Edgefield ကောင်တီတွင် သဘာဝဘေးအန္တရာယ်မှ ပြန်လည်ထူထောင်ရေး စခန်းဖွင့်လှစ်

Release Date Release Number
NR-35
Release Date:
အောက်တိုဘာလ 25, 2024

COLUMBIA, S.C.- Hurricane Helene ကြောင့် ထိခိုက်ခံရသော တောင်ပိုင်းကာရိုလိုင်းနားတွင်နေထိုင်သူများအားလူကိုယ်တိုင်ပံ့ပိုးမှု အကူအညီပေးနိုင်ရန်အတွက် Edgefield ကောင်တီတွင် သဘာဝဘေး အန္တရာယ်မှ ပြန်လည်ထူထောင်ရေးစခန်း တခု ဖွင့်လှစ်မည် ဖြစ်သည်။  

Edgefield County
Edgefield Scout Hut Building
312 Penn St.
Edgefield, SC 29824

အောက်တိုဘာလ 26-28 ရက်၊ နံနက် 8 နာရီ - ညနေ 7 နာရီအတွင်း ဖွင့်လှစ်ပါသည်။

အခြား South Carolina ကောင်တီများတွင် နောက်ထပ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ပြန်လည်ထူထောင်ရေးစင်တာများကို ဖွင့်လှစ်တော့မည်ဖြစ် သည်။ South Carolina တွင် ဖွင့်လှစ်ထားပြီးဖြစ်သော စင်တာများကို ရှာဖွေရန် ဤ နေရာ တွင် နှိပ်ပါ  FEMA၊ SOUTH CAROLINAပြည်နယ်နှင့် US အသေးစားစီးပွားရေး လုပ်ငန်းဆိုင်ရာ စီမံကွပ်ကဲရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် ဖွင့်လှစ်ထားသော မည်သည့်စင်တာကိုမဆို သင်သွားရောက်နိုင်ပါသည်။ ရက်ချိန်း ရယူရန် မလိုအပ်ပါ။ 

အခြားသောပြည်နယ်များတွင်အပါအဝင် အခြားစင်တာတည်နေရာများကို ရှာဖွေရန် fema.gov/drc သို့သွားပါ သို့မဟုတ် “DRC” နှင့် စာပို့သင်္ကေတကို 43362 သို့ စာတိုပေးပို့ပါ။ 

Abbeville၊ Aiken၊ Allendale၊ Anderson၊ Bamberg၊ Barnwell၊ Beaufort၊ Cherokee၊ Chester၊ Edgefield၊ Fairfield၊ Greenville၊ Greenwood၊ Hampton၊ Jasper၊ Kershaw၊ Laurens၊ Lexington၊ McCormick၊ Newberry၊ Oconee၊ Orangeburg၊ Pickens၊ Richland၊ Saluda၊ Spartanburg၊ Union၊ York ကောင်တီများရှိ အိမ်ပိုင်ရှင်များနှင့် ငှားရမ်းသူများ အပြင် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များသည် ဖက်ဒရယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာအကူအညီအတွက် လျှောက်ထား နိုင်ပါသည်။

လျှောက်ထားရန် အမြန်ဆုံးနည်းလမ်းမှာ DisasterAssistance.govသို့ အွန်လိုင်းမှ လျှောက်ထားရန် ဖြစ်ပါသည်။ မိုဘိုင်းစက်ပစ္စည်းများတွင် FEMA အက်ပ် သို့မဟုတ် ခေါ်ဆိုခ အခမဲ့ဖုန်းလိုင်း 800-621-3362 ကို အသုံးပြု၍လည်း လျှောက်ထားနိုင်ပါသည် ။ တယ်လီဖုန်းလိုင်းကို နေ့စဉ်ဖွင့်ထားပြီး ဘာသာစကားများစွာဖြင့် အကူအညီ ရယူနိုင်ပါသည်။ ဗီဒီယိုဖြင့် ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု (VRS)၊ စာသားဖော်ပြသည့် တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့ ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ကို ပေးပါ။ လျှောက်ထားပုံနှင့်ပတ်သက်၍ အမေရိကန်သင်္ကေတဘာသာစကား၊ နောက်ခံစကားပြောနှင့်  စာတမ်းထိုးများပါသည့် ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် ဤ လင့်.ကိုရွေးချယ်ပါ။

FEMA အစီအစဉ်များသည် ဘေးအန္တရာယ်မှလွတ်မြောက်လာသော မသန်စွမ်းသူများနှင့် လက်တွေ့လုပ်ဆောင်ရန် လိုအပ်ချက်ရှိသူများအတွက် အထောက်အကူပေးပါသည်။

Tags:
နောက်ဆုံးသတင်း