South Carolina တွင် ကောင်တီ 31 ခုနှင့် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များအတွက် လူထု အထောက်အပံ့ ရရှိနိုင်မှု

Release Date Release Number
NR-36
Release Date:
အောက်တိုဘာလ 26, 2024

South Carolina ရှိ အစိုးရဆိုင်ရာ အေဂျင်စီများနှင့် အချို့သော အကျိုးအမြတ်မယူသည့် အဖွဲ့များ( ဘာသာရေး အခြေခံ အဖွဲ့အစည်းများအပါဝင်)သည် Hurricane Helene ကြောင့် ထိခိုက်မှုများ ရှိခဲ့ပါက FEMA လူထုအထောက်အပံ့အတွက် သတ်မှတ်အရည်အချင်းကို ပြည့်မီနိုင်ပါသည်။ ဤအထောက်အပံ့သည် အပျက်အစီးဖယ်ရှားမှု ကုန်ကျစရိတ်များ၊ ကာကွယ်မှုအစီအမံများ၊ လူထုအဆောက်အဦ နှင့် ပစ္စည်းကိရိယာများ လူထုဆိုင်ရာ ရေ၊ မီး နှင့် ထိုတက်ပိုသော အရာများအတွက် အကူအညီများကို အကျုံးဝင်ပါရှိပါသည်။ 

လူထုအထောက်အပံ့အစီအစဉ်သည် FEMA ၏ အကြီးဆုံးသော ငွေကြေး ထောက်ပံ့မှုအစီအစဉ်ဖြစ်သည်။ ကုန်ကျစရိတ်မျှဝေမှုအခြေခံအရ ဖက်ဒရယ် ငွေကြေးထောက်ပံ့မှု ဖြင့် ပြည်နယ်များ၊ ဖက်ဒရယ်အသိအမှန်ပြုခံတိုင်းရင်း သား အစိုးရအဖွဲ့များ၊ အမေရိကန် ပိုင်နက်နယ်မြေများ၊ ဒေသဆိုင်ရာ အစိုးရ များ နှင့် လူထုကို လူမှုရေးအရဝန်ဆောင်မှုပေးနေသည့် အကျိုးအမြတ်မယူ သော မရှိမဖြစ်လိုအပ်သည့် ပုဂ္ဂလိက အသင်းအဖွဲ့မျာကို အထောက်အပံ့ပေး ရန်ဖြစ်သည်။

Abbeville၊ Aiken၊ Allendale၊ Anderson၊ Bamberg၊ Barnwell၊ Calhoun၊ Cherokee၊ Chester၊ Colleton၊ Edgefield၊ Fairfield၊ Greenville၊ Greenwood၊ Hampton၊ Jasper၊ Kershaw၊ Lancaster၊ Laurens၊ Lexington၊ McCormick၊ Newberry၊ Oconee၊ Orangeburg၊ Pickens၊ Richland၊ Saluda၊ Spartanburg၊ Union၊ Williamsburg၊ York ကောင်တီများနှင့် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များအတွက် လူထုအထောက်အပံ့ကိုလက်ရှိတရားဝင်ခွင့်ပြုထားသည်။

Hurricane Helene အပြီး South Carolina ပြည်နယ်သည် လျှောက် ထားရန် အတိုချုပ်ဟောပြောမှုများကို ရနိုင်ခြေရှိသော အထောက်အပံ့ အတွက် လျှောက်ထားသူများနှင့် မည်သို့လျှောက်ထားရမည်ဆိုသည်ကို  သတင်းပေးအကြောင်းကြားရန် ဆောင်ရွက်သည်။ လျှောက်ထားသူများသည် လူထုအထောက်အပံ့(RPA) အတွက် တောင်းခံလျှောက်ထားမှုနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးရမှုများကို သတ်မှတ်ဖော်ထုတ်တင်ပြရန် ဖြစ်သည်။ ပြည်နယ်မှသုံးသပ်ချက်ပြီးသည်နောက် FEMA မှနေ၍ငွေကြေးပြန်လည် ပေးရန် သတ်မှတ်ချက် အရည်အချင်း ပြည့်မီမှုကို ဆုံးဖြတ်မည်။

ပြည်နယ်သည် FEMA မှထောက်ပံ့ငွေများကို လက်ခံရယူပြီး စီမံဆောင်ရွက် လိမ့်မည်။ ယင်းတွင် လျှောက်ထားသူများထံ ငွေကြေးဖြန့်ဝေမှု ပါဝင်သည်။

Tags:
နောက်ဆုံးသတင်း