ဗာမွန့်တွင်နေထိုင်သူများ သိသင့်သည့် နိုင်ငံတော် ရေဘေးအာမခံ အစီအစဉ်

Release Date:
သြဂုတ်လ 10, 2023

လတ်တလော ဗာမွန့်တွင် ဖြစ်ပွားခဲ့သည့် မုန်တိုင်းကြောင့် ရေကြီးရေလျှံပြီး ပျက်စီးမှု ကြီးမားခဲ့ပါသည်။ သင့်အိမ်နှင့် လုပ်ငန်းကို နိုင်ငံတော် ရေဘေးအာမခံ အစီအစဉ်ဖြင့် အာမခံထားခြင်းဖြင့် သင့်အား လာမည့် ရေဘေးမှ ပြန်လည်ထူထောင်ရာတွင် ကူညီပေးနိုင်ပါသည်။

နိုင်ငံတော် ရေဘေးအာမခံအစီအစဉ်ဆိုတာ ဘာလဲ။

နိုင်ငံတော် ရေဘေးအာမခံ အစီအစဉ်သည် ရေဘေးဒဏ်ခံရနိုင်သည့် ဒေသများတွင် နေထိုင်သူများအား အာမခံရှိရန် ကူညီပေးနေသည့် အစီအစဉ် ဖြစ်ပါသည်။ FEMA က စီမံပြီး အာမခံကုမ္ပဏီ ၅၀ ကျော်ပါသည့် ကွန်ရက်မှ ပံ့ပိုးပေးပါသည်။ NFIP သည် အဆောက်အအုံပိုင်ရှင်များ၊ အိမ်ငှားများ၊ လုပ်ငန်းများကို ရေကျသွားချိန်တွင် မြန်ဆန်စွာ ပြန်လည်နလံထူရန်အတွက် ရေဘေးအာမခံဖြင့် ကူညီပါသည်။

အိမ်ငှားများ၊ အိမ်ပိုင်ရှင်များနှင့် လုပ်ငန်းများ

NFIP အာမခံများကို ဤအစီအစဉ်တွင် ပါဝင်ဆောင်ရွက်သည့် ဒေသများရှိ အိမ်ငှားများ၊ အိမ်ရှင်များနှင့် လုပ်ငန်းများအတွက် ရနိုင်ပါသည်။ NFIP တွင် ပါဝင်သည့် ကွန်မြူနတီများသည် ရေဘေးကြောင့် ဖြစ်ပေါ်သည့် အပျက်အစီးများကို လျှော့ချရန် အစီအစဉ်ကို လိုက်နာရာတွင် ဆောက်လုပ်သူများအား ပိုမိုခိုင်ခန့်သော အကာအကွယ်များ ထည့်သွင်းဆောက်လုပ်ခြင်း သို့မဟုတ် ရေဘေးဒဏ်အများဆုံးသင့်လေ့ရှိသည့် နေရာများတွင် ဆောက်လုပ်မှု လျှော့ချခြင်းတို့ ပါဝင်နိုင်သည်။ သင့်ကွန်မြူနတီ ပါဝင်ခြင်းရှိမရှိ သိနိုင်ရန် NFIP ရည်ညွှန်းမှု ခေါ်ဆိုရေးဌာန ၈၀၀-၄၂၇-၄၆၆၁ ကို ဖုန်းခေါ်ပါ သို့မဟုတ် FloodReady.Vermont.gov/Find_Funding/Flood_Insurance သို့ ဝင်ကြည့်ပါ။ 

ကျွန်ုပ်ဘာကြောင့် ရေဘေးအာမခံလိုအပ်သလဲ။

သင်နေထိုင်သည့် နေရာသည် “အန္တရာယ်ဖြစ်နိုင်ခြေမြင့်မားသည့်” နေရာမဟုတ်သည့်တိုင် ယင်းကဲ့သို့ အန္တရာယ် ဖြစ်နိုင်ခြေမြင့်မားသည့် နေရာပြင်ပတွင်လည်း ၂၀% အထိ ရေဘေးဒဏ်ခံရနိုင်ကြောင်း NFIP က ဖော်ပြသည်။ ရေလွှမ်းမိုးမှုသည့် တစ်လက်မရှိလျှင် ပျက်စီးမှုတန်ဖိုးသည် $၂၅,၀၀၀ အထိ ရှိနိုင်သည်။ FEMA အကူအညီသည် သင့်အိမ်အား ရေဘေးဒဏ်ခံရပြီးနောက်ပိုင်း လုံခြုံအောင် ပြုလုပ်ပေးနိုင်သော်လည်း အပျက်အစီးအားလုံးကို မကာမိနိုင်ပါ။ အကြီးများဆုံးသော ကပ်ဘေးကာလနောက်ပိုင်း ပြန်လည်ထူထောင်ရေးရန်ပုံငွေသည် အာမခံပင် ဖြစ်သည်။ 

အိမ်ပိုင်ရှင်များ၏ အာမခံသည် ရေဘေးအာမခံမဟုတ်ပါ

အိမ်ပိုင်ရှင်၊ အိမ်ငှား အများစု၏ အာမခံမူဝါဒသည် ရေဘေးဒဏ်အတွက် မပါရှိပါ။ အကယ်၍ သင်၏ အာမခံတွင် ရေဘေးအတွက် တိတိကျကျ ထည့်သွင်းထားခြင်း မရှိပါက သင်သည် ရေဘေးကုန်ကျစရိတ်များအတွက် ရေဘေးအာမခံကို သီးသန့်ထားရှိရန် လိုအပ်ပါသည်။

ကျွန်ုပ်၏အိမ်သည် မကြာသေးမီကပင် ရေဘေးကြုံတွေ့ရပါသည်။ ကျွန်ုပ် အာမခံ လုပ်နိုင်ပါသလား။

သင့်အိမ်၊ အိမ်ခန်း သို့မဟုတ် လုပ်ငန်းသည် ဘယ်နှစ်ကြိမ် ရေဘေးဒဏ်ခံခဲ့ရသည်ဖြစ်စေ၊ သင်၏ကွန်မြူနတီက NFIP တွင် ပါဝင်ပါက သင်သည် ရေဘေးအာမခံရရှိရန် အကျုံးဝင်ပါသည်။ 

သင့်အတွင် အာမခံ ရှိပြီးဖြစ်ပါက အာမခံလျော်ကြေးတောင်းဆိုချက်ကို အမြန်ဆုံး တင်ပါ။ သင့်အေးဂျင့်ကို ခေါ်ပါ၊ အပျက်အစီးများကို ဓာတ်ပုံရိုက်ပါ၊ ပြုပြင်မှုကုန်ကျစရိတ်ပြေစာအားလုံးကို သိမ်းဆည်းပါ။ နောက်ထပ်အချက်အလက်များအတွက်  www.FloodSmart.gov/How-Do-I-Start-My-Flood-Claim သို့ ဝင်ကြည့်ပါ။

ရေဘေးအာမခံကို ယခုရယူခြင်းသည် ဖြစ်ပြီးသွားသည့် အပျက်အစီးများအတွက် မကာမိသော်လည်း လာမည့် အနာဂတ် မုန်တိုင်း၏ အပျက်အစီးများမှ သင့်အား ကူညီကာကွယ်ပေးနိုင်သည်။ ရေဘေးအာမခံကို သင်သည် အချိန်မရွေး ဝယ်ယူနိုင်သည်။ အာမခံ သက်ဝင်ရန်အတွက် အာမခံအများစုတွင် အာမခံကြေးသွင်းပြီး ရက် ၃၀ စောင့်ရသည်။ 

အကယ်၍ သင့်တွင် ရေဘေးကြောင့် အပျက်အစီးများ ရှိပါက FEMA က ကူညီနိုင်ပါသည်။ သင့်တွင် အာမခံရှိပြီးဖြစ်လျှင် လျှောက်လွှာဆက်လုပ်ရန် စောင့်စရာမလိုပါ။ လျှောက်ထားရန်အတွက် DisasterAssistance.gov ကို ဝင်ကြည့်ပါ။ FEMA mobile app ကို ရယူပါ။ FEMA အကူအညီလိုင်းသို့ ၈၀၀-၆၂၁-၃၃၆၂ ကို အခမဲ့ ဖုန်းခေါ်နိုင်သည်။ အကယ်၍ သင်သည် ထပ်ဆင့်ပို့သည့် ဝန်ဆောင်မှုဖြစ်သော ဗီဒီယိုထပ်ဆင့်ပို့ဝန်ဆောင်မှု (VRS)၊ ဖုန်းစာသားဝန်ဆောင်မှု သို့မဟုတ် အခြား အလားတူ ဝန်ဆောင်မှုကို သုံးပါက သင်လျှောက်ထားချိန်တွင် သင့်နံပါတ်ကို FEMA အား ပေးပါ။

လူကိုယ်တိုင်တွေ့ဆုံကူညီမှုအတွက် ကပ်ဘေးဒဏ်မှ ပြန်လည်နလံထူရေးဆိုင်ရာဌာနတစ်ခုသို့ သွားပါ။ FEMA မှ ပြန်လည်ထူထောင်ရေး ကျွမ်းကျင်သူများက လျှောက်လွှာတင်ရန် ကူညီပေးခြင်း၊ သိလိုသည်များကို ဖြေကြားပေးခြင်းနှင့် ရင်းမြစ်များသို့ ရည်ညွှန်းလွှဲပြောင်းပေးနိုင်သည်။ သင့်အနီးအနားမှ ဌာနကို ရှာရန် fema.gov/drc. သို့ သွားပါ။ 

သဘာဝကပ်ဘေးအတွက် အကူအညီများသည် သာတူညီမျှဖြစ်ရန်၊ လူမျိုး၊ အသားအရောင်၊ နိုင်ငံသား၊ လိင်၊ အသက်၊ မသန်စွမ်းဖြစ်မှု၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်မှု သို့မဟုတ် စီးပွားရေးအခြေအနေတို့အပေါ် အခြေခံပြီး ခွဲခြားမှုမရှိဘဲ အကူအညီရယူနိုင်ရန် FEMA ကဆောင်ရွက်နေပါသည်။ သဘာဝဘေးဒဏ် ခံရသူတိုင်း သို့မဟုတ် ပြည်သူတိုင်းသည် ၎င်းတို့အား ခွဲခြားဆက်ဆံခံရသည်ဟု ယူဆပါက FEMA လူထုအခွင့်အရေးရုံးသို့ ဆက်သွယ်နိုင်ပါသည်။ FEMA ၏ လူထုအခွင့်အရေးရုံးထံ ၈၃၃-၂၈၅-၇၄၄၈ သို့ အခမဲ့ ဖုန်းခေါ်နိုင်ပါသည်။ ဘာသာစုံပြောဆိုသူများက ဖုန်းကို ဖြေကြားပေးနိုင်ပါသည်။

Tags:
နောက်ဆုံးသတင်း