ဟာရီကိန်းမုန်တိုင်းHeleneတိုက်ခတ်အပြီး တစ်လအကြာတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါသည်။

ပြီးခဲ့သောလအတွင်း FEMA နှင့် နိုင်ငံတဝန်းမှ ပြည်သူများက ဟာရီကိန်းမုန်တိုင်းHeleneကြောင့် ထိခိုက်ခံစားခံခဲ့ရသည့်ဒေသခံလူမှုအသိုင်းအဝိုင်း ကိုကူညီပံ့ပိုးရန်စုပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ 

သဘာဝဘေးန္တရာယ်ကိုတုန့်ပြန်ရေးအစီအစဉ်သည်အကျိုးအမြတ်မယူသောအဖွဲ့အစည်းများ၊သက်ဆိုင်ရာဘာသာရေးအဖွဲ့အစည်းများကနေ အစိုးရအရာရှိများ၊ပုဂ္ဂလိကနှင့်ကိုယ်ပိုင်လုပ်ငန်းများအထိ အသိုင်းအဝိုင်းအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ထားသည့် အစီအစဥ်တစ်ခုလည်း ဖြစ်ပါသည်။ ကျွန်ုပ်တို့အားလုံး၏တူညီသောရည်မှန်းချက်မှာမုန်တိုင်းဒဏ်သင့်သူများ ကိုယ်ခြေထောက်ပေါ်ကိုယ်ပြန်ရပ်နိုင်ပြီးအောင်အောင်မြင်မြင်ပြန်လည်ထူထောင်လာနိုင်ရန်ဖြစ်သည်။သူတို့လိုအပ်သည့်အချိန်တိုင်းသူတို့နှင့်အတူကျွန်ုပ်တို့ရှိနေပါမည်။

ယနေ့အချိန်အထိ ကျွန်ုပ်တို့ဆောင်ရွှက်ထားခဲ့သည့် အခြေအနေတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

ကိန်းဂဏန်းများကို    

Graphic
by the numbers graphic for hurricane helene

မုန်တိုင်းအလွန်ကယ်ဆယ်ရေးစတင်ကတည်းက အထောက်အပံ့များ ကူညီဆောင်ရွက်ပေးရန် လူ၅၀၀၀ကျော်ကို မုန်တိုင်းသင့်ဒေသများတွင် တာဝန်ချထားပေးခဲ့ပါသည်။ထိုဝန်ထမ်းများမှ အချို့ကို မုန်တိုင်းဒဏ်သင့်သည့် ဒေသများအနီးတွင်တည်ရှိသည့်သဘာဝဘေးဒဏ်ပြန်လည်ထူထောင်ရေးစင်တာများတွင်တာဝန်ချထားပါသည်။ ထိုစင်တာများက အသက်ရှင်ကျန်ရစ်သူများကိုသဘာဝဘေးအန္တရာယ်ဆိုင်ရာအကူအညီရနိုင်ရေးအတွက်လျှောက်လွှာများလျှောက်ထားရာတွင် အကူအညီပေးပါသည်။

FEMAဝန်ထမ်းများကလည်းအိမ်တိုင်ရာရောက်သွားကြကာ သိလိုသည့်မေးခွန်းများကိုဖြေကြားပေးခြင်းနှင့် FEMAလျှောက်လွှာဖြည့်စွက်မှု လုပ်ငန်းစဉ်များအတွက် ကူညီပေးနေကြပါသည်။

လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့သည့်နေရာများတွင် ၉၉ ရာခိုင်နှုန်းနီးပါး ဓာတ်အားပြန်လည်ရရှိရေးအတွက် FEMA ၏ပြည်နယ်အဆင့်၊ဒေသအဆင့်၊ လူမျိုးစုအဆင့် ဝန်ထမ်းများနှင့် အတူ မိတ်ဖက် စက်မှုလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါသည်။ 

မုန်တိုင်းကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူများအတွက်ခိုလှုံစရာနေရာများရရှိနိုင်အတွက်ဆောင်ရွက်ပေးခဲ့ပါသည်။ သဘာဝဘေးအန္တရာယ်အကူအညီအထောက်အပံ့များရယူလျှောက်ထားနိုင်ရေးအတွက်လူထောင်ပေါင်းများစွာကို ကျွန်တော်တို့ အကူအညီပေးခဲ့ပါသည်။

သဘာဝဘေးအန္တရာယ်မှလွတ်မြောက်လာသူများကို အကူအညီပေးခြင်း  

FEMA၏အကူအညီပေးရေးလုပ်ငန်းများစတင်သည့် ပထမဆုံးနေ့ကတည်းကအဓိကအလေးပေးအာရုံစိုက်သည့်လုပ်ငန်းမှာမုန်တိုင်းဘေးဒဏ်သင့်သူတွေကိုအကူအညီပေးရေး လုပ်ငန်းဖြစ်ပါသည်။ လူထုကျန်းမာရေးနှင့် လုံခြုံရေးကိုကာကွယ်ရန်၊အများပြည်သူပိုင်နှင့်ပုဂ္ဂလိကပိုင်အိမ်ရာ အဆောက်အအုံများ ထိခိုက်မှုမှ ကာကွယ်ရန်အတွက်FEMAသည်အသက်ကယ်ဆယ်ရေးလုပ်ငန်းများနှင့် မုန်တိုင်းအပျက်အစီးအမှိုက်များ ရှင်းလင်းရေးလုပ်ငန်းအတွက် ဒေါ်လာ၅၂၄သန်း၊ မုန်တိုင်းဒဏ်သင့်ခဲ့ရသောလူတစ်ဦးချင်းစီ နှင့်မိသားစုများကိုအထောက်အပံ့ပေးရေးအတွက် ဒေါ်လာ ၈၈၃ သန်း၊ စုစုပေါင်း ဒေါ်လာ ၁.၄ ဘီလီယံကျော်ကိုပြီးခဲ့သည့်လအတွင်း အတည်ပြုပေးခဲ့ပါသည်။ သဘာဝဘေးအန္တရာယ်မှလွတ်မြောက်လာသူများ၏ နေအိမ်များကိုပြန်လည်ပြန်ဆင်ရန်၊နေအိမ်အစားထိုးဆောက်လုပ်ရန်နှင့် အိမ်ငှားပေးမည့်အကူအညီများတွင်အသုံးပြုရန်၊မသန်စွမ်းသူများအတွက်အိမ်ကိုဝင်ထွက်ရန်လွယ်ကူရေးအတွက်သုံးစွဲရမည့်လိုအပ်ချက်များနှင်အခြားလိုအပ်ချက်များအတွက် ယခုရန်ပုံငွေကကူအညီထောက်ပံ့ပေးနိုင်မည် ဖြစ်ပါသည်။

မုန်တိုင်းကြောင့်ထိခိုက်သက်ရောက်ခံစားခဲ့ရသည့် ဒေသခံလူမှုအဖွဲ့အစည်းများကိုကျွန်ုပ်တို့ကိုယ်တိုင်ကိုယ်ကျသွားရောက်ကာ သဘာဝဘေးမှလွတ်မြောက်လာသူများ၏သီးခြားလိုအပ်ချက်များကို ကူညီပေးခဲ့ပါသည်။မကြာသေးခင်က ဂျော်ဂျီယာပြည်နယ်တွင်အကူညီပေးခဲ့သောဖြစ်ရပ်တစ်ခုတွင် FEMA ဝန်ထမ်းများသည် သားဖြစ်သူ၏ကျန်းမားရေးအထောက်အကူပစ္စည်းကရိယာဘေးကင်းသန့်ရှင်းရေးအတွက် လုံလောက်သောနေရာထိုင်ခင်းလိုအပ်နေသည့်မိသားစုတခုကို အတူတကွလုပ်ကိုင်ပေးခဲ့ကြ ပါသည်။FEMAဝန်ထမ်းများသည်ထိုလုပ်ငန်းစဥ် တစ်ခုလုံးကို ကူညီပေးခဲ့ကြပါသည်။ထိုမိသားစုသည်အိမ်ငှားရမ်းခစရိတ် ၆ လစာအပါအဝင် အခြားကုန်စားရိတ်များကိုFEMAကရရှိသည့်အထောက်အပံ့အကူအညီငွေဖြင့် ကာမိဖူလုံစေခဲ့ပါသည်။

အဖွဲ့အစည်းများနှင့်အတူလက်တွဲဆောင်ရွက်ခြင်း

မုန်တိုင်းဒဏ်မှပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်များသည် ကျွန်ုပ်တို့၏ မိတ်ဖက်များ၏ ကူညီမှုကို မရရှိခဲ့ပါက မဖြစ်လာနိုင်ပါ။ အကျိုးအမြတ်မယူသောအဖွဲ့အစည်းများ၊ဘာသာရေးအခြေစိုက်အဖွဲ့အစည်းများနှင့် လူမှု အသိုင်းအဝိုင်းအဖွဲ့အစည်းများသည်ထိခိုက်ဆုံးရှူံးနစ်နာခဲ့ရသောလူမှုအသိုင်းအဝိုင်းအတွက် အတူတကွ စုပေါင်းပြီး အကူအညီအထောက်အပံ့ပေးအပ်ခဲ့ပါသည်။  အစားအသောက်များ ပူပူနွေးနွေး ကျွေးမွေးကြသလို၊

စိတ်ပိုင်းဆိုင်ရာကူညီမှုနှင့် လမ်းများပေါ်မှအပျက်အစီးအမှိုက်သရှိုက်များကို ရှင်းလင်းရာတွင်ကူညီပေးသည့် အဖွဲ့အစည်းများ၏အရင်းအမြစ်များကို အချက်အလက်မျှဝေခဲ့ကြပါသည်။

အစိုးရအဖွဲ့အစည်းများနှင့်အတူဆောင်ရွက်ခြင်း

Graphic
fema staff sitting around a table
Graphic
fema administrator and president joe biden in the field

ဟာရီကိန်းHeleneကိုတုံ့ပြန်ရင်ဆိုင်ရန်အစိုးရက အင်အားပြည့် စုစည်းပြီးအရေးပေါ်အကူအညီများကိုပေးအပ်ခဲ့ပါသည်။

အစိုးရခေါင်းဆောင်များသည် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒေသများကို ရောက်ရှိလာကြပြီးပျက်စီးဆုံးရှုံးခဲ့မှုများကိုလေ့လာအကဲဖြတ်ခဲ့ကြပါသည်။ထို့အပြင်သဘာဝဘေးအန္တရာယ်မှလွတ်မြောက်လာသူများ၏စကားသံတွေကိုလည်းနားထောင်ခဲ့ကြပါသည်။

ပျက်စီးနေသောလမ်းများကိုပြုပြင်ခြင်းမှအစ ပျက်စီးသွားသည့်ယာဥ်မောင်းလိုင်စင်များထုတ်ပေးရေးလုပ်ငန်းစဥ်များအထိ ကျွန်တော်တို့နှင့်မိတ်ဖက်အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများကပြန်လည်ထူထောင်ရးလုပ်ငန်းစဥ်၏ အဓိကအရေးပါသောအခန်းကဏ္ဋ္ဌမှ ပါဝင်ခဲ့ပါသည်။

အချက်အလက်များကို ပိုမိုသိချင်ပါကရှာဖွေရန်

Hurricane Helene  ကိုဝင်ရောက်ကြည့်ရှုနိုင်ပါသည် သို့မဟုတ် social media တွင်လည်းဟာရီကိန်း မုန်တိုင်း Helene ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်သည့်နောက်ဆုံးရ သတင်းများကို ရယူနိုင်ပါသည်။

မုန်တိုင်းပြန်လည်တုန့်ပြန်ရေးအစီအစဥ်များများတွင်ကိုယ်တိုင်ပါဝင်လိုပါကFEMA Blog မှာ သဘာဝဘေးအန္တရာယ်မှလွတ်မြောက်လာသူများကိုဘယ်လိုကူညီနိုင်တယ်ဆိုတာကိုသတင်းအချက်အလက်သွားရောက် ကြည့်ရှုရယူနိုင်ပါသည်။

Release Date:
Tags:
နောက်ဆုံးသတင်း