သဘာဝဘေးအန္တရာယ်များသည်၎င်းတို့၏ ပြင်းအားပမာဏ ၊ ၎င်းတို့ ထိခိုက်သက်ရောက်သည့်နေရာဒေသနှင့် ၎င်းတို့ဘေးဒဏ်ခံရသည့် လူများအပေါ် မူတည်၍ ကွဲပြားခြားနားသည်။ ထို့အတွက်ကြောင့် ဘေးအန္တရာယ်တစ်ခုပြီးနောက် သင်လိုအပ်ချက်မှာလည်း ကွဲပြားခြားနားလိမ့်မည်။FEMA အကူအညီသည် မုန်တိုင်းအပြီးနောက်ဆက်တွဲ သင့်မှာရှိနိုင်သည့်လိုအပ်ချက်အမျိုးမျိုးကိုကူညီပေးနိုင်ရန် ရည်ရွယ်ထားသည်။
သင်သည် FEMA အကူအညီကိုရရှိဖို့သတ်မှတ်သောအရည်အချင်းနှင့်ကိုက်ညီပါက၊ရေ၊ အစားအစာ၊ မွေးကင်းစကလေးနှို့မှုန့်၊ ဆေးဘက်ဆိုင်ရာ အထောက်အပံ့များနှင့် အခြားအရာများကဲ့သို့ မရှိမဖြစ်လိုအပ်သောပစ္စည်းများအတွက်ကူညီမည့်ငွေကိုအရင်ရနိုင်ပါသည်။ သင်သည်နောက်ထပ်အခြားအကူအညီပုံစံများနှင့်လည်းသတ်မှတ်အရည်အချင်းနှင့်ကိုက်ညီမှုရှိမရှိဆုံးဖြတ်ပေးဖို့ သင်၏လျှောက်လွှာကိုလည်း စစ်ဆေးကြည့်ရှုမည်ဖြစ်သည်။ FEMA သည် မည်သည့်အရာများအတွက် ငွေပေးမည်ကိုသေချာမသိလျှင်တောင်မှသင့်အိမ်နှင့် ပစ္စည်းပိုင်ဆိုင်မှုများ၏ ထိခိုက်ပျက်စီးဆုံးရှုံးမှုများကိုတတ်နိုင်သမျှ ဓာတ်ပုံရိုက်ယူထားပါ။ ပြီးလျှင်အကူအညီအတွက် အချိန်ယူပြီးလျှောက်ထားပါ။
အောက်ပါအချက်များမှာ သဘာဝဘေးအန္တရာယ်တစ်ခုပြီးနောက်သင်လျှောက်ထားရယူရန် သတ်မှတ်အရည်အချင်းပြည့်မီနိုင်သည့်အရာဆယ်ခုဖြစ်သည်။
အိမ်ပြုပြင်ခြင်းသို့မဟုတ် အိမ်အစားထိုးဆောက်ခြင်း
အကယ်၍သင့်အိမ်သည် သဘာဝဘေးကြောင့် ပျက်စီးသွားပါက၊ သင့်အိမ်ကို ပြန်လည်ပြုပြင်ရန် သို့မဟုတ် အစားထိုးဆောက်ရန် ကူညီပေးဖို့
ငွေလက်ခံရရှိနိုင်ပါသည်။ထိုအကူအညီတွင် သဘာဝဘေးကြောင့် ဖြစ်ပေါ်လာသော သင့်အိမ်ရှိ မှိုများကို ကိုင်တွယ်ဖြေရှင်းပေးဖို့ ကူညီပေးမည့် ငွေပင်ပါဝင်နိုင်သည်။
မသန်စွမ်းသူများအတွက်သုံးစွဲရမည့်လိုအပ်ချက်များ။
အကယ်၍သင့်တွင် ခန္ဓာကိုယ်မသန်စွမ်းမှုရှိပါကအပြင်ဘက်ချဉ်းကပ်လမ်း၊လက်ကိုင်တန်းများနှင့်အိမ်ဝင်ပေါက်အထိခင်းထားသောလမ်းများ စသည့် အိမ်ထဲအဆင်ပြေစွာဝင်ထွက်နိုင်ရန်အထူးပြုပြင်မှုများအတွက်ကူညီပေးမည့်ငွေကိုသင်ရနိုင်သည်၊ သဘာဝဘေးအန္တရာယ်မတိုင်မီက အိမ်မှာအဆိုပါအရာများမရှိခဲ့သော်လည်းနဂိုကတည်းကရှိပြီးသားခန္ဓာကိုယ်မသန်စွမ်းမှုသို့မဟုတ် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသော ခန္ဓာကိုယ်မသန်စွမ်းမှုကြောင့်အိမ်မှာထိုအရာများရှိဖို့လိုအပ်လျှင်တိုးတက်မှုများအဖြစ်ပြုလုပ်နိုင်သည်၊
အိမ်ငှားပေးမည့်အကူအညီ။
သဘာဝဘေးအန္တရာယ်ကြောင့်နေအိမ်မှ ရွှေ့ပြောင်းခံရပါက အိမ်ငှားရမ်းရန်ငွေရရှိနိုင်သည်။
ပုဂ္ဂလိကပိုင်လမ်းများ၊ တံတားများ သို့မဟုတ် သင်္ဘောဆိပ်များ။
သဘာဝဘေးအန္တရာယ်ကြောင့်သင့်အိမ်သို့ ဝင်ရောက်ရသည့်တခုတည်းသောနေရာသည်ပျက်စီးသွားပါက ပြန်လည်ပြုပြင်ဖို့အတွက် ငွေရနိုင်သည်။
နေရာရွှေ့ပြောင်းခြင်း။
အကယ်၍သင်သည် သဘာဝဘေးဒဏ်ကြောင့် သင့်အိမ်သို့ မပြန်နိုင်ပါက ချက်ချင်းနေစရာအိမ်လိုအပ်ချက်အတွက်အကူအညီပေးမည့် ငွေရရှိနိုင်ပါသည်။ အဆိုပါငွေကို မိသားစု၊ သူငယ်ချင်းများနှင့်အတူ ဟိုတယ်မှာ တည်းခိုရန် သို့မဟုတ် ယာယီနေစရာအိမ်ရှာဖွေနေချိန်တွင်အခြားရွေးချယ်စရာများအတွက်အသုံးပြုနိုင်ပါသည်။
ကိုယ်ပိုင်ပစ္စည်းဥစ္စာများ
စက်ပစ္စည်းများ၊အခန်းပရိဘောဂများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော ကိုယ်ပိုင် သို့မဟုတ် မိသားစုကွန်ပြူတာ၊ စာအုပ်များ၊ ယူနီဖောင်းဝတ်စုံများ၊ ကိရိယာများ၊ အပိုကွန်ပြူတာများနှင့် ကိုယ်ပိုင်လုပ်ငန်းအပါအဝင် ကျောင်း သို့မဟုတ် အလုပ်အတွက် လိုအပ်သော အခြားပစ္စည်းများကို ပြန်လည်ပြုပြင်ရန် သို့မဟုတ် အစားထိုးရန် ကူညီပေးမည့်ငွေကိုရရှိနိုင်ပါသည်။
ကလေးထိန်းအကူ။
သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ပေါ်လာသည့် တိုးမြှင့်လာသောသို့မဟုတ် ကလေးထိန်းအကူအသစ် ကုန်ကျမှုစရိတ်အတွက် ကူညီပေးမည့်ငွေကို ရရှိနိုင်သည်။
လမ်းပန်းဆက်သွယ်သွားလာရေး။
သင့်မှာသုံးစွဲစရာအခြားယာဉ်မရှိသည့်အခါသဘာဝဘေးအန္တရာယ်ကြောင့်ပျက်စီးသွားသော မော်တော်ယာဉ်ကို ပြုပြင်ရန် သို့မဟုတ်တခြားယာဉ်ဖြင့် အစားထိုးလှဲလှယ်ရန် ကူညီပေးမည့်ငွေကို ရနိုင်သည်။
ပြောင်းရွှေ့ခြင်းနှင့်ပစ္စည်းသိုလှောင်မှုကုန်ကျစရိတ်။
သဘာဝဘေးဒဏ်ကြောင့် သင့်အိမ်ကို ပြန်လည်ပြုပြင်နေစဉ် သို့မဟုတ် သဘာဝဘေးဒဏ်ကြောင့် နေရာအသစ်သို့ ပြောင်းရွှေ့ရသည့်အခါတွင် နောက်ဆက်တွဲ ပျက်စီးဆုံးရှုံးမှုများကိုကာကွယ်ဖို့ သင့်အိမ်ကနေ ကိုယ်ပိုင်ပစ္စည်းများကို ရွှေ့ပြောင်းရန်နှင့် သိုလှောင်သိမ်းဆည်းရန် ကူညီပေးမည့် ငွေကိုရနိင်သည်။
ဆေးဝါးကုသမှုဆိုင်ရာ/သွားကုသမှုဆိုင်ရာအကူအညီ။
အကယ်၍သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် နာမကျန်းဖြစ်ပါက ဆေးဖိုးကုန်ကျစရိတ်အား ပေးရန် ကူညီပေးမည့် ငွေရနိုင်ပါသည်။ ထိုငွေကို ဆေးဝါးကုသမှုဆိုင်ရာ/သွားကုသမှုဆိုင်ရာပစ္စည်းကရိယာများ၊နို့တိုက်ကျွေးခြင်းအသုံးအဆောင်ကိရိယာများသို့မဟုတ် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသောသို့မဟုတ် ဆုံးရှုံးသွားသော ဆရာဝန်ညွန်ကြားချက်ဖြင့်သောက်ရသောဆေးဝါးများကိုအသစ်ဝယ်အစားထိုးရန် အသုံးပြုနိုင်သည်။
အထက်ဖော်ပြပါအရာများသည် FEMA မှ ကူညီပေးနိုင်သည့်အရာအချို့ဖြစ်သည်။ဟာရီကိန်းမုန်တိုင်းHelene နှင့် Milton တို့ ဘေးဒဏ်ခံရသူတိုင်း အဆိုပါအရာများနှင့်သတ်မှတ်ချက်ကိုက်ညီမှုရှိမရှိဆုံးဖြတ်ရန် အကူအညီများကိုလျှောက်ထားတောင်းခံသင့်ပါသည်။
အကူအညီများလျှောက်ထားရာတွင်DisasterAssistance.gov, သို့သွားရောက်ကြည့်ရှုပြီး၊ FEMA App ကို ဒေါင်းလုဒ်လုပ်ကာ FEMA အကူအညီလိုင်း 800-621-3362 (ဘာသာစကားအတော်များများဖြင့်ရနိုင်သည်) သို့မဟုတ် သင့်အနီးဝန်းကျင်ရှိ သဘာဝဘေးဒဏ်ပြန်လည်ထူထောင်ရေးစင်တာမှာ လူကိုယ်တိုင်သွားရောက်လျှောက်ထားနိုင်ပါသည်။