ကျွန်ုပ် ပြောင်းရွှေ့ခံခဲ့ရပြီး ကျွန်ုပ်အိမ်ပျက်စီးသွားသလား မသိပါဘူး။ အကူအညီအတွက် လျှောက်ထားနိုင်သေးသလား။
အကယ်၍ သင်သည် နေရာရွှေ့ပြောင်းခံရခြင်း သို့မဟုတ် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခံခဲ့ရပြီး သင့်အိမ်ပျက်စီးခြင်း ရှိ၊ မရှိ မသိပါက၊ အကူအညီအတွက် အွန်လိုင်းမှ လျှောက်ထားရန် DisasterAssistance.gov သို့ သွားရောက်နိုင်ပါသည်။ သင့်လက်ရှိအခြေအနေနှင့် ပတ်သက်၍ အေးဂျင့်တစ်ဦးအား ပြောပြရန် FEMA ကူညီနံပါတ် ၈၀၀-၆၂၁-၃၃၆၂သို့ခေါ်ဆိုရန်လည်း ရွေးချယ်နိုင်ပါသည်။ သင်သည် ဗီဒီယို ထပ်ဆင့်လွှင့်ဝန်ဆောင်မှု (VRS)စာတန်းပါ တယ်လီဖုန်းဝန်ဆောင်မှု သို့မဟုတ် အခြားအရာများကို အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ပေးပါ။