COLUMBIA, S.C. –အကယ်၍ သင်၏ပုဂ္ဂလိကပိုင်ရေတွင်း ရေတွင်း၊ အိမ်အပူပေးစက် သို့မဟုတ် မိလ္လာကန်စနစ်များကို Hurricane Helene ကြောင့် ထိခိုက်ပျက်စီးခဲ့ပါက သင်သည် FEMA ၏ငွေကြေး အထောက်အပံ့ အတွက် သတ်မှတ်အရည်အချင်း ပြည့်မီနိုင်ပါသည်။
သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးရသည့် ပုဂ္ဂလိကပိုင်ရေတွင်း၊ အပူပေး စနစ်များ၊ အပူပေးစက်များနှင့် မိလ္လာကန်စနစ်များအတွက် ကျွမ်းကျင်သူ၊ လုပ်ငန်းလိုင်စင်ရပြီးသော လုပ်ငန်းကျွမ်းကျင်သူသည် သင်၏အိမ်သို့လာ ရောက်ပြီးလိုအပ်သည်များပြင်ဆင်ရန်နှင့်အစားထိုးပစ္စည်းများ ကုန်ကျစရိတ် အသေးစိတ်ကို ခန့်မှန်းတွက်ချက်ခြင်းအတွက် ကုန်ကျစရိတ်ကို FEMA မှ ပေးပါလိမ့်မည်။
ထို့နည်းတူစွာFEMA မှ အိမ်ပိုင်ရှင်များ၏အာမခံစောင့်ရှောက်မှုတွင် အကျုံး မဝင်သည့်သင်၏ပုဂ္ဂလိကပိုင်ရေတွင်း၊ အိမ်အပူပေးစက်သို့မဟုတ် မိလ္လာကန် စနစ်ပျက်စီးမှုကို အမှန်တကယ် ပြင်ဆင်စရိတ်နှင့် အစားထိုး ပစ္စည်းများ အတွက် ကုန်ကျစရိတ်ကို ပေးပါလိမ့်မည်။ မည်သည့်လက်ခံဖြတ်ပိုင်းများမဆို သို့မဟုတ် ခန့်မှန်းတွက်ချက်မှုများကို လက်ဝယ်သိမ်းဆည်းထားရန် သေချာပါစေ၊ အဘယ်ကြောင့်ဆိုသော် သင့် အနေနှင့် အကယ်၍ပြင်ဆင်မှုများပြုလုပ်ထားပြီးသည့်တိုင် အထောက်အပံ့ အတွက် သတ်မှတ်အရည်အချင်းပြည့်မီနိုင်သောကြောင့်ဖြစ်ပါသည်။
သင်၏အိမ်ကို ကြည့်ရှုစစ်ဆေးချိန်တွင် FEMA မှ ကြည့်ရှုစစ်ဆေးသူ အနေ နှင့် မုန်တိုင်းကြောင့်ပျက်စီးသွားသည့် အမှန်တကယ် လိုအပ်သည့် အိမ်သုံးပစ္စည်းများနှင့် စနစ်များပျက်စီးမှုကို သိရှိပါစေ။
သင့်ထံတွင် ကြည့်ရှုစစ်ဆေးမှုလာရောက်ခဲ့ပြီးသော်လည်း ထိုပျက်စီးမှုများ အကြောင်း အစီရင်ခံစာတွင် မပါရှိပါက၊ FEMA Helpline ဖုန်း 800-621- 3362 သို့ ဆက်သွယ်ပါ သို့မဟုတ် မည်သည့်သဘာဝဘေးအန္တရာယ် ပြန်လည် ထူထောင်ရေးစင်တာသို့ မဆို သွားရောက်ပြီး သင်၏လျှောက်လွှာတွင် ထပ်မံ ဖြည့်စွက်ပါ။ သင်နှင့် အနီးဆုံး စင်တာကို ရှာဖွေရန် သို့ fema.gov/DRC သွားကြည့်ပါ၊ သို့မဟုတ် “DRC” ရိုက်ပြီး သင်၏ စာတိုက် နံါပါတ်နှင့် အတူ 43362 သို့ ပို့ပါ။
ဘယ်လိုလျှောက်ထားရမလဲ
အကယ်၍သင်သည် ယခုတိုင် FEMA အထောက်အပံ့အတွက် လျှောက်ထား မှုမပြုရသေးပါက၊ သင်လျှောက်လွှာတင်ရန် အချိန်ရှိနေပါသေးသည်။ Hurricane Helene ကြောင့် ထိခိုက်မှုရှိခဲ့သည့် Abbeville၊ Aiken၊ Allendale၊ Anderson၊ Bamberg၊ Barnwell၊ Beaufort၊ Cherokee၊ Chester၊ Edgefield၊ Fairfield၊ Greenville၊ Greenwood၊ Hampton၊ Jasper၊ Kershaw၊ Laurens၊ Lexington၊ McCormick၊ Newberry၊ Oconee၊ Orangeburg၊ Pickens၊ Richland၊ Saluda၊ Spartanburg၊ Union၊ York ကောင်တီများရှိ အိမ်ပိုင်ရှင်များနှင့် ငှားရမ်းသူများ အပြင် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များသည် FEMA အထောက် အပံ့အတွက် လျှောက်ထားရန် သတ်မှတ်အရည်အချင်း ပြည့်မီပါသည်။
သင်လျှောက်ထားရန် နည်းလမ်းများစွာရှိပါသည်၊ အွန်လိုင်း DisasterAssistance.govသို့ သွားပါ။ လူကိုယ်တိုင်တွေ့ခြင်း ၊ မည်သည့် သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးစင်တာ မဆို သင်၏ဖုန်းတွင် FEMA mobile app ကိုအသုံးပြုပါ။ သို့မဟုတ် FEMA အရေးပေါ်ဖုန်းလိုင်း သို့ဖုန်းခေါ်ပါ။ တယ်လီဖုန်းလိုင်းကို နေ့စဉ်ဖွင့်ထားပြီး ဘာသာစကားများစွာဖြင့် အကူအညီ ရယူနိုင်ပါသည်။ ဗီဒီယိုဖြင့် ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု (VRS)၊ စာသားဖော်ပြသည့် တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့ ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ကို ပေးပါ။
လျှောက်ထားပုံနှင့်ပတ်သက်၍ ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် ဤ လင့် ကိုရွေးချယ်ပါ။
FEMA အစီအစဉ်များသည် ဘေးအန္တရာယ်မှလွတ်မြောက်လာသော မသန်စွမ်းသူများနှင့် လက်တွေ့လုပ်ဆောင်ရန် လိုအပ်ချက်ရှိသူများအတွက် အထောက်အကူပေးပါသည်။