FEMA သည် သင်၏ဘာသာစကား ကိုပြောဆိုသည်။

Release Date Release Number
NR-54
Release Date:
နိုဝင်ဘာလ 7, 2024

သင့်အတွက် FEMA အထောက်အပံ့ကို လျှောက်ထားရာတွင် ဘာသာစကားကြောင့် ကြားခံခက်ခဲမှု မဖြစ်ပါစေနှင့်။ ဘာသာစကား သို့မဟုတ် ထိရောက်စွာဆက်ဆံရန်လိုအပ်ချက်များနှင့် ပတ်သက်၍ ခက်ခဲမှုမဖြစ်ရစေရန် South Carolina ရှိ FEMA သည် သတ်မှတ်အရည်အချင်းပြည့်မီသည့် Hurricane Helene သဘာဝဘေး အန္တရာယ်မှ လွတ်မြောက်လာသူများ အားလုံးကို ကူညီပေးနေပါသည်။

အကယ်၍ သင်သည် အင်္ဂလိပ်စကားပြောသူ မဟုတ်ပါက၊ သင့်အနေနှင့် FEMA သဘာဝဘေးအန္တရာယ်အကူအညီအတွက် လျှောက်ထားရာတွင် သင်၏ဘာသာစကားဖြင့် အကူအညီကိုရရှိနိင်ပါသည်။ ထိုထက်ပို၍ သင့်အနေနှင့် ဆက်သွယ်ရေးအထောက်အကူပြု ကိရိယာပစ္စည်း များတောင်းခံနိုင်ပါသည်။

ဘာသာစကားသည် FEMA အထောက်အပံ့အတွက် ကြားခံအခက်အခဲတခု မဟုတ်ပါ။

FEMA အရေးပေါ်ဖုန်းလိုင်းကိုခေါ်ဆိုသူများသည် များစွာသော ဘာသာစကားများအတွက် စကားပြန်ကိုရရှိနိုင်ပါလိမ့်မည်။ အင်္ဂလိပ်စကားမပြောသော သဘာဝဘေးအန္တရာယ်မှ လွတ်မြောက်လာသူများ အား သဘာဝဘေးအန္တရာယ်အကူအညီအတွက် မှတ်ပုံတင်စာရင်းသွင်းရန် နှင့် မေးခွန်းများဖြေကြားပေးရန်အတွက် ကူညီရန်ဘာသာစကားမျိုးစုံဖြင့် ဖုန်းဖြေကြားပေးသူများရရှိနိုင်ပါသည်။ FEMA အရေးပေါ်ဖုန်းလိုင်း 800-621-3362 ကို ဖုန်းနံပါတ်နှိပ်ပြီးနောက် ဖုန်းခေါ်သူသည် ရွေးချယ်စရာများထဲမှ စပိန်ဘာသာစကားအတွက် 2 သို့မဟုတ် အခြားဘာသာစကားများအတွက် 3 ကို ရွေးချယ်ပါ။.

သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေးစင်တာများတွင် “မိမိပြောသောဘာသာစကား” ဟူသည့် ဆိုင်းဘုတ်တခုရှိပြီး ဘာသာစကား 40 ကျော် ရှိပါသည်။ ယင်းမှနေ၍ ဝန်ထမ်းအဖွဲ့ဝင်များသည် သင်ပြောသော ဘာသာစကားဆိုင်ရာစကားပြန်မှတဆင့် သင်နှင့် ဆက်သွယ်နိုင်ပါလိမ့်မည်။ 

FEMA သတင်းအချက်အလက်များကို အားလုံးအတွက် လက်လှမ်းမီ ရရှိစေနိုင်ရမည်

သဘာဝဘေးအန္တရာယ်မှ လွတ်မြောက်လာသူများသည် FEMA ၏မည်သည့် သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေး စင်တာသို့မဆို သွားရောက်ပြီး အမေရိကန် သင်္ကေတပြ ဘာသာစကား စကားပြန်ကို အချိန်ကြိုတင်တောင်း ခံခြင်းသို့မဟုတ် တပြိုင်နက်တချိန်တည်းအသုံးပြုသည့် ဗီဒီယိုကြားခံ ဆက်သွယ်ရေးဝန်ဆောင်မှု သို့မဟုတ် ဗီဒီယိုမှတဆင့် အဝေးမှ ဘာသာပြန် ပေးသူကို တောင်းခံနိုင်ပါသည်။ နားထောင်မှုကို အထောက်အကူပြုပစ္စည်းများ၊ အသံချဲ့ထားသော ဖုန်းများ၊ နှင့် စာတမ်းထိုးဖုန်းများကို နားထိုင်းသော သို့မဟုတ် နားကြားရန် အခက်အခဲရှိသော သဘာဝဘေးအန္တရာယ်မှ လွတ်မြောက်လာသူများအတွက် သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေး စင်တာများတွင် ရနိုင်ပါသည်။

မျက်မမြင်များနှင့် အမြင်အာရုံ အားနည်းသူတို့အတွက် ပုံရိပ်ချဲ့ပေးသော ပစ္စည်းများနှင့် ပုံနှိပ်ထားသော သတင်းအချက်အလက်များကို မျက်မမြင်များ အတွက် ဖောက်စာလုံးပုံစံ နှင့် စာလုံးဆိုဒ်ကြီး ပုံစံများဖြင့်ရရှိနိုင်ပါသည်။

FEMA အထောက်အပံ့ လျှောက်ထားခြင်း

Abbeville၊ Aiken၊ Allendale၊ Anderson၊ Bamberg၊ Barnwell၊ Beaufort၊ Cherokee၊ Chester၊ Edgefield၊ Fairfield၊ Greenville၊ Greenwood၊ Hampton၊ Jasper၊ Kershaw၊ Laurens၊ Lexington၊ McCormick၊ Newberry၊ Oconee၊ Orangeburg၊ Pickens၊ Richland၊ Saluda၊ Spartanburg၊ Union၊ York ကောင်တီများရှိ အိမ်ပိုင်ရှင်များနှင့် ငှားရမ်းသူများ အပြင် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များသည် ဖက်ဒရယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာအကူအညီအတွက် လျှောက်ထား နိုင်ပါသည်။

FEMA အထောက်အပံ့လျှောက်ထားရန် နောက်ဆုံးသတ်မှတ်ရက်မှာ ဇန်နဝါရီလ 7 ရက် 2025 ခုနှစ် ဖြစ်သည်။ ယင်းအတွက် လျှောက်ထားရန် နည်းလမ်းများစွာရှိပါသည်။

  • သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေး စင်တာသို့သွားပါ။ သင်နှင့် အနီးဆုံး သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေး  စင်တာကို ရှာဖွေရန် DRC တည်နေရာ သို့မဟုတ် DRC ဟုစာရိုက်ပြီးသင်၏ စာပို့သင်္ကေတနှင့်အတူ 43362 သို့ပို့ပါ။
  • FEMA အရေးပေါ်ဖုန်းလိုင်း 800-621-3362သို့ဖုန်းခေါ်ပါ။ အကူအညီအဖြစ် ဘာသာစကားများစွာရနိုင်ပါသည်။ 
  • အွန်လိုင်း DisasterAssistance.gov သို့သွားပါ၊  (ထိုနည်းတူစွာ အခြားသာသာစကားအများပင် ရှိသည်)
  • FEMA mobile app. အက်ပလီကေးရှင်းကို ဒေါင်းလုပ်ဆွဲပါ

FEMA သဘာဝဘေးအန္တရာယ်အထောက်အပံ့ အတွက် မည်သို့ စာရင်းသွင်း မှတ်ပုံတင်ရမည်ဆိုသည့် သတင်းအချက်အလက်များရရှိစေရန် FEMA accessible video. ကို ရွေးချယ်ပါ။

Tags:
နောက်ဆုံးသတင်း