလိုအလျောက်ရည်ညွှန်းလွှဲပြောင်းပေးပါက FEMA က သင့်အား အလိုအလျောက် ဖုန်းစနစ်မှ ဆက်သွယ်ပြီး ချေးငွေမည်သို့လျှောက်ထားနိုင်ကြောင်း ပြောပါမည်။ သင်က SBA ချေးငွေ သို့မဟုတ် FEMA အကူအညီ တချို့ရရန် လျှောက်လွှာ ပုံစံကို ဖြည့်ပြီး ပြန်ပို့ရမည်ဖြစ်သည်။ SBA ၏ ကမ်းလှမ်းချက်ကို သင်က လက်ခံရန် တာဝန်မရှိပါ။ သို့သော် သင့်အား SBA ချေးငွေ ခွင့်ပြုပြီး သင်က လက်မခံပါက သင့်အား FEMA ထံမှ ပုဂ္ဂလိက ပိုင်ဆိုင်သည့် အဆောက်အအုံများ၊ သွားလာရေးအကူအညီတို့အတွက် ပြန်လွှဲပေးမည်မဟုတ်ပါ။

SBA ၏ ကပ်ဘေးဆိုင်ရာ ချေးငွေအစီအစဉ်အကြောင်း ပိုမိုသိရှိရန် SBA အား ၈၀၀-၆၅၉-၂၉၅၅ (အကြားအာရုံချို့တဲ့သူများအတွက် - ၈၀၀-၈၇၇-၈၃၃၉) ကို ဖုန်းခေါ်ပါ။ SBA အချက်အလက်များကို www.SBA.gov/disaster တွင်လည်းရနိုင်သလို disastercustomerservice@sba.gov သို့အီးမေးလ်ပို့ တောင်းဆိုနိုင်သည်။

SBA ချေးငွေအကြောင်း ပိုမိုလေ့လာရန်

အကူအညီလျှောက်ထားလိုက်ပါပြီ။ ဘာဆက်ဖြစ်မလဲ။

အကယ်၍ သင့်တွင် အာမခံရှိပါက

သင့်အာမခံကုမ္ပဏီကို အမြန်ဆုံးဆက်သွယ်ပြီး အာမခံတင်သွင်းတောင်းဆိုပါ။ FEMA သည် သင်၏ အာမခံကုမ္ပဏီနှင့် သင့်အကြား အာမခံဆိုင်ရာ သဘောတူညီချက် ရပြီးမှသာ ငွေအားဖြင့် ဆက်လက် ကူညီနိုင်ပါမည်။ အကယ်၍ အာမခံက အိမ်ပြင်ရန် သို့မဟုတ် ကုန်ကျစရိတ်များ အားလုံးကို မလွှမ်းခြုံပါက FEMA က ကူညီနိုင်ပါမည်။

FEMA က အာမခံအောက်ရှိ အပျက်အစီး သို့မဟုတ် ထပ်နေသည့် အကျိုးခံစားခွင့်များကို မပေးပါ။ သင့်အာမခံနှင့် သဘောတူညီချက်ရပြီးလျှင် သို့မဟုတ် ငြင်းပယ်ခံရလျှင် မိတ္တူကို FEMA သို့ အမြန်ပို့ပါ။

အာမခံ သဘောတူညီချက်သည် သင်တင်သွင်းချိန်နောက်ပိုင်း ရက် ၃၀ ထက်ကျော်၍ နောက်ကျနေပါက FEMA အကူအညီလုိင်း ၈၀၀-၆၂၁-၃၃၆၂ ကို ခေါ်ပါ။

လျှောက်ထားပြီးနောက်ပိုင်း လုပ်ဆောင်ရန် အဆင့်များအကြောင်း ပိုမိုလေ့လာရန်

အကယ်၍ သင့်တွင် အာမခံ မရှိလျှင်

FEMA သည် ကပ်ဘေးကြောင့် သင်ဆုံးရှုံးရမှုများကို စိစစ်ပါမည်။ သင့်အိမ် သို့မဟုတ် ကိုယ်ပိုင်ပစ္စည်း ပျက်စီးကြောင်း သတင်းပို့ထားပါက သင့်အိမ်သို့ လာရောက်စစ်ဆေးရန် ရက်ချိန်းပေးပါမည်။ သို့မဟုတ် FEMA က သင့်ကုန်ကျစရိတ်များစိစစ်ရန်အတွက် မှတ်တမ်းမှတ်ရာများ ပို့ခိုင်းပါမည်။

သင်သည် FEMA ထံမှ စာ သို့မဟုတ် အီးမေးလ်ဖြင့် သင်လုပ်ဆောင်ရမည့် နောက်ခြေလှမ်းကို အသိပေးပါမည်။ လိုအပ်ပါက သင်သတင်းပို့ထားသည့် ဆုံးရှုံးမှုကို စစ်ဆေးရန် စစ်ဆေးသူက သင့်အား ဖုန်းဖြင့်ဆက်သွယ်ပြီး ရက်ချိန်းပေးပါမည်။ ဖုန်းလွတ်သွားပါက ၎င်းတို့က အသံမက်ဆေ့ဂျ်ထားခဲ့မည် ဖြစ်ပြီး ထပ်မံ ခေါ်ပါဦးမည်။ စစ်ဆေးသူက ပြုပြင်ထားသည့် ကုန်ကျစရိတ်ပြေစာ သို့မဟုတ် အပျက်အစီးဓာတ်ပုံများကို ကြည့်ရန် မလိုပါ။ သို့သော် သင်က ရှင်းလင်းခြင်းကို စတင်နေပါက အပျက်အစီးများကို ဓာတ်ပုံရိုက်ထားရန်၊ စာရင်းပြုစုထားရန်နှင့် ကပ်ဘေးကြောင့် ပြင်ဆင်ရသည်များအတွက် ပြေစာများကို သိမ်းထားရန် FEMA က အကြံပြုပါသည်။

"ကပ်ဘေးအပြီး အကူအညီ" လက်ကမ်းစာစောင်များ

ဘာသာ ၂၇ မျိုးသို့ ပြန်ဆိုထားသည့် "ကပ်ဘေးအပြီး အကူအညီ" လက်ကမ်းစာစောင် သည် FEMA အကူအညီနှင့် ပတ်သက်၍ ရှင်းလင်းထားပြီး တစ်ဦးချင်းနှင့် မိသားစုများအတွက် ကပ်ဘေးဒဏ်မှ ပြန်လည်နလံထူရန်အတွက် မည်သည့်အကူအညီများ ရနိုင်ကြောင်း သင့်အသိုင်းအဝိုင်းမှလူများအား နားလည်လာရန် မျှဝေနိုင်ပါသည်။

နိုင်ငံသားဖြစ်မှုနှင့် FEAM သတ်မှတ်ချက် ပြည့်မီမှု

FEMA သည် သတ်မှတ်ချက်ပြည့်မီသော ကပ်ဘေးဒဏ်သင့်ပြည်သူများအား ပြန်လည်ထူထောင်နိုင်ရန် ကူညီပေးနေရာတွင် အမေရိကန်နိုင်ငံသားများ၊ နိုင်ငံသားမဟုတ်သော အမြဲတန်းနေထိုင်သူများနှင့် အကျုံးဝင်သည့် နိုင်ငံခြားသားများ ပါဝင်သည်။ ဖက်ဒရယ် လူထုအကျိုးခံစားခွင့်အတွက် နိုင်ငံသားဖြစ်မှုနှင့် လူဝင်မှုအခြေအနေ သတ်မှတ်ချက်များ ကို ပိုမိုလေ့လာပါ။

အိမ်ရာအကြံပေးသူကို ရှာခြင်း

အမေရိကန်နိုင်ငံ အိမ်ရာနှင့် မြို့ပြဖွံ့ဖြိုးရေး ဝန်ကြီးဌာန (HUD) သည် နိုင်ငံအနှံ့ အိမ်ရာအကြံပေးအေဂျင်စီများ (HCAs) နှင့် အသိအမှတ်ပြု အကြံပေးများ ကွန်ရက်ကို ပံ့ပိုးပါသည်။ HUD ပါဝင်သည့် HCAs များသည် လက်ရှိနှင့် ဖြစ်နိုင်ခြေရှိသော အိမ်ပိုင်ရှင်များနှင့် အိမ်ငှားများအား အား နည်းပေးလမ်းပြပြုနိုင်ရန် လေ့ကျင့်သင်ကြား အသိအမှတ်ပြုထားသူများဖြစ်သည်။ ထို့ကြောင့် အိမ်ရှင်/အိမ်ငှားများသည် ၎င်းတို့၏ ငွေရေးကြေးရေးအခြေအနေပေါ် မူတည်၍ အိမ်ရာ လိုအပ်ချက်များကို တာဝန်သိသိ ရွေးချယ်နိုင်မည် ဖြစ်သည်။

အိမ်ပိုင်ဆိုင်မှု သို့မဟုတ် နေထိုင်မှုကို စိစစ်ခြင်း

ဤလုပ်ငန်းစဉ်အကြောင်း ပိုမိုလေ့လာပါ။

ကျွန်ုပ်တို့၏ လုပ်ဆောင်မှုကို ပိုမိုမြန်ဆန်စွာ လုပ်နိုင်ပြီး လျှောက်ထားသူများအတွက် ဝန်မပိစေရန် အတွက် ပိုင်ဆိုင်မှုနှင့် နေထိုင်မှုများကို စိစစ်ရန် အလိုအလျောက်ရနိုင်သော အများပြည်သူ မှတ်တမ်းများတွင် ရှာဖွေနိုင်ရန် ကြိုးစားပါသည်။

ကျွန်ုပ်တို့က သင့်လျှောက်လွှာတွင် ရေးဖြည့်ထားသည့် အိမ်၌ သင်နေထိုင်ခဲ့ကြောင်း အတည်မပြုနိုင်ပါက သင့်အား နေထိုင် / ပိုင်ဆိုင်ကြောင်း အထောက်အထားများဖြင့် ပံ့ပိုးပေးရန် တောင်းဆိုပါမည်။

ဆုံးဖြတ်ချက်ကို ကျွန်ုပ် ဘယ်လို အယူခံရမလဲ။

အကယ်၍ သင်သည် အကူအညီလျှောက်ထားမှု ငြင်းပယ်သည့်စာကို လက်ခံရရှိပါက သို့မဟုတ် လျှောက်လွှာမပြည့်စုံပါက သင်သည် လျှောက်လွှာကို ပြည့်စုံအောင် ဖြည့်ပြီး ပြန်ပို့နိုင်သည် သို့မဟုတ် ဆုံးဖြတ်ချက်စာရပြီး ရက် ၆၀ အတွင်း အယူခံဝင်နိုင်သည်။ စာကို စာတိုက်မှဖြစ်စေ၊ Disaster Assistance Center ဖွင့်ထားပါက ယင်းအကောင့်သို့ဖြစ်စေ ပေးပို့ပါမည်။

အယူခံဝင်ခြင်းအကြောင်း ပိုမိုလေ့လာရန်

မေးလေ့ရှိသော မေးခွန်းများနှင့် ကောလဟာလများ

ကပ်ဘေးဆိုင်ရာ ဖြစ်လေ့ရှိသော ကောလဟာလများ အကြောင်း ပိုမိုလေ့လာပါ။ လိမ်ညာမှုကို သတင်းပို့နည်း ကိုလည်း လေ့လာပါ။ အရေးပေါ်ခိုလုံရာနေရာ၊ ကပ်ဘေးအကူအညီ၊ ရေဘေးအာမခံ စသည်တို့အကြောင်းမေးလေ့ရှိသော မေးခွန်းများ အတွက်လည်း အဖြေများကို ရနိုင်ပါသည်။

ဘာသာစကားစုံ ရင်းမြစ်များ

လူမှုကွန်ရက်ပုံကားချပ်များ တွင် အရေးကြီးသည့် လုံခြုံရေးဆိုင်ရာ မက်ဆေ့ဂျ်များကို ဘာသာစကားစုံဖြင့် ရနိုင်ရာတွင် အင်္ဂလိပ်၊ တရုတ်၊ စပန်နှင့် ဗီယက်နမ် ဘာသာစကားများလည်း ပါဝင်သည်။

အမေရိကန် လက်ဟန်သုံးစကားပြောခြင်း (ASL) ဖြင့်လည်း အောက်ပါအကြောင်းအရာများအတွက် ဗီဒီယိုများ ရှိပါသည်။

ဒေသတွင်းရင်းမြစ်များ

ဒေသတွင်း သတင်းနှင့် မီဒီယာ

သတင်းနှင့် မီဒီယာ စာမျက်နှာသို့သွားပြီး ဖြစ်ရပ်များ၊ အချက်အလက်စာမျက်နှာများ၊ သတင်းထုတ်ပြန်ချက်များ၊ အခြားမာလ်တီမီဒီယာ ရင်းမြစ်များကို ကြည့်ပါ။

ဘယ်လိုကူညီနိုင်သလဲ

စေတနာ့ဝန်ထမ်းနှင့် လှူဒါန်းခြင်း

ကပ်ဘေးအပြီး ပြန်လည်ထူထောင်ရေးသည် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်သည်။ သင်ကူညီနိုင်သည့် နည်းလမ်းများစွာရှိရာတွင် ငွေလှူဒါန်းခြင်း၊ လိုအပ်သောပစ္စည်းနှင့် သင့်အချိန်ကို လှူဒါန်းခြင်းတို့ ပါဝင်သည်။ လိုအပ်သူများအား မည်သို့ကူညီနိုင်ကြောင်း ပိုမိုလေ့လာပါ။.

ကပ်ဘေးသင့်နေရာများသို့ မိမိဖာသာ သွားရောက်ခြင်း မပြုပါနှင့်။ ယုံကြည်ရသည့်အဖွဲ့အစည်းများ  သည် ယင်းနေရာများတွင် ရှိနေပြီး မည်သည့်နေရာတွင် စေတနာ့ဝန်ထမ်းများ လုပ်အားပေးများ လိုအပ်နေကြောင်း သိရှိကြပါသည်။ ယင်းသို့ အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် သင်သည် လုံခြုံသည့်နေရာ၊ လေ့ကျင့်သင်ကြားမှုများဖြင့် တတ်ကျွမ်းသည့် အရာများအားဖြင့် တုံ့ပြန်ကူညီနိုင်ပါသည်။

FEMA စေတနာ့ဝန်ထမ်း အေဂျင်စီ ကိုယ်စားလှယ်များ (VALs) သည် ကပ်ဘေးများတွင် တက်ကြွစွာလုပ်ဆောင်နေကြသော လုပ်အားပေးများ၊ ဘာသာရေးအခြေခံနှင့် အသိုင်းအဝိုင်းအခြေပြု အဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပါသည်။

FEMA နှင့် လုပ်ငန်း လုပ်ဆောင်ခြင်း

အကယ်၍ သင်သည် အခကြေးငွေပေးသော ဝန်ဆောင်မှု၊ ပစ္စည်းများ ကမ်းလှမ်းလိုပါက ကျွန်ုပ်တို့၏ FEMA နှင့် လုပ်ငန်း လုပ်ဆောင်ခြင်း စာမျက်နှာ သို့သွား၍ စတင်ပါ။

အမှိုက်သရိုက်များ ဖယ်ရှားသည့် လုပ်ငန်းမျိုးကို သင်ပိုင်ဆိုင်ပြီး ဘေးဒဏ်သင့်ဒေသများတွင် သန့်ရှင်းရေးလုပ်ငန်းများ၌ ပါဝင်လိုပါက ကပ်ဘေးသင့်ဒေသရှိ ဒေသန္တရအစိုးရကို ဆက်သွယ်ပြီး သင့်ဝန်ဆောင်မှုကို ကမ်းလှမ်းပါ။

ရန်ပုံငွေ တာဝန်များ

တစ်ဦးချင်းအကူအညီ ပမာဏ
စုစုပေါင်း အိမ်ရာဆိုင်ရာအကူအညီ (HA) - ခွင့်ပြုထားသော ဒေါ်လာ $18,393,573.90
စုစုပေါင်း အခြားလိုအပ်ချက်အကူအညီ (ONA) - ခွင့်ပြုထားသော ဒေါ်လာ $1,591,527.61
စုစုပေါင်း တစ်ဦးချင်းနှင့် အိမ်ထောင်စုများ အစီအစဉ် ခွင့်ပြုထားသော ဒေါ်လာ $19,985,101.51
တစ်ဦးချင်းအကူအညီ ခွင့်ပြုထားပြီး လျှောက်လွှာများ 3250
အများအကူအညီ ပမာဏ
Total Public Assistance Grants Dollars Obligated $79,677.25

ကပ်ဘေး ပြန်လည်နလံထူရေးဌာန (DRC) စာရင်း

ကပ်ဘေး ပြန်လည်နလံထူရေးဌာနသည် ကပ်ဘေးသင့်ပြည်သူများအား FEMA နှင့် ယူအက်စ် အသေးစားလုပ်ငန်းစီမံခန့်ခွဲရေးဌာနတို့ထံမှ အချက်အလက်များကို ပေးပါသည်။ ကပ်ဘေးဒဏ်သင့်သူများသည် ဖယ်ဒရယ်အကူအညီ ကို လျှောက်ထားရန် အကူအညီရနိုင်ပြီး မည်သည့် အကူအညီ အမျိုးအစားများကို ရနိုင်ကြောင်း၊ အယူခံဝင်သည့် လုပ်ငန်းစဉ်နှင့် လျှောက်လွှာအတွက် အဆင့်ဆင့် တိုးတက်ဖြစ်ပေါ်မှုများကို လေ့လာနိုင်သည်။

Ludlow Community Center

လိပ်စာ

37 Main St
Ludlow, Vermont 05149
Windsor
Get Directions

DRC ဖွင့်ချိန်များ

တနင်္လာ:8:00 AM - 6:00 PM
အင်္ဂါ:8:00 AM - 6:00 PM
ဗုဒ္ဓဟူး:8:00 AM - 6:00 PM
ကြာသပတေး:8:00 AM - 6:00 PM
သောကြာ:8:00 AM - 6:00 PM
စနေ:9:00 AM - 2:00 PM
တနင်္ဂနွေ:ပိတ်သည်

မှတ်ချက်များ

Soft Opening Hours of Operation 9/19 1:00 - 6:00PM.

Barre Auditorium

လိပ်စာ

16 Auditorium Hill
Barre, Vermont 05641
Washington
Get Directions

DRC ဖွင့်ချိန်များ

တနင်္လာ:8:00 AM - 6:00 PM
အင်္ဂါ:8:00 AM - 6:00 PM
ဗုဒ္ဓဟူး:8:00 AM - 6:00 PM
ကြာသပတေး:8:00 AM - 6:00 PM
သောကြာ:8:00 AM - 6:00 PM
စနေ:9:00 AM - 2:00 PM
တနင်္ဂနွေ:ပိတ်သည်

မှတ်ချက်များ

Soft opening on 7/26 @1PM.

Waterbury Armory

လိပ်စာ

294 Armory Drive
Waterbury, Vermont 05676
Washington
Get Directions

DRC ဖွင့်ချိန်များ

တနင်္လာ:8:00 AM - 6:00 PM
အင်္ဂါ:8:00 AM - 6:00 PM
ဗုဒ္ဓဟူး:8:00 AM - 6:00 PM
ကြာသပတေး:8:00 AM - 6:00 PM
သောကြာ:8:00 AM - 6:00 PM
စနေ:9:00 AM - 2:00 PM
တနင်္ဂနွေ:ပိတ်သည်

မှတ်ချက်များ

Soft Opening on 7/21 at 1PM.

နောက်ဆုံးအချက်အလက်