ကိုလံဘီယာ(COLUMBIA), တောင်ကာရိုလိုင်းနား(S.C). အကယ်၍သင်သည် ဟယ်လင်Helene မုန်တိုင်းဘေးဒဏ်ခံရပါက FEMA အကူအညီကို လျှောက်လွှာတင်ရန်အတွက်မှတ်ပုံတင်အထောက်အထားမလိုအပ်ပါ။ သို့သော် အကူအညီများမပေးအပ်ခင်မှာ သင်၏မှတ်ပုံတင်၊နေထိုင်မှုအထောက်အထားနှင့် အခြားစာရွက်စာတမ်းများကို FEMAက လိုအပ်နိုင်ပါသည်။ လျှောက်လွှာလုပ်ငန်းစဉ်အတွင်း FEMA သည် သင်၏အိုင်ဒီအထောက်အထားကို မစစ်ဆေးနိုင်ပါက၊ သင်သည် အောက်ပါအထောက်အထားစာရွက်စာတမ်းများထဲမှတစ်ခုကို တင်ပြရန် လိုအပ်လိမ့်မည်-
- သင်၏ဆိုရှယ် (Social Security)နံပါတ်အပြည့်အစုံ သို့မဟုတ် နောက်ဆုံးဂဏန်းလေးလုံးပါရှိသောဆိုရှယ်( Social Security) အဖွဲ့အစည်းသို့မဟုတ် အခြားဗဟိုအစိုးရအဖွဲ့အစည်းထံမှစာရွက်စာတမ်း။
- ဗဟိုအစိုးရ မှထုတ်ပေးသောဆိုရှယ် (Social Security )ကတ်ပြားသို့မဟုတ် ပြည်နယ်အစိုးရမှထုတ်ပေးသော ပြည်နယ်မှတ်ပုံတင်အထောက်အထားကတ်။
- သင့် SSNဆိုရှယ်နံပတ်အားလုံး အပြည့်အစုံ သို့မဟုတ် နောက်ဆုံးဂဏန်းလေးလုံးပါရှိသောအလုပ်ရှင်၏လုပ်ခလစာပေးသောစာရွက်စာတမ်း။
- စစ်ဘက်ဆိုင်ရာအထောက်အထား။
- အမျိုးသမီးများလက်မထပ်ခင်အပျိုဘဝကနာမည်ကိုအတည်ပြုရန်အတွက် လက်ထပ်ထားသည့် လိုင်စင်အထောက်အထားစာချုပ်
- အမေရိကန်နိုင်ငံကူးလက်မှတ်။
ဖြစ်စဉ်တစ်ခုချင်းအလိုက်၊အမေရိကန်ပိုင်ဆိုင်သည့်နယ်မြေများတွင်နေထိုင်သည့်အကူအညီလျှောက်ထားသူများအားမဲဆန္ဒရှင်မှတ်ပုံတင်ကတ်များကဲ့သို့သောသီးခြားအထောက်အထားစိစစ်ရေးစာရွက်စာတမ်းများကိုအိုင်ဒီအထောက်အထားအဖြစ်ပြသရန် FEMA ကခွင့်ပြုပေးနိုင်သည်။
ထို့အပြင်၊သင့်အိမ်ထောင်စုတွင် အမေရိကန်နိုင်ငံသား အရွယ်မရောက်သေးသူ (ကလေး) တစ်ဦး၏ ကိုယ်စား အကူအညီတောင်းခံပါက၊ အထက်ဖော်ပြပါစာရွက်စာတမ်းများထဲမှကလေး၏အမည် သို့မဟုတ် ကလေး၏မွေးစာရင်းပါရှိသော စာရွက်စာတမ်းတခုကို FEMA သို့ ပေးပို့ရမည်။ ကလေး၏ဆိုရှယ် ( Social Security ) ကတ်ပြား သို့မဟုတ် ကလေး၏ ဆိုရှယ် SSN ၏ နံပတ်ဂဏန်းအားလုံး သို့မဟုတ် နောက်ဆုံးဂဏန်းလေးလုံးပါရှိသောဆိုရှယ် (Social Security) ရုံး သို့မဟုတ် အခြားဗဟိုအစိုးရအဖွဲ့အစည်းထံမှထုတ်ပေးသောစာရွက်စာတမ်းများကို မိတ္တူကော်ပီကူးပြီးပေးရပါမည်။
ဘယ်လိုလျှောက်ထားမလဲ။
FEMA အကူအညီကိုယခုအချိန်အထိသင်မလျှောက်ထားရသေးပါက သင့်လျှောက်လွှာတင်ရန် အချိန်ရပါသေးသည်။. အက်ဘီဗေးလ်Abbeville၊ အေကင် Aiken၊အယ်လန်ဒေးလ်Allendale၊ အန်ဒါဆန်Anderson၊ ဘမ်ဘာ့ဂ်Bamberg၊ ဘန်ဝဲလ်Barnwell၊ ဘိုဖိုဒ်Beaufort ၊ ချရိုကီ Cherokee ၊ ချက်စတာ Chester ၊ အက်ဂျ်ဖီးလ်ဒ်Edgefield ၊ ဖဲယားဖီးလဒ်Fairfield၊ ဂရင်းဗေးလ်Greenville ၊ ဂရင်းဝုဒ်Greenwood ၊ ဟမ်ပတန် Hampton ၊ ဂျက်စပါJasper ၊ ကာရှော Kershaw ၊ လော်ရင်းစ်Laurens ၊ လက်စင်တန်Lexington၊ မက်ကောမက်ခ်McCormick ၊ နယူးဘယ်ရီNewberry၊ အော်ကွန်နီ Oconee၊ အော်ရိန်ချ်ဘာ့ဂ်Orangeburg,။ ပစ်ကန်စ်Pickens၊ ရစ်ချ်လန့်Richland ၊ ဆာလုဒါ Saluda ၊ စပါတန်ဘာ့ဂ် Spartanburg ၊ ယူနီယံ Union ၊ ယော့ခ် ကောင်တီများနှင့် ကာတော်ဘာ Catawba Indian Nation များရှိ ဟယ်လင် Helene မုန်တိုင်းဘေးဒဏ်ခံခဲ့ရသော အိမ်ပိုင်ရှင်များနှင့် အိမ်ငှားများသည်FEMA အကူအညီကို လျှောက်ထားရယူရန် အရည်အချင်းကိုက်ညီပါသည်။
အကူအညီများကိုလျှောက်ထားရန် နည်းလမ်းများစွာရှိပါသည်။ သဘာဝဘေးအန္တရာယ်အကူအညီDisasterAssistance.govသို့သွားပြီးအွန်လိုင်းဖြင့်လျှောက်ထားနိုင်သည်။မိုဘိုင်းဖုန်းများအတွက် FEMA အက်ပ် FEMA App ကို အသုံးပြု၍ သို့မဟုတ်FEMA အကူအညီပေးသည့်ဖုန်းလိုင်းသို့ ဖုန်းခေါ်ဆိုခြင်းဖြင့်လည်း လျှောက်ထားနိုင်ပါသည်။ ထိုတယ်လီဖုန်းလိုင်းကိုနေ့တိုင်းဖွင့်လှစ်ထားပြီးအကူအညီကိုဘာသာစကားများစွာဖြင့်ရနိုင်ပါသည်။ဗီဒီယိုထပ်ဆင့်လွှင့်ဝန်ဆောင်မှု (VRS)၊စာတန်းထိုးပါသည့်တယ်လီဖုန်းဝန်ဆောင်မှုသို့မဟုတ်အခြားဝန်ဆောင်မှုများကိုအသုံးပြုပါကထိုဝန်ဆောင်မှုအတွက် FEMA ကိုသင့်ဖုန်းနံပါတ်ကိုပေးထားရပါမည်။
အမေရိကန်လက်သင်္ကေတပြဘာသာစကားဖြင့်အကူအညီကို မည်သို့ လျှောက်ထားရယူမလဲဆိုတာနှင့်ပြသထားသည့် ဗီဒီယိုကို ကြည့်ရန် ဒီလင့်မှာ ကြည့်နိုင်ပါသည်။
FEMA၏အစီအစဉ်များကိုသဘာဝဘေးမှလွတ်မြောက်လာသူများအထဲမှမသန်စွန်းသူများနှင့်သွားလာလှုပ်ရှားမှုများတွင်လိုအပ်ချက်များရှိသူများလည်းလက်ခံရယူနိုင်အောင်ပြုလုပ်ပေးထားသည်။