FEMA ထံမှ ကပ်ဘေးအကူအညီအတွက် မှတ်ပုံတင်ခြင်းသည် အခြား အစိုးရအကျိုးခံစားခွင့်များ အတွက် အကျုံးဝင်မှုအပေါ် သက်ရောက်မှု မရှိပါ။
FEMA ထောက်ပံ့ကြေးများသည် အခွန်ပေးဆောင်ရသည့် ဝင်ငွေမဟုတ်ဘဲ သင်လက်ရှိ သတ်မှတ်ချက်ပြည့်မီသည့် အခြား ဖယ်ဒရယ် သို့မဟုတ် ပြည်နယ်အကျိုးခံစားခွင့်များကို လျှော့ပေါ့ခြင်းမပြုဘဲ သို့မဟုတ် ပယ်ဖျက်ခြင်း မပြုဘဲ လက်ခံရယူနိုင်သည်။ ၎င်းတွင် လူမှုဖူလုံရေး၊ မယ်ဒီကဲ၊ မယ်ဒီကိတ် အကျိုးခံစားခွင့်များ၊ ဗာမွန့်ပြည်နယ်မှ တစ်ဆင့် ရရှိသည့် ထပ်ဆောင်းအာဟာရအစီအစဉ် (SNAP)၊ ရိချ်အပ် သို့မဟုတ် လိုအပ်နေသည့်မိသားစုကို ပေးသည့် ယာယီအစီအစဉ်များ ပါရှိသည်။
အကယ်၍ သင်သည် ကလေဒိုးနီးယား၊ ချီတန်ဒန်၊ လာမိုးလီး၊ အောရိန်း၊ အော်လင်းစ်၊ ရုလန်၊ ဝါရှင်တန်၊ ဝင်ဟမ်နှင့် ဝင်ဆာ ကောင်တီများတွင် ဖြစ်ပွားခဲ့သော ရေဘေးဒဏ်ခံခဲ့ရသူဖြစ်ပါက အာမခံ သို့မဟုတ် အခြားရင်းမြစ်များထံမှ အကူအညီ မရရှိသည့် ကပ်ဘေးကြာင့် ကုန်ကျစရိတ်များအတွက် FEMA က ကူညီပေးနိုင်ပါသည်။ အကူအညီလျှောက်ထားရန်အတွက် အွန်လိုင်းတွင် DisasterAssistance.gov သို့ သွားပါ။ သို့မဟုတ် FEMA App ကို ဒေါင်းလုဒ်လုပ်ပါ။ သို့မဟုတ် FEMA အကူအညီလိုင်း ၈၀၀-၆၂၁-၃၃၆၂ ကို ဖုန်းခေါ်ပါ။ အကယ်၍ သင်သည် ထပ်ဆင့်ပို့သည့် ဝန်ဆောင်မှုဖြစ်သော ဗီဒီယို ထပ်ဆင့်ပို့ဝန်ဆောင်မှု (VRS)၊ ဖုန်းစာသားဝန်ဆောင်မှု သို့မဟုတ် အခြား အလားတူ ဝန်ဆောင်မှုကို သုံးပါက သင်လျှောက်ထားချိန်တွင် သင့်နံပါတ်ကို FEMA အား ပေးပါ။
နောက်ဆုံး သတင်းအချက်အလက်များအတွက် fema.gov/disaster/4720. ကို ဝင်ကြည့်ပါ။ FEMA ဒေသ ၁ အကောင့်ကို တွစ်တာတွင် twitter.com/FEMARegion1 သို့မဟုတ် ဖေ့ဘုတ်တွင် facebook.com/FEMA. လိုက်ကြည့်ပါ။ ဗာမွန့်၏ တုံ့ပြန်ချက်နှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ နောက်ဆုံးသတင်းအချက်အလက်များအတွက် ဗာမွန့် အရေးပေါ် စီမံခန့်ခွဲမှု အေဂျင်စီ ကို တွစ်တာတွင် twitter.com/vemvt နှင့် ဖေ့ဘုတ်တွင် facebook.com/vermontemergencymanagement တို့၌ လိုက်ကြည့်ပါ။
သဘာဝကပ်ဘေးအတွက် အကူအညီများသည် သာတူညီမျှဖြစ်ရန်၊ လူမျိုး၊ အသားအရောင်၊ နိုင်ငံသား၊ လိင်၊ အသက်၊ မသန်စွမ်းဖြစ်မှု၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်မှု သို့မဟုတ် စီးပွားရေးအခြေအနေတို့အပေါ် အခြေခံပြီး ခွဲခြားမှုမရှိဘဲ အကူအညီရယူနိုင်ရန် FEMA ကဆောင်ရွက်နေပါသည်။ သဘာဝဘေးဒဏ် ခံရသူတိုင်း သို့မဟုတ် ပြည်သူတိုင်းသည် ၎င်းတို့အား ခွဲခြားဆက်ဆံခံရသည်ဟု ယူဆပါက FEMA လူထုအခွင့်အရေးရုံးသို့ ဆက်သွယ်နိုင်ပါသည်။ FEMA ၏ လူထုအခွင့်အရေးရုံးထံ ၈၃၃-၂၈၅-၇၄၄၈ သို့ အခမဲ့ ဖုန်းခေါ်နိုင်ပါသည်။ ဘာသာစုံပြောဆိုသူများက ဖုန်းကို ဖြေကြားပေးနိုင်ပါသည်။