BURLINGTON, VT –2023 ခုနှစ်ဇူလိုင်လ 7 ရက်နေ့နှင့် နောက်ပိုင်းဆက်တိုက်ဖြစ်ပွားနေသောပြင်းထန်သည့်မုန်တိုင်းများနှင့်ရေလွှမ်းမိုးမှုများအတွက် FEMA အထောက်အကူလျှောက်ထားကြသောဗားမောင့်ပြည်နယ်တွင်းနေထိုင်ကြသူများသည် FEMA မှဆုံးဖြတ်ချက်စာတစ်စောင် လက်ခံရရှိပါမည်။ ၎င်းက သင်သည် အထောက်အကူရရှိရန် အကျုံးမဝင်ကြောင်း ပြောဆိုနိုင်သော်လည်း ငြင်းဆန်ခြင်း မဟုတ်ပါ။
၎င်းစာအတွင်း FEMA မှ ပေးအပ်နိုင်မည့် အထောက်အကူပမာဏနှင့် ဘေးဒုက္ခဆိုင်ရာ အထောက်အကူရန်ပုံငွေများကို သင့်လျော်စွာအသုံးပြုပုံအကြောင်း အချက်အလက်များ ပါဝင်မည်ဖြစ်သောကြောင့် ၎င်းစာကို ဂရုတစိုက်ဖတ်ရှုရန် အရေးကြီးပါသည်။ စာက သင်၏ လျှောက်လွှာအခြေအနေအကြောင်းလည်း ရှင်းပြမည်ဖြစ်ပြီး သင့်အကြိုက်မဟုတ်သည့် ဆုံးဖြတ်ချက်တစ်ခုအတွက် အယူခံရန် ဘာလုပ်ဖို့လိုအပ်ကြောင်း အကြံဉာဏ်ပေးပါလိမ့်မည်။
ဘဏ္ဍာရေးအထောက်အကူရရှိရန် FEMA အနေဖြင့် သင်၏ လျှောက်လွှာကို ဆက်လက်စိစစ်သုံးသပ်ရန်အတွက် သင့်အနေဖြင့် ထပ်ဆောင်းအချက်အလက်များ သို့မဟုတ် ထောက်ကူစာရွက်စာတမ်းများ ပေးပို့ရန်သာ လိုအပ်လေ့ရှိတတ်ပါသည်။ လိုအပ်နေသေးသည့် စာရွက်စာတမ်းများအတွက် ဥပမာများတွင် ပါဝင်နိုင်သည်မှာ
- အာမခံ အကာအကွယ်ဆိုင်ရာ အထောက်အထား
- အာမခံဆိုင်ရာ တောင်းဆိုချက်များကို သဘောတူဖြေရှင်းမှု သို့မဟုတ် အာမခံပေးအပ်သူထံမှ ငြင်းဆန်သည့်စာ
- မည်သူမည်ဝါဖြစ်ကြောင်း သက်သေအထောက်အထား
- နေထိုင်မှု သက်သေအထောက်အထား
- ပိုင်ဆိုင်မှု သက်သေအထောက်အထား
- ပျက်စီးသွားသော အိမ်ခြံမြေသည် ဘေးဒုက္ခကျရောက်ချိန်တွင် လျှောက်ထားသူ၏ ပင်မနေရပ်ဖြစ်ခဲ့ကြောင်း အထောက်အထား။
သင်၏စာနှင့် ပတ်သက်၍ သင့်ထံတွင်မေးခွန်းများရှိပါက ဘေးဒုက္ခဆိုင်ရာ အထောက်အကူ ကူညီရေးဖုန်းလိုင်းနံပါတ် 800-621-3362 ကို ခေါ်ဆိုပါ။ အထူးကျွမ်းကျင်သူများကို တစ်ပတ်လျှင် ခုနစ်ရက်၊ တစ်နှစ်လျှင် 365 ရက်ပတ်လုံး ရရှိနိုင်ပါသည်၊ ဘာသာပြန်ဝန်ဆောင်မှုများလည်း ရရှိနိုင်ပါသည်။ အကယ်၍ သင်သည် ဗီဒီယိုတစ်ဆင့်ခံဝန်ဆောင်မှု (Video Relay Service (VRS)) ကဲ့သို့သော တစ်ဆင့်ခံဝန်ဆောင်မှု၊ စာသားထည့်ပေးသည့် တယ်လီဖုန်းဝန်ဆောင်မှု သို့မဟုတ် အခြားအရာများ အသုံးပြုပါက သင်လျှောက်ထားချိန်တွင် အဆိုပါဝန်ဆောင်မှုရရှိရန် သင့်နံပါတ်ကို FEMA အား ပေးအပ်ပါ။
FEMA ၏ ဆုံးဖြတ်ချက်ကို အယူခံဝင်ခြင်း
FEMA ၏ ဆုံးဖြတ်ချက် သို့မဟုတ် ပေးအပ်သည့် အထောက်အကူ ပမာဏကို သင် သဘောမတူပါက အယူခံစာတစ်စောင်နှင့် နေအိမ်ပြင်ဆင်မှုများအတွက် ကန်ထရိုက်တာ၏ခန့်မှန်းချက်တစ်ခုကဲ့သို့ သင်၏တောင်းဆိုချက်ကို ထောက်ကူမည့် စာရွက်စာတမ်းများကို တင်သွင်းနိုင်ပါသည်။ သင်၏ အယူခံလွှာကို FEMA သို့ ပေးပို့ရန် သင့်အတွက် FEMA ဆုံးဖြတ်ချက်စာပါ ရက်စွဲမှ ရက်ပေါင်း 60 အချိန်ရှိပါသည်။
အခြားရင်းမြစ်တစ်ခုခု - အာမခံ၊ လူထုထောက်ပံ့ကြေး သို့မဟုတ်် စေတနာ့ဝန်ထမ်း အေဂျင်စီများမှ ဘဏ္ဍာရေး အထောက်အကူ - မှ တူညီသော ဘေးဒုက္ခနှင့် စပ်လျဉ်းသည့်လိုအပ်ချက်အတွက် ကုန်ကျစရိတ်များကို ကာပေးပြီးချိန်၌ FEMA က ဥပဒေအရ သင့်အား ချီးမြှင့်မှုတစ်ခု မပေးအပ်နိုင်ပါ။ အခြားတစ်နည်းဖြင့် ဆိုရလျှင် ပြန်လည်ပြုပြင်မှုများအတွက် သင်၏ အာမခံကုမ္ပဏီထံမှ ရန်ပုံငွေများကို သင် လက်ခံရရှိပြီးဖြစ်ပါက တူညီသော အိမ်ပြန်လည်ပြုပင်မှုများအတွက် FEMA က မပေးချေနိုင်ပါ။
သို့ပါသော်လည်း အာမခံလျော့နည်းထားရှိသူများအနေဖြင့် အာမခံတောင်းဆိုချက်များကို သဘောတူဖြေရှင်းပြီးနောက် မကာမိသည့်လိုအပ်ချက်များအတွက် အထောက်အကူများ ရရှိနိုင်ပါသည်။ FEMA က အခြေခံလိုအပ်ချက်များဖြင့် ကူညီပေးနိုင်စွမ်း ရှိနိုင်ပါသော်လည်း အာမခံဖြတ်နုတ်မှုများကို ကာပေးရန် အထောက်အကူ မပေးအပ်နိုင်ပါ။
အယူခံလွှာများသည် စာဖြင့်ရေးသားထားရမည်ဖြစ်ပြီး လက်မှတ်ထိုး ရက်စွဲတပ်ထားကာ အယူခံရခြင်း အကြောင်းရင်း(များ)ကို ရှင်းပြထားရပါမည်။ ယင်းအတွင်း ပါဝင်သင့်သည်မှာ -
- လျှောက်ထားသူ၏ အမည်အပြည့်အစုံံ
- ဘေးဒုက္ခနံပါတ် (DR-4720 -VT)
- ဘေးဒုက္ခမကျရောက်မီ ပင်မနေရပ်လိပ်စာ
- လျှောက်ထားသူ၏ လက်ရှိ ဖုန်းနံပါတ်နှင့် လိပ်စာ
- စာရွက်စာတမ်းအားလုံးပေါ်၌ သင်၏ ဂဏန်း ကိုးလုံးပါ FEMA လျှောက်လွှာ နံပါတ်
လျှောက်ထားသူ သို့မဟုတ် ပူးတွဲလျှောက်ထားသူ မဟုတ်သည့် တစ်စုံတစ်ဦးက အယူခံလွှာကို ရေးသားပါက အဆိုပါသူအနေဖြင့် ၎င်းကို လက်မှတ်ထိုးပြီး၊ အဆိုပါသူအား လျှောက်ထားသူကိုယ်စား ဆောင်ရွက်ပေးပါရန် အခွင့်အာဏာလွှဲအပ်သည့် လက်မှတ်ထိုးထားသော ကြေညာချက်တစ်စောင်နှင့်အတူ FEMA ထံ ပေးအပ်ရပါမည်။
အယူခံမှုများကို သင်၏ FEMA ဆုံးဖြတ်ချက် စာပေါ်တွင် မှတ်သားထားသည့်ရက်စွဲမှ ရက်ပေါင်း 60 အတွင်း အမှတ်အသားပြုပေးပို့ရပါမည်။ အယူခံလွှာများနှင့် ထောက်ကူစာရွက်စာတမ်းများကို သင်၏ FEMA အွန်လိုင်းအကောင့်မှ အပ်လုဒ်တင်သွင်းနိုင်ပါသည်။ အကောင့်တစ်ခု စတင်ထည့်သွင်းရန် DisasterAssistance.gov တွင်း ဝင်ရောက်ကြည့်ရှုပြီး ညွှန်ကြားချက်များအတိုင်း လိုက်နာပါ။
စာရွက်စာတမ်းများ တင်သွင်းရန် အခြားနည်းလမ်းများတွင်း ပါဝင်သည်မှာ -
စာတိုက်မှ - FEMA National Processing Service Center, P.O. Box 10055, Hyattsville MD 20782-7055
ဖက်စ် - 800-827-8112 Attention: FEMA
လျှောက်လွှာတင်ပုံအကြောင်း အမေရိကန် လက်ဟန်ခြေဟန်ပြ ဘာသာစကား ရရှိရန် www.youtube.com/watch?v=M1a6lYO5hgY သို့ သွားပါ။
ပြင်းထန်သော မုန်တိုင်းများနှင့် ရေလွှမ်းမိုးခြင်းများမှ ဗားမောင့်ပြည်နယ်၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ နောက်ဆုံးပေါ်အချက်အလက်များ ရရှိရန် FEMA.gov/Disaster/4720 တွင်း ဝင်ရောက်ကြည့်ရှုပါ။ facebook.com/FEMA ကိုလည်း သင် စောင့်ကြည့်နိုင်ပါသည်။