South Carolina ရှိ လယ်သမားများ၊ သစ်တောပိုင်ရှင်များနှင့် စိုက်ပျိုးရေး စီးပွားရေးလုပ်ငန်းရှင်များသည် FEMA အထောက်အပံ့အတွက် သတ်မှတ်အရည်အချင်း ပြည့်မီကြပါလိမ့်မည်။

Release Date Release Number
NR-70
Release Date:
နိုဝင်ဘာလ 26, 2024

COLUMBIA, S.C.- South Carolina ရှိ လယ်သမားများ၊ သစ်တော လုပ်သားများ၊ အလုပ်သမားများ နှင့် ကိုယ်ပိုင်လုပ်ငန်းလုပ်သူ တဦးချင်းစီ တို့သည် ယင်းတို့အနေနှင့် စိုက်ပျိုးရေး စီးပွားရေးလုပ်ငန်းများတွင် လုပ်ကိုင် ပြီး ယင်းတို့၏ လက်နက်ကိရိယာများ ပစ္စည်းများသည် Hurricane Helene ကြောင့် ထိခိုက်ပျက်စီးခဲ့ပါက သဘာဝဘေးအန္တရာယ် အထောက်အပံ့အတွက် သတ်မှတ်အရည်အချင်း ပြည့်မီနိုင်ပါလိမ့်မည်။ FEMA အထောက်အပံ့သည် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့ရ သည့် မရှိမဖြစ်လိုအပ်သော ကိရိယာများ၊ အထောက်အကူများ၊ လုပ်ငန်းသုံး ပစ္စည်းများနှင့်အလုပ်အတွက်သို့မဟုတ်ကိုယ်ပိုင်လုပ်ငန်းအတွက်လိုအပ်သည့် အရာများကို ပြန်လည်အစားထိုးရန်အတွက် ရနိုင်ပါသည်။

ကိရိယာများနှင့် လုပ်ငန်းသုံးပစ္စည်းများအတွက် အကျုံးဝင်မှု

မိသားစုပိုင်လယ်ယာများတွင် ပုံမှန်အားဖြင့် လုပ်ငန်းသုံးပစ္စည်အမျိုးစား များစွာကိုလုပ်ငန်းလုပ်ဆောင်ရန် လိုအပ်ပါသည်။ ယင်းတို့တွင် နောက်တွဲယာဉ်များ၊ တွန်းရန်ကော်ရန် ပစ္စည်းများ၊ အစေ့ကျဲရန် သို့မဟုတ်အပင်စိုက်ရန်ပစ္စည်းများ၊ ရိတ်သိမ်းစရာများ၊ ဆေးဖြန်းပစ္စည်းများ၊ ကောက်ရိုးထုံးစက်များနှင့် လုပ်ငန်းသုံးယာဉ်များ ပါဝင်ပြီး ယင်းတို့ချည်းသာ ဟု ကန့်သတ်ထားမှုလည်းမရှိပါ။ အကယ်၍ လျှောက်ထားသူက ယင်းတို့သည့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးရကြောင်း ပြသနိုင်ပါက၊လျှောက်ထားသူတွင် ထိုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သည့်အလုပ်လုပ်ရန် အခြားပစ္စည်းမရှိတော့ပါက၊ ထိုဆုံးရှုံး သွားသောပစ္စည်းသည် အာမခံကြေးအကျုံးဝင်ခြင်းမရှိပါက ထိုအရာများ အားလုံးသည် ယေဘုယျအားဖြင့် FEMA သဘာဝဘေးအန္တရာယ်အထောက် အပံ့အတွက် သတ်မှတ်အရည်အချင်း ပြည့်မီကြပါသည်။ သီးနှံများနှင့် လယ်ယာ မွေးမြူရေးတိရိစ္ဆာန်များသည် “ ကိရိယာများနှင့် လုပ်ငန်းသုံးပစ္စည်းများ” မဟုတ်ပါ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည့် လယ်သမားက လယ်ယာလုပ်ငန်းဆောင်ရွက်ရာမှ ထွက်ရှိလာသော ထွက်ကုန်များဖြစ်သည်။ ဤနေရာတွင် ကိရိယာများနှင့် လုပ်ငန်းသုံးပစ္စည်း များသည် ကုန်ထုတ်လုပ်ရန် ပစ္စည်းများဖြစ်ကြသည်။

လယ်သမားများ၊ လယ်ယာခြံအလုပ်သမားများ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်သူ များနှင့် သစ်တောလုပ်သားများတို့သည် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသည် ကိရိယာများနှင့် လုပ်ငန်းသုံးပစ္စည်းများ ယင်းတို့သည် အာမခံ မရှိကြဘဲ သူတို့၏အလုပ်ရှင်များအနေနှင့်ထိုပစ္စည်းများကို လုပ်ငန်း အတွက် လိုအပ်ကြောင်း ပြသနိုင်ပါက ထိုပစ္စည်းများကို အစားထိုးလဲလှယ် ရန် အထောက်အပံ့အတွက် သတ်မှတ်အရည်အချင်း ပြည့်မီနိုင်ကြပါလိမ့်မည်။

အထောက်အပံ့သည် သဘာဝဘေးအန္တရာယ်ကြောင့်ပျက်စီးသွားသည့် မရှိမဖြစ်လိုအပ်သော ကိရိယာများ၊ အထောက်အကူများ၊ လုပ်ငန်းသုံးပစ္စည်း များ သို့မဟုတ် အခြားသော လိုအပ်သည့်အရာများ ယင်းတို့သည့် လုပ်ငန်းရှင် မှ အလုပ်အတွက် လိုအပ်သည့်အနေအထားဖြစ်ခြင်း သို့မဟုတ် သင်ကြား ပြသရန် လိုအပ်ခြင်း၊ ယင်းတို့ကို ပြန်လည်အစားထိုးရန် လိုအပ်ချက်အပေါ် အခြေခံပါသည်။ ယင်းတွင် အလားတူ ပါဝင်နိုင်သည်မှာ လုပ်ငန်းရှင်မှ ဖြည့်ဆည်းခြင်း သို့မဟုတ် ထောက်ပံ့ပေးခြင်း မလုပ်နိုင်သည် သီးသန့် ကုန်သွယ်မှု သို့မဟုတ် ကျွမ်းကျင်မှု အတွက် လိုအပ်သော ပစ္စည်းများဖြစ်နိုင်ပါသည်။

ယင်းလိုအပ်ချက်ကို ပြည့်မီစေရန် အပိုဆောင်း အထောက်အပံ့ကို အသေးစား စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် အမေရိကန်စိုက်ပျိုးရေးဌာနတို့မှ ရရှိနိုင်ပါ လိမ့်မည်။

FEMA အထောက်အပံ့အတွက်ဘယ်လိုလျှောက်ထားရမလဲ။

Hurricane Helene ကြောင့် ထိခိုက်မှုရှိခဲ့သည့် Abbeville၊ Aiken၊ Allendale၊ Anderson၊ Bamberg၊ Barnwell၊ Beaufort၊ Cherokee၊ Chester၊ Edgefield၊ Fairfield၊ Greenville၊ Greenwood၊ Hampton၊ Jasper၊ Kershaw၊ Laurens၊ Lexington၊ McCormick၊ Newberry၊ Oconee၊ Orangeburg၊ Pickens၊ Richland၊ Saluda၊ Spartanburg၊ Union၊ York ကောင်တီများရှိ အိမ်ပိုင်ရှင်များနှင့် ငှားရမ်းသူများ အပြင် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များသည် ဖက်ဒရယ် အထောက်အပံ့ကို နည်းလမ်းများစွာဖြင့် လျှောက်ထားနိုင်ပါသည်။

လျှောက်ထားပုံနှင့်ပတ်သက်၍ အမေရိကန်သင်္ကေတဘာသာစကား၊ နောက်ခံစကားပြောနှင့် စာတမ်းထိုးများပါသည့် ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် ဤ လင့် ကိုရွေးချယ်ပါ။ FEMA အစီအစဉ်များသည် ဘေးအန္တရာယ်မှလွတ်မြောက်လာသော မသန်စွမ်းသူများနှင့် လက်တွေ့လုပ်ဆောင်ရန် လိုအပ်ချက်ရှိသူများအတွက် အထောက်အကူပေးပါသည်။

Tags:
နောက်ဆုံးသတင်း