အကယ်၍ သင်၏အိမ်သည် Hurricane Helene ကြောင့် နေထိုင်ရန်မဖြစ်နိုင်ဘဲ သင်၏ပိုင်ဆိုင်ပစ္စည်းများကို ထပ်မံ မပျက်စီး စေရန်အတွက် အခြားသောအိမ် သို့မဟုတ် သိုလှောင်ရန်နေရာသို့ ရွှေ့ပြောင်း ထားရှိရမည်ဖြစ်ပါက FEMAအနေနှင့် သင်၏ရွှေ့ပြောင်းမှုနှင့် သိုလှောင် သိမ်းဆည်းရန် ကုန်ကျစရိတ်အတွက် ကူညီရန် ငွေကြေးအထောက်အပံ့ ပေးနိုင်ပါလိမ့်မည်။
ရွှေ့ပြောင်းရန်နှင့် သိုလှောင်သိမ်းဆည်းရန် အထောက်အပံ့အတွက် သတ်မှတ် အရည်အချင်းပြည့်မီရန် သင့်အနေနှင့် အောက်ပါ စံနှုန်း သတ်မှတ်အရည် အချင်းများ ရှိဖို့လိုပါသည်။
- သင်၏အိမ်သည် Hurricane Helene ကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး၊ ယင်းမှာလည်း သင်၏မူလနေထိုင်ရာဖြစ်ခြင်း အိမ်ငှားနေခြင်း သို့မဟုတ် အားလပ်ရက် နေအိမ်ဖြစ်ပါက သတ်မှတ် အရည်အချင်း မပြည့်မီပါ။
- ပြောင်းရွှေ့ခြင်း နှင့်/သို့မဟုတ် သိုလှောင်သိမ်းဆည်းခြင်းပြုသည့် ပိုင်ဆိုင် ပစ္စည်းများသည် မရှိမဖြစ်လိုအပ်သည့် ပိုင်ဆိုင်ပစ္စည်းများ သို့မဟုတ် အိမ်သုံးစ္စည်းများ ဖြစ်ရမည်။ ယင်းတွင် ပါဝင်သည်တို့မှာ၊ အိမ်သုံးပစ္စည်းများ ဥပမာ ရေခဲသတ္တာ သို့မဟုတ် အဝတ်လျှော်စက်နှင့် အိပ်ယာ သို့မဟုတ် ဆိုဖာ ကဲ့သို့သော ပရိဘောဂ ပစ္စည်းများ ယင်းတွင် အပန်းဖြေသုံးပစ္စည်းများမပါဝင်ပါ။ ဥပမာ လှေများသို့မဟုတ် ငါးဖမ်းပစ္စည်းများ ကိရိယာများ
- သင်၏ပစ္စည်းများ ယာယီရွှေ့ပြောင်းမှု နှင့်/သို့မဟုတ် သိုလှောင်သိမ်းဆည်းမှု သည် သင့်အိမ်ကို ပြင်ဆင်ပြီး ပစ္စည်းများပြန်လည်ထားရှိနိုင်သည့် အချိန်တိုင် ဖြစ်သည်။ သို့မဟုတ် နေထိုင်ရန် နေရာအသစ်ကို ရှာဖွေတွေ့ ရှိပြီး ယင်း ပစ္စည်းများကို ထိုအိမ်သစ်နေရာသို့ ပြောင်းရွှေ့ထားနိုင်ချိန်အထိဖြစ်သည်။
ပြေင်းရွှေ့မှု နှင့်/သို့မဟုတ် သိုလှောင်သိမ်းဆည်းမှုကုန်ကြစရိတ်ကို အခြား သော ရင်းမြစ် ဥပမာ အာမခံထားရှိခြင်းမှ မရရှိခြင်းကို ထည့်သွင်း၍ ဆုံးဖြတ် ပါလိမ့်မည်။
သတ်မှတ်အရည်အချင်းစံနှုန်းများနှင့် ပြည့်မီသည့်တိုင်အောင် ပြောင်းရွှေ့ခြင်း နှင့် သိုလှောင်သိမ်းဆည်းခြင်း အထောက်အပံ့သည် ပြည်သူ့အိမ်ရာ၊ ပုဂ္ဂလိက အိမ်ရာများရှိ အိမ်ပိုင်ရှင်များ၊ အိမ်ငှားများအနေနှင့် အိမ်ရာရွေးချယ်မှု အပိုဒ်8 ဘောက်ချာကိုအသုံးပြုခြင်း သို့မဟုတ် အထောက်အပံ့ အကူအညီဖြင့် နေထိုင် သော ဘေးအန္တရာယ်မှ လွတ်မြောက်လာသူတို့အတွက် ရနိုင်ခြေရှိသည်။
ပြောင်းရွှေ့ခြင်း နှင့် သိုလှောင်သိမ်းဆည်းခြင်း အထောက်အပံ့ ပေးခြင်းသည် အောက်ဖော်ပြပါ အသုံးစရိတ်များအတွက် အကျူံးဝင်ပါလိမ့်မည်။
- စီးပွားဖြစ်ပြောင်းရွှေ့ အလုပ်သမားစရိတ်များ
- ပြောင်းရွှေ့ရန် ပစ္စည်းတင်ကားငှားရမ်းစရိတ်
- ငှားရမ်းသည့် ယာဉ်အတွက် လောင်စာဆီဖိုး
- တိပ်များနှင့် ပုံးများအတွက် ကုန်ကျစရိတ်
- ကိုယ်တိုင်သိုလှောင်ရာနေရာအပါအဝင် စီးပွါးဖြစ်သိုလှောင်ရာနေရာ ၀န်ဆောင်ခစရိတ်များ
အထောက်အပံ့အတွက် လျှောက်ထားခြင်း
သင့်အနေနှင့် FEMA အထောက်အပံ့အတွက် ယခု မလျှောက်ထားရသေး ပါက၊ သင့်အနေနှင့် လျှောက်ထားရန် အချိန်ရှိနေပါသေးသည်။ Hurricane Helene ကြောင့် ထိခိုက်မှုရှိခဲ့သည့် Abbeville၊ Aiken၊ Allendale၊ Anderson၊ Bamberg၊ Barnwell၊ Beaufort၊ Cherokee၊ Chester၊ Edgefield၊ Fairfield၊ Greenville၊ Greenwood၊ Hampton၊ Jasper၊ Kershaw၊ Laurens၊ Lexington၊ McCormick၊ Newberry၊ Oconee၊ Orangeburg၊ Pickens၊ Richland၊ Saluda၊ Spartanburg၊ Union၊ York ကောင်တီများရှိ အိမ်ပိုင်ရှင်များနှင့် ငှားရမ်းသူများ အပြင် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များသည် FEMA အထောက် အပံ့အတွက် လျှောက်ထားရန် သတ်မှတ်အရည်အချင်း ပြည့်မီပါသည်။
သင်လျှောက်ထားရန် နည်းလမ်းများစွာရှိပါသည်
- အွန်လိုင်း DisasterAssistance.gov.သို့ သွားပါ။
- လူကိုယ်တိုင်တွေ့ခြင်း ၊ မည်သည့် သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး စင်တာမဆို သင်နှင့် အနီးဆုံးစင်တာတည်နေရာများကို ရှာဖွေရန် fema.gov/DRC သို့သွားပါ သို့မဟုတ် “DRC” နှင့် စာပို့သင်္ကေတကို 43362 သို့ စာတိုပေးပို့ပါ။ DRC 29169).
- သင်၏ဖုန်းတွင် FEMA mobile app. ကိုအသုံးပြုပါ
- FEMA အရေးပေါ်ဖုန်းလိုင်း 800-621-3362 သို့ဖုန်းခေါ်ပါ။ တယ်လီဖုန်းလိုင်းကို နေ့စဉ်ဖွင့်ထားပြီး ဘာသာစကားများစွာဖြင့် အကူအညီ ရယူနိုင်ပါသည်။ ဗီဒီယိုဖြင့် ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု (VRS)၊ စာသားဖော်ပြသည့် တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့ ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ကို ပေးပါ။ လျှောက်ထားပုံနှင့်ပတ်သက်၍ အမေရိကန်သင်္ကေတဘာသာစကား၊ နောက်ခံစကားပြောနှင့် စာတမ်းထိုးများပါသည့် ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် ဤ လင့် ကိုရွေးချယ်ပါ။
FEMA အစီအစဉ်များသည် ဘေးအန္တရာယ်မှလွတ်မြောက်လာသော မသန်စွမ်းသူများနှင့် လက်တွေ့လုပ်ဆောင်ရန် လိုအပ်ချက်ရှိသူများအတွက် အထောက်အကူပေးပါသည်။