FEMA နှင့် ဆက်သွယ်နေပါ

Release Date:
စက်တင်ဘာ 24, 2024

ဖက်ဒရယ်အထောက်အပံ့အတွက် လျှောက်ထားခဲ့သည့် မင်နီဆိုတားပြည်နယ်သားများသည် သူတို့၏ လျှောက်လွှာကို ရှေ့ဆက်ရန် FEMA နှင့် ဆက်သွယ်၍ အပိုဆောင်း သတင်းအချက်အလက်များ သို့မဟုတ် စာရွက်စာတမ်းများ ပေးပို့ရန် လိုအပ်နိုင်ပါသည်။ ဇွန်လ 16 ရက်မှ ဇူလိုင်လ 4 ရက်အထိ ဖြစ်ပေါ်ခဲ့သော မုန်တိုင်များနှင့် ရေကြီးရေလျှံမှုအပြီး ပြန်လည်ထူထောင်ရေး အကူအညီဆက်လက်လိုအပ်နေပြီး မလျှောက်ထားရသေးသည့်သူများသည်လည်း လျှောက်ထားချိန်ရှိပါသေးသည်။

အာမခံရှိသော လျှောက်ထားသူများ

သင်က FEMA နှင့် လျှောက်ထားပြီး သင့်အိမ် ပျက်စီးမှုအတွက် အာမခံရှိကြောင်း တင်ပြထားပါက သင်က အာမခံကြေး ထုတ်ပေးသည့်စာ သို့မဟုတ် ငြင်းဆိုလွှာကို FEMA သို့ တင်ပြရန် လိုပါမည်။ ဥပဒေအရ အခြားအရင်းအမြစ်များဖြင့် လွှမ်းခြုံမှုရှိသည့် ဆုံးရှုံးမှုများအတွက် အကျိုးခံစားခွင့်များကို FEMA က ထပ်မံမပေးနိုင်ပါ။

ကနဦး FEMA ဆုံးဖြတ်ချက်ကို အယူခံဝင်သည့် လျှောက်ထားသူများ

သင်၏ FEMA စာကို သေချာဖတ်ပါ- သင်က FEMA ၏ ဆုံးဖြတ်ချက်ကို အယူခံဝင်ရန် ရွေးချယ်ပါက ၎င်းက ပေးပို့ရန် လိုအပ်သည့် အချက်အလက်များနှင့် ပတ်သက်၍ အချက်အလက်များ ထပ်မံပေးပါမည်။ သင့်တွင် ထိုသို့လုပ်ဆောင်ရန် သင့်စာပါရက်စွဲမှ ရက်ပေါင်း 60 အထိ အချိန်ရှိသည်။

သင်၏ အယူခံလွှာ သို့မဟုတ် တစ်ဦးချင်းနှင့် အိမ်ထောင်စုများ အစီအစဉ် အယူခံ တောင်းဆိုချက် ဖောင်ကို ဖက်စ်၊ စာဖြင့် သို့မဟုတ် ဘေးအန္တရာယ် ပြန်လည် ထူထောင်ရေး စင်တာတွင် လူကိုယ်တိုင် ပေးပို့နိုင်သည် သို့မဟုတ် သင့်တွင် FEMA အွန်လိုင်း အကောင့်တစ်ခု ရှိလျှင် သင်၏ စာရွက်စာတမ်းများကို အီလက်ထရွန်နစ်ဖြင့် အပ်လုဒ်တင်ပါ။ FEMA ဆီမှာ အွန်လိုင်းအကောင့်ဖွင့်ဖို့အတွက်၊ DisasterAssistance.govကိုသွားရောက်ပြီး "Check Status” ကိုကလစ်နှိပ်ပြီး လမ်းညွှန်ချက်များကိုလိုက်နာပါ။

  • မေးလ်ဖြင့်-FEMA, P.O. Box 10055, Hyattsville MD 20782-7055
  • ဖက်စ်နံပါတ် 800-827-8112 အထူးအလေးအနက်ထားပြီး FEMA ကိုဆက်သွယ်ပါ။
  • လူကိုယ်တိုင်လည်း မည်သည့် ပြန်လည်ထူထောင်ရေးစခန်းကိုမဆို သွားရောက်ပြီး အယူခံတင်နိုင်ပါတယ်။  စင်တာကို ဤနေရာ fema.gov/DRC တွင် ရှာဖွေပါ။

နွေရာသီဘေးအန္တရာယ်ကြောင့် ထိခိုက်မှုရရှိခဲ့သော ပုဂ္ဂိုလ်များအတွက် အခမဲ့ ဥပဒေရေးရာ အကူအညီပေးသည့် ဟော့လိုင်းလည်း ရရှိနိုင်ကြောင်း မှတ်သားထားပါ။ FEMA နှင့် SBA အကျိုးခံစားခွင့်များနှင့်ဆက်စပ်သည့် အပါအဝင် ဘေးအန္တရာယ်နှင့်သက်ဆိုင်သော ဥပဒေရေးရာပြဿနာများအတွက် အကူအညီလိုအပ်သော အသက်ရှင်ကျန်ရစ်သူများသည် 1-877-MY-MN-LAW (1-877-696-6529) သို့ ဖုန်းခေါ်ပြီး သတင်းစကားချန်ထားနိုင်ပါသည်။ သင်၏အမည်၊ ဖုန်းနံပါတ်နှင့် နေထိုင်ရာခရိုင်ကို ထည့်သွင်းပေးပါ၊ Minnesota တရားလွှတ်တော်ရှေ့နေများသည် သင့်ဖုန်းခေါ်ဆိုမှုကို အမြန်ဆုံးပြန်လည်ဆက်သွယ်နိုင်ပါရန် ဖြစ်သည်။ 

အသိပေးချက်- လျှောက်လွှာတင်သည့် နောက်ဆုံးရက်မှာ အောက်တိုဘာ ၂၇, ၂၀၂၄ ဖြစ်ပါသည်

မလျှောက်ထားသေးသည့်သူများနှင့် ပြန်လည်ထူထောင်ရေး အကူအညီ လိုအပ်သည့်သူများအတွက် အွန်လိုင်းတွင် DisasterAssistance.gov သို့ သွားခြင်း၊ FEMA မိုဘိုင်း အက်ပ်ကို ဒေါင်းလုဒ်လုပ်ခြင်း သိုမဟုတ် ဖုန်းနံပါတ် 800-621-3362 တွင် FEMA ၏ အကူအညီပေးသည့်လိုင်းကို ခေါ်ဆိုခြင်းဖြင့် စတင်လျှောက်ထားပါ။ အကယ်၍ သင်သည် ဗီဒီယိုတစ်ဆင့်ခံဝန်ဆောင်မှု၊ စာတန်းထိုးပေးသည့် တယ်လီဖုန်းဝန်ဆောင်မှု သို့မဟုတ် အခြားအရာများ အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ထံ ပေးအပ်ပါ။

အောက်တိုဘာ ၂၇ နောက်ဆုံးရက်မတိုင်မှီ လျှောက်ထားပါရန် သေချာပါစေ။ Minnesota တွင် သဘာဝဘေးအန္တရာယ်မှ ပြန်လည်ထူထောင်ရေး လုပ်ငန်းနှင့် ပတ်သက်သည့် နောက်ထပ် အချက်အလက်များအတွက် www.fema.gov/disaster/4797 သို့ သွားပါ။

Tags:
နောက်ဆုံးသတင်း