South Carolina တွင် Hurricane Helene ပြီးသည်နောက်FEMA သဘာဝ ဘေးအန္တရာယ်အထောက်အပံ့ကို လျှောက်ထားရန် အချိန်ရှိနေပါသေ သည်။

Release Date Release Number
NR-53
Release Date:
နိုဝင်ဘာလ 7, 2024

South Carolina တွင် Hurricane Helene ကြောင့် ထိခိုက်ခဲ့သော အိမ်ပိုင်ရှင်များနှင့် အိမ်ငှားများသည် ဂျန်နဝါရီလ 7 ရက် 2025 ခုနှစ် ည 11:59 နာရီ အချိန်တိုင်အောင် ဖက်ဒရယ် သဘာဝဘေး အန္တရာယ်အထောက်အပံ့အတွက် လျှောက်ထားနိုင်ကြပါသည်။ 

FEMA အထောက်အပံ့များတွင် သင်အိမ်တွင်နေရန် မဖြစ်နိုင်သောကြောင့် ယာယီနေထိုင်ရန် အိမ်ရာအတွက် ထောက်ပံ့ကြေးများ၊ ယင်းတွင် ငှားရမ်းခ အထောက်အပံ့ သို့မဟုတ် ဟိုတယ်အခများ ပြန်လည်ပေးခြင်း ပါဝင်သည်။ သင်၏ မူလနေထိုင်ရာအိမ် ပြင်ဆင်ရန် သို့မဟုတ် အစားထိုးဖြည့်တင်းရန် အတွက် ငွေကြေးထောက်ပံ့ပေးခြင်း၊ ယင်းတွင် ပုဂ္ဂလိကပိုင်လမ်းများ ဥပမာ အိမ်အဝင်ကားလမ်းများ၊ လမ်းများ သို့မဟုတ် တံတားများလည်းပါဝင်သည်။ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ရသည့် အသုံးစရိတ်များနှင့် အရေးတကြီး လိုအပ်မှုများအတွက် ငွေကြေးထောက်ပံ့မှု၊ ဥပမာ ကိုယ်ပိုင် ပိုင်ဆိုင်မှု ပစ္စည်းများနှင့် ယာဉ်များပြုပြင်ရန် သို့မဟုတ် အစားထိုးရန်၊ ပြောင်းရွှေ့ခြင်း၊ သိမ်းဆည်းသိုလှောင်ခြင်း၊ ကျန်းမာရေးနှင့် သွားဘက်ဆိုင်ရာ လိုအပ်မှုများ၊ ကလေးစောင့်ရှောက်ရေးနှင့် အခြားသော အထွေထွေအကြောင်းအရာများ အတွက် ငွေကြေးထောက်ပံ့ပေးခြင်း စသည်တို့ ပါဝင်ပါလိမ့်မည်။

သတ်မှတ်နောက်ဆုံးရက်ကျော်သွားပြီးနောက်၊ သင့်အနေနှင့် အထောက် အထားများဖြည့်စွက်တင်ပြခြင်း၊ သင်၏ဆက်သွယ်ရန်သတင်းအချက် အလက်များထပ်မံဖြည့်စွက်ခြင်းစသော သင်၏လျှောက်လွှာနှင့် ပတ်သက်၍ FEMA နှင့် ဆက်လက် ဆက်သွယ်နိုင်ပါသည်။ သို့သော် လျှောက်လွှာ တင်သွင်းမှုကို သတ်မှတ်နောက်ဆုံးရက် မတိုင်မီ တင်ရပါမည်။

FEMA အထောက်အပံ့အတွက် ဘယ်လိုလျှောက်ထားရမလဲ။

Hurricane Helene ကြောင့် ထိခိုက်မှုရှိခဲ့သည့် Abbeville၊ Aiken၊ Allendale၊ Anderson၊ Bamberg၊ Barnwell၊ Beaufort၊ Cherokee၊ Chester၊ Edgefield၊ Fairfield၊ Greenville၊ Greenwood၊ Hampton၊ Jasper၊ Kershaw၊ Laurens၊ Lexington၊ McCormick၊ Newberry၊ Oconee၊ Orangeburg၊ Pickens၊ Richland၊ Saluda၊ Spartanburg၊ Union၊ York ကောင်တီများရှိ အိမ်ပိုင်ရှင်များနှင့် ငှားရမ်းသူများ အပြင် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များသည် FEMA အထောက် အပံ့အတွက် လျှောက်ထားရန် သတ်မှတ်အရည်အချင်း ပြည့်မီပါသည်။ 

သင်လျှောက်ထားရန် နည်းလမ်းများစွာရှိပါသည်

လျှောက်ထားပုံနှင့်ပတ်သက်၍ အမေရိကန်သင်္ကေတဘာသာစကား၊ နောက်ခံစကားပြောနှင့် စာတမ်းထိုးများပါသည့် ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် ဤ လင့် ကိုရွေးချယ်ပါ။ FEMA အစီအစဉ်များသည် ဘေးအန္တရာယ်မှလွတ်မြောက်လာသော မသန်စွမ်းသူများနှင့် လက်တွေ့လုပ်ဆောင်ရန် လိုအပ်ချက်ရှိသူများအတွက် အထောက်အကူပေးပါသည်။

Tags:
နောက်ဆုံးသတင်း