South Carolina တွင် Hurricane Helene အတွက် FEMA ထောက်ပံ့ကြေးငွေ ဒေါ်လာ သန်း 150 ကျော်သွားပြီဖြစ်သည်။

Release Date Release Number
NR-22
Release Date:
အောက်တိုဘာလ 19, 2024

COLUMBIA, S.C. – အောက်တိုဘာလ 19 ရက်နေ့အထိ Hurricane Helene မှ ပြန်လည်လွတ်မြောက် လာသော South Carolina ရှိ အိမ်ထောင်စုပေါင်း 211,047ကျော်ကို ဖယ်ဒရယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာအထောက်အပံ့အတွက် ကူညီရာတွင်ဒေါ်လာ 154 သန်းကျော် FEMA မှ သဘောတူအတည်ပြုပေးပြီးဖြစ် သည်။ ယင်းတွင်ပါ၀င်သည်မှာ၊ 

  • ယာယီအိမ်ရာအတွက် အိမ်ငှားခနှင့် အိမ်အစားထိုးရန်အတွက် အထောက်အပံ့နှင့် အိမ်ပြင်ဆင်ခများ ပေးခြေရန်အတွက် ဒေါ်လာ ၁၁ သန်းကျော်အိမ်ရာထောက်ပံ့ကြေးများကို သဘောတူခွင့်ပြုခဲ့သည်။
  • ကိုယ်ပိုင်ပစ္စည်းဥစ္စာအစားထိုးရန်အတွက်နှင့်အတူ မုန်တိုင်းနှင့် ဆက်စပ် သည့်အခြားသော အရေးတကြီးလိုအပ်ချက်များဖြစ်သည့် ရွှေ့ပြောင်း စရိတ်နှင့် သိုလှောင်ခများ၊ ခရီးသွားလာရေး၊ ကလေးစောင့်ရှောက်ခ၊ ကျန်းမာရေးနှင့် သွားဖက်ဆိုင်ရာများအတွက်ပေးခြေရန်ဒေါ်လာ142 သန်း ကျော်ကိုလည်းအခြားသောလိုအပ်ချက်များအတွက်ထောက်ပံ့ကြေးငွေများအဖြစ် သဘောတူခွင့်ပြုခဲ့သည်။

Hurricane Helene သဘာဝဘေးအန္တရာယ်မှ ပြန်လည်လွတ်မြောက်လာသူ များအတွက် အိမ်စစ်ဆေးချက်ပေါင်း 23,000 ကျော်ကို FEMA မှ ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်သည်။ ပြည်နယ်နှင့်ဖယ်ဒရယ်မိတ်ဖက်များနှင့်အတူပူးပေါင်း၍ သဘာဝဘေးအန္တရာယ်မှပြန်လည်ထူထောင်ရေးစင်တာ ကိုးခုကို ဖွင့်လှစ်ထားပြီး ထိခိုက်ခံရသောဒေသများတွင်လည်း ထပ်ဖွင့်မည်ဖြစ်သည်။

ထို့ပြင် နိုင်ငံတော်ရေးလွှမ်းမိုးမှုဆိုင်ရာအာမခံအစီအစဉ်အနေနှင့် အာမခံထားရှိသူပေါင်း 302 ဦးထံမှ လျော်ကြေးတောင်းဆိုမှုများကို လက်ခံရရှိထားပြီး ဒေါ်လာ $213,000 ပေးခြေပေးခဲ့ပြီးဖြစ်သည်။

Abbeville၊ Aiken၊ Allendale၊ Anderson၊ Bamberg၊ Barnwell၊ Beaufort၊ Cherokee၊ Chester၊ Edgefield၊ Fairfield၊ Greenville၊ Greenwood၊ Hampton၊ Jasper၊ Kershaw၊ Laurens၊ Lexington၊ McCormick၊ Newberry၊ Oconee၊ Orangeburg၊ Pickens၊ Richland၊ Saluda၊ Spartanburg၊ Union၊ York ကောင်တီများရှိ အိမ်ပိုင်ရှင်များနှင့် ငှားရမ်းသူများ အပြင် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များသည် FEMA အကူအညီအတွက် ယခုအချိန်တွင် လျှောက်ထားနိုင်ပါသည်။ နေထိုင်သူများအနေနှင့် FEMA အထောက်အပံ့ကို နည်းလမ်းများစွာဖြင့် လျှောက်ထားနိုင်သည်၊

  • အွန်လိုင်း DisasterAssistance.gov.သို့ သွားပါ။ (ဤနည်းသည် လျှောက်ထားရန်အတွက် အမြန်ဆုံးနည်းလမ်းဖြစ်သည်)
  • လူကိုယ်တိုင်တွေ့ခြင်း ၊ မည်သည့် သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး စင်တာမဆို သင်နှင့် အနီးဆုံးစင်တာတည်နေရာများကို ရှာဖွေရန် fema.gov/drc သို့သွားပါ သို့မဟုတ် “DRC” နှင့် စာပို့သင်္ကေတကို 43362သို့ စာတိုပေးပို့ပါ။ DRC 29169).
  • သင်၏ဖုန်းတွင် FEMA mobile app. ကိုအသုံးပြုပါ
  • FEMA အရေးပေါ်ဖုန်းလိုင်း 800-621-3362 သို့ဖုန်းခေါ်ပါ။ ဘာသာစကားများစွာဖြင့် အကူအညီ ရယူနိုင်ပါသည်။ တယ်လီဖုန်းလိုင်းကို နေ့စဉ်ဖွင့်ထားပါသည်။ ဗီဒီယိုဖြင့် ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု (VRS)၊ စာသားဖော်ပြသည့် တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့ ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ကို ပေးပါ။ 

လျှောက်ထားပုံနှင့်ပတ်သက်၍ ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် ဤ လင့် ကိုရွေးချယ်ပါ။ မုန်တိုင်းမှလွတ်မြောက်လာသော မသန်စွမ်းသူများနှင့် အထောက်အကူ ရယူရန်နှင့် လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ချက်များရှိသော အခြားသူများသည် FEMA အစီအစဉ်များတွင် ပါဝင်နိုင်ပါသည်။ 

Tags:
နောက်ဆုံးသတင်း