FEMA သည် ကပ်ဘေးသင့်သူများ ချိတ်ဆက်နိုင်ကြရန် နည်းမျိုးစုံကမ်းလှမ်း

Release Date Release Number
009
Release Date:
ဇူလိုင်လ 27, 2023

ဝစ်လစ္စတန်၊ ဗာမွန့်- ဇူလိုင်လအတွင်း ပြင်းထန်သောမုန်တိုင်း၊ ရေကြီးရေလျှံမှု၊ မြေပြိုခြင်းနှင့် ကမ်းပြိုခြင်းတို့ကြောင့် ကောင်တီ ၉ ခုဖြစ်သည့် ကလေဒိုးနီးယား၊ ချီတန်ဒန်၊ လာမိုးလီး၊ အောရိန်း၊ ရုလန်၊ ဝါရှင်တန်၊ ဝင်ဟမ်နှင့် ဝင်ဆာ ကောင်တီတို့တွင် မိမိတို့၏ နေအိမ်များ သို့မဟုတ် ပစ္စည်းများ ပျက်စီးခဲ့ရသူများအတွက် ဖယ်ဒရယ်ရံပုံငွေရရှိနိုင်ပါသည်။ 

FEMA သည် ဤအသိုင်းအဝိုင်းတွင် ရှိနေပြီး ဘေးဒဏ်သင့်သူများအား အကူအညီလျှောက်ထားကြရန်နှင့် ၎င်းတို့၏ အမှုကိစ္စများအတွက် FEMA ကိုယ်စားလှယ်နှင့် လုပ်ဆောင်ကြရန် ကမ်းလှမ်းနေပါသည်။ 

ဘယ်လိုလျှောက်ထားမလဲ-

ကပ်ဘေးဒဏ်အတွက် အကူအညီလျှောက်ထားရန် ဘေးဒဏ်သင့်သူသည် အောက်ပါတို့ကို ပြုလုပ်နိုင်သည်-

  • DisasterAssistance.gov ကို ဝင်ကြည့်ပါ။
  • FEMA mobile app ကို Apple App Store သို့မဟုတ် Google Play Store မှ ရယူပါ။
  • အရှေ့ပိုင်းစံတော်ချိန် မနက် ၇ နာရီမှ ည ၁၁ နာရီအထိ FEMA အကူအညီလိုင်းသို့ ၈၀၀-၆၂၁-၃၃၆၂ ကို အခမဲ့ ဖုန်းခေါ်နိုင်ပြီး စကားပြန် ရနိုင်ပါသည်။ အကယ်၍ သင်သည် ထပ်ဆင့်ပို့သည့် ဝန်ဆောင်မှုဖြစ်သော ဗီဒီယိုထပ်ဆင့်ပို့ဝန်ဆောင်မှု (VRS)၊ ဖုန်းစာသားဝန်ဆောင်မှု သို့မဟုတ် အခြား အလားတူ ဝန်ဆောင်မှုကို သုံးပါက သင်လျှောက်ထားချိန်တွင် သင့်နံပါတ်ကို FEMA အား ပေးပါ။ သို့မဟုတ်
  • ထိခိုက်မှုရှိသည့် ဒေသတစ်ခုလုံးတွင် တစ်အိမ်ဝင်တစ်အိမ်ထွက် ကူညီပေးနေသည့် သင့်အသိုင်းအဝိုင်းရှိ ကပ်ဘေးဒဏ်မှ ပြန်လည်နလံထူရေးဆိုင်ရာဌာန၊ လုပ်ငန်း ပြန်လည်ထူထောင်ရေးဌာန၊ အေဂျင်စီအမျိုးမျိုး၏ ရင်းမြစ်ဌာနတစ်ခုခုတွင် FEMA နှင့် ကိုယ်တိုင်တွေ့ဆုံပါ။

ကပ်ဘေးဒဏ်မှ ပြန်လည်နလံထူရေးဆိုင်ရာဌာန(DRC)

ကပ်ဘေးဒဏ်မှ ပြန်လည်နလံထူရေးဆိုင်ရာဌာနသည် တစ်ဦးချင်းနှင့် အသေးစားလုပ်ငန်းပိုင်ရှင်များအား လူကိုယ်တိုင်တွေ့ဆုံကူညီရန် ကမ်းလှမ်းပါသည်။ FEMA မှ ပြန်လည်ထူထောင်ရေး ကျွမ်းကျင်သူများ၊ ယူအက်စ် အသေးစားလုပ်ငန်းစီမံခန့်ခွဲမှုဌာန (SBA) နှင့် ထပ်ဆောင်း ရင်းမြစ်များက ဘေးဒဏ်သင့်သူများအား ကူညီနိုင်ပါသည်။ 

  • ကပ်ဘေးဒဏ်မှ ပြန်လည်နလံထူရေးဆိုင်ရာဌာန နှစ်ခုကို ရုဒ်လန်နှင့် ဝါရှင်တန်ကောင်တီတို့တွင် ဖွင့်လှစ်ထားသည်။ လိပ်စာများမှာ-
    • ASA Bloomer Building, 88 Merchants Row, Rutland, VT 05701 
    • Waterbury Armory, 294 Armory Drive, Waterbury, VT 05676
    • Barre Auditorium, 16 Auditorium Hill, Barre, VT 05641
    • Flood Brook School, 91 Vermont – 11, Londonderry, VT 05148

နောက်ထပ်နေရာများကို အသင့်ဖြစ်ပါက ကြေညာသွားမည် ဖြစ်သည်။ DRC နေရာများနှင့် ဖွင့်ချိန်များကို DRC Locator (fema.gov/drc). တွင် တွေ့နိုင်ပါသည်။ 

ကူညီရေးဌာနများက အောက်ပါတို့ကို ဆောင်ရွက်ပေးနိုင်သည်-

  • လျှောက်လွှာဖြည့်ရန် ကူညီပေးခြင်း။
  • ဘေးဒဏ်သင့်သူများ၏ လျှောက်လွှာအခြေအနေကို ရှင်းပြခြင်း။
  • FEMA သို့ ထပ်ဆောင်းစာရွက်စာတမ်းများ ကူညီပေးပို့ခြင်း။
  • ဘေးဒဏ်သင့်သူများအား အခြားအကူအညီအမျိုးမျိုးကမ်းလှမ်းထားသည့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ လမ်းညွှန်စာ ရေးပေးခြင်း။
  • ယူအက်စ် အသေးစားလုပ်ငန်းစီမံခန့်ခွဲမှုဌာနထံမှ ချေးငွေနှင့် စားသုံးသူဝန်ဆောင်မှုရရှိစေခြင်း

 

အေဂျင်စီအမျိုးမျိုး၏ ရင်းမြစ်ဌာနများ (MARCs)-

MARC သည် ကပ်ဘေးဒဏ်သင့်သူများအား ကူညီရန် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ စုစည်းထားသည့် အဖွဲ့ဖြစ်သည်။ MARCs သည် ပူးပေါင်းလုပ်ဆောင်သည့် အဖွဲ့များဖြစ်သည်။ 

၎င်းတို့၏ လိပ်စာနှင့် ဖွင့်ချိန်များကို ဤနေရာတွင် တွေ့နိုင်သည် - https://vem.vermont.gov/flood/marc

ကပ်ဘေးဒဏ်သင့်သူများအတွက် အကူအညီ (DSA)-

DSA အဖွဲ့များသည် FEMA မှဖြစ်ပြီး ဗာမွန့်အသိုင်းအဝိုင်းအတွင်း ရပ်ကွက်များတွင် တစ်အိမ်ဝင်တစ်အိမ်ထွက် သွားရောက်ပြီး ဘေးဒဏ်သင့်သူများက FEMA အကူအညီလျှောက်ထားနိုင်ရန် ကူညီပေးနေပါသည်။ 

DSA အဖွဲ့သားများသည် အိမ်များ၊ စာသင်ကျောင်းများ၊ ပရဟိတနှင့် သွားလာရန်ခက်ခဲသော နေရာများသို့ သွားရောက်ပါသည်။ သူတို့သည် ကပ်ဘေးဆိုင်ရာ ပြဿနာများနှင့် လိုအပ်နေဆဲ အခက်အခဲများကို သိရှိနိုင်ရန်အတွက် ဒေသတွင်း အာဏာပိုင်များ၊ လူမှုအဖွဲ့အစည်း ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံပါသည်။

DSA အဖွဲ့သားများသည် ကပ်ဘေးဒဏ်သင့်သူများက အကူအညီအတွက် လျှောက်ထားနိုင်ရန်၊ ၎င်းတို့၏ နောက်ဆုံးအချက်အလက်များကို ဖြည့်သွင်းနိုင်ရန်နှင့် စေတနာ့ဝန်ထမ်း အေဂျင်စီများသို့ ညွှန်ပေးနိုင်ရန် ကူညီပါသည်။ နေထိုင်သူများအား တက်ဘလက်သုံးပြီး မှတ်ပုံတင်ရန် သို့မဟုတ် ၎င်းတို့ကိုယ်စား အချက်အလက်များ ဖြည့်သွင်းရန် ကူညီပေးနိုင်ပါသည်။ DSA ဝန်ထမ်းများသည် ၎င်းတို့၏ ဓာတ်ပုံပါ FEMA တံဆိပ်ကို ချိတ်ဆွဲထားကြပါသည်။ 

ယူအက်စ် အသေးစားလုပ်ငန်းစီမံအုပ်ချုပ်မှုဌာန (SBA) 

SBA သည် လုပ်ငန်း ပြန်လည်ထူထောင်ရေးဌာန (BRCs) များကို နေရာ သုံးခုတွင် ဖွင့်လှစ်ပြီး အိမ်ပိုင်ရှင်များ၊ အိမ်ငှားများ၊ လုပ်ငန်းအရွယ်အမျိုးမျိုးနှင့် ပရဟိတအဖွဲ့အစည်းများက အကူအညီလိုအပ်နေပါက SBA ရေရှည် အတိုးနှုန်းနိမ့် ချေးငွေများ လျှောက်ထားနိုင်ရန် ကူညီနေပါသည်-

  • Washington County: 751 Granger Road Berlin, Vermont 05641 
  • Windsor County: 126 Main Street Ludlow, Vermont 05149 
  • Lamoille County: 29 Sunset Drive, Morrisville, VT 05661

လိပ်စာနှင့် ဖွင့်ချိန်များအတွက် ဤနေရာသို့ ဝင်ကြည့်ပါ- https://www.sba.gov/article/2023/07/17/sba-offers-disaster-assistance-businesses-residents-vermont-affected-recent-severe-storms-flooding

အကယ်၍ သင်သည် သတ်မှတ်ချက်တွက် မပါဝင်သည့် ကောင်တီတွင် နေထိုင်သော်လည်း အပျက်အစီးရှိပါက FEMA အကူအညီလိုင်းသို့ ၈၀၀-၆၂၁-၃၃၆၂ ကို ဖုန်းခေါ်၍ လျှောက်ထားနိုင်ပါသည်။ သင့်ကောင်တီကို သတ်မှတ်စာရင်း ထည့်သွင်းလိုက်ချိန်တွင် သင့်လျှောက်လွှာကို စတင်ဆောင်ရွက်ပါမည်။ 

နောက်ဆုံး သတင်းအချက်အလက်များအတွက် fema.gov/disaster/4720.  ကို ဝင်ကြည့်ပါ။ FEMA ဒေသ ၁ အကောင့်ကို တွစ်တာတွင် twitter.com/FEMARegion1  သို့မဟုတ် ဖေ့ဘုတ်တွင် facebook.com/FEMA. လိုက်ကြည့်ပါ။ 

ဗာမွန့်၏ တုံ့ပြန်ချက်နှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ နောက်ဆုံးသတင်းအချက်အလက်များအတွက် ဗာမွန့် အရေးပေါ် စီမံခန့်ခွဲမှု အေဂျင်စီ ကို တွစ်တာတွင်  twitter.com/vemvt  နှင့် ဖေ့ဘုတ်တွင် facebook.com/vermontemergencymanagement တို့၌ လိုက်ကြည့်ပါ။ 

သဘာဝကပ်ဘေးအတွက် အကူအညီများသည် သာတူညီမျှဖြစ်ရန်၊ လူမျိုး၊ အသားအရောင်၊ နိုင်ငံသား၊ လိင်၊ အသက်၊ မသန်စွမ်းဖြစ်မှု၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်မှု သို့မဟုတ် စီးပွားရေးအခြေအနေတို့အပေါ် အခြေခံပြီး ခွဲခြားမှုမရှိဘဲ အကူအညီရယူနိုင်ရန် FEMA ကဆောင်ရွက်နေပါသည်။ သဘာဝဘေးဒဏ် ခံရသူတိုင်း သို့မဟုတ် ပြည်သူတိုင်းသည် ၎င်းတို့အား ခွဲခြားဆက်ဆံခံရသည်ဟု ယူဆပါက FEMA လူထုအခွင့်အရေးရုံးသို့ ဆက်သွယ်နိုင်ပါသည်။ FEMA ၏ လူထုအခွင့်အရေးရုံးထံ ၈၃၃-၂၈၅-၇၄၄၈ သို့ အခမဲ့ ဖုန်းခေါ်နိုင်ပါသည်။ ဘာသာစုံပြောဆိုသူများက ဖုန်းကို ဖြေကြားပေးနိုင်ပါသည်။

Tags:
နောက်ဆုံးအချက်အလက်