မသန်စွမ်းသူများအတွက် FEMA ၏ ပိုမိုကောင်းမွန်သော အထောက်အပံ့ အစီအစဉ်များ၏ နောက်ဆုံးအခြေအနေ [https://www.fema.gov/my/fact-sheet/updated-fema-programs-better-assist-people-disabilities-0] Release Date: နိုဝင်ဘာလ 12, 2024 ကြေငြာထားသည့် သဘာဝဘေးအန္တရာယ်ကြောင့် အိမ်များပျက်စီးခဲ့ရသည့် သတ်မှတ်ချက်နှင့် ပြည့်မီသော မသန်စွမ်းသည့် သဘာဝဘေးအန္တရာယ်မှ လွတ်မြောက်လာသူများအတွက် FEMA မှ သေချာပြီး လက်လှမ်းမီနိုင်သည့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးထောက်ပံ့မှု ရရှိစေနိုင်ပါသည်။ ယခုလက်ရှိ နောက်ဆုံးအနေအထားအရ၊ သဘာဝဘေးအန္တရာယ်အတွက် အထောက်အကူ များအဖြစ် FEMA ၏ တဦးချင်းစီအတွက် အထောက်အပံ့ အစီအစဉ်များသည် ထိခိုက်ခံစားခဲ့ရသောသူများ၊ မိသားစုများနှင့် လူမှု အသိုင်းအဝိုင်းများအဖို့  ပိုမို၍ လက်လှမ်းမီစေနိုင်ခြင်းနှင့် သတ်မှတ် အရည်အချင်းပြည့်မီခြင်း ဖြစ်စေရန် အထောက်အကူပြုပါသည်။ နေရာရွှေ့ပြောင်းမှု အထောက်အပံ့ အကယ်၍သင်သည် သင့်အိမ်သို့ မပြန်နိုင်ပါက အခြားသောအိမ်ကိုစီစဉ်နိုင်ရန် အထောက်အပံ့အဖြစ် ကြိုတင်ထောက်ပံ့ငွေကြေးကို လက်ခံရရှိနိုင်ပါသည်။ ယင်းထောက်ပံ့ငွေကြးသည် သင်အိမ်ငှားရန် နည်းလမ်းများ ရှာဖွေနေစဉ် အသုံးစရိတ်များ ပေးချေရန်အတွက် အကူအညီဖြစ်ပါသည်။ နေရာရွှေ့ပြောင်းမှု အထောက်အပံ့သည် ငွေကြေးထောက်ပံ့ခြင်းမပြုမီ ယင်းအတွက် သတ်မှတ်ရည်အချင်းပြည့်မီကြောင်း သေချာစေရန် ကြည့်ရှု စစ်ဆေးမှုတခု လိုအပ်ပါသည်။ ဤချက်ချင်းရေတိုငွေကြေးထောက်ပံ့မှုသည် လက်ခံနိုင်လောက်သော နားခိုရာ၊ ဥပမာ ရေတိုနေထိုင်ရန်တထပ်အိမ်နှင့် ဝန်ဆောင်မှုပေးသည့် တိရိစ္ဆာန်များကိုပါ လက်ခံသော အိမ်ရာ စသည်တို့အတွက် ပေးချေရာတွင် အကူအညီ ဖြစ်နိုင်ပါသည်။ နေထိုင်ရန် လက်ခံနိုင်ဘွယ်ရှိသည့် အခြေအနေ သတ်မှတ်ချက်များ FEMA အနေနှင့် “နေထိုင်ရန်လက်ခံနိုင်ဘွယ်ရှိသည့်အခြေအနေ”ကို ရိုးရှင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ယခင်ကတည်းကပျက်စီးမှုရှိနေခဲ့ပြီး သဘာဝဘေးအန္တရာယ်ကြောင့် ပိုမိုဆိုးရွားခဲ့သော အိမ်များကို ပြင်ဆင်ရန် လည်းပါဝင်သည်။ ယင်းသည် ဆေးဘက်ဆိုင်ရာ သို့မဟုတ် ကျန်းမာရေးနှင့် ပတ်သက်၍ လိုအပ်ချက်များရှိနေသော လျှောက်ထားသူများသည် သဘာဝဘေးအန္တရာယ် မတိုင်မီကပင် အခြေအနေမကောင်းခဲ့သော ၎င်းတို့၏အိမ်ကို ပြန်လည်ပြင် ဆင်နိုင်ရန်အတွက် အကူအညီဖြစ်စေပါလိမ့်မည်။ လက်လှမ်းမီသော တိုးတက်မှုများ  South Carolina ရှိ မသန်စွမ်းသူများသည် FEMA ငွေကြေးထောက်ပံ့ မှုကို ဖက်ဒရယ်မှ သတ်မှတ်ကြေငြာသည့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သောအိမ်များကို  သေချာသော လက်လှမ်းမီသည့်တိုးတက်မှုအချို့ အတွက် အသုံးပြုနိုင်ပါလိမ့်မည်။ သင်၏အိမ်ကို သဘာဝဘေးအန္တရာယ်မဖြစ်မီကထက် ပိုမိုအဆင်ပြေစေရန် အချို့သော ပစ္စည်းများ ဥပမာ ဘီးတပ်လက်တွန်းလှည်း တက်လမ်းများ၊ အားပြုလက်ကိုင်လက်ရမ်းများ နှင့် ကွန်ကရစ်လျှောက်လမ်းများစသည်တို့ လုပ်ဆောင်နိုင်ပါသည်။  ထိုပစ္စည်းများသည် ယခင်သဘာဝဘေးအန္တရာယ်မဖြစ်ခင်က မရှိခဲ့သော် လည်း တဦးတယောက်သည် ယခင်ကတည်းက မသန်စွမ်းမှုရှိခြင်း သို့ဟုတ် သဘာ၀ဘေးအန္တရာယ်ကြောင့် မသန်စွမ်းဖြစ်သူဖြစ်ခဲ့ပါက ပျက်စီးခဲ့သော အိမ်ကို လုံခြုံဘေးကင်းပြီး အလုပ်ဖြစ်သော အနေအထားရရန် မရှိမဖြစ် လိုအပ်ချက်အတွက် ထိုပစ္စည်းများသည် သတ်မှတ်အရည်အချင်းတွင် ဘောင်ဝင်ပါသည်။ ဤအထောက်အပံ့သည် ဖက်ဒရယ် အိမ်ရာ အမြင့်ဆုံးအထောက်အပံ့နှင့် ဆန့်ကျင်မှုမရှိပါ။ ယာယီအိမ်ရာ အထောက်အပံ့ လျှောက်ထားမှုများ လိုအပ်ချက်များကို လျှောက်ထားသူများသည် ယာယီနေထိုင်ရာ အိမ်တွင် ဆက်လက်နေထိုင်ရန်လိုအပ်သူများဖြစ်ပါက လွယ်ကူစွာ ဖြည့်ဆည်းနိုင်ပါ သည်။ ဆိုလိုသည်မှာ အကယ်၍ သင့်အနေနှင့် နေရာတခုတွင် နေထိုင်ရန်ပေးချေမှု အတွက်ထပ်မံလိုအပ်ပါက အထောက်အထားအနည်းငယ်သာလိုအပ်ပါသည်။ ရိုးရှင်းလွယ်ကူသော  ဝက်ဘ်ဆိုက် DISASTERASSISTANCE.GOV သဘာဝဘေးအန္တရာယ်အထောက်အပံ့လျှောက်ထားခြင်းအတွက် ယခုအခါ DisasterAssistance.gov [https://www.disasterassistance.gov/]ဝက်ဘ်ဆိုက်တွင် လျင်မြန်ပြီး လွယ်ကူစွာလျှောက်ထားနိုင်သည်။ အကယ်၍သင်သည် ဝက်ဘ်ဆိုက်တွင် ဝင်ရောက်လှည်လည်ကြည်ရှုရန် အထောက်အကူပြုနည်းပညာများအသုံးပြုခဲ့ပါကသင့်အနေနှင့် လျှောက်ထား ရန်အတွက် ယခင်ထက်ပို၍များသော မြင်ထောက်ကူ၊ လှည့်လည်ကြည့်ရှုရန် လမ်းညွှန်လွယ်ကူမှုနှင့်ပို၍ လွယ်ကူစွာလက်ခံရရှိစေနိုင်မှုများကို တွေ့ရပါ လိမ့်မည်။  FEMA အထောက်အပံ့အတွက် ဘယ်လိုလျှောက်ထားရမလဲ။ သင့်အနေနှင့် FEMA အထောက်အပံ့အတွက် ယခု မလျှောက်ထားရသေး ပါက၊ သင့်အနေနှင့် လျှောက်ထားရန် အချိန်ရှိနေပါသေးသည်။ Hurricane Helene ကြောင့် ထိခိုက်မှုရှိခဲ့သည့် Abbeville၊ Aiken၊ Allendale၊ Anderson၊ Bamberg၊ Barnwell၊ Beaufort၊ Cherokee၊ Chester၊ Edgefield၊ Fairfield၊ Greenville၊ Greenwood၊ Hampton၊ Jasper၊ Kershaw၊ Laurens၊ Lexington၊ McCormick၊ Newberry၊ Oconee၊ Orangeburg၊ Pickens၊ Richland၊ Saluda၊ Spartanburg၊ Union၊ York ကောင်တီများရှိ အိမ်ပိုင်ရှင်များနှင့် ငှားရမ်းသူများ အပြင် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များသည် FEMA အထောက် အပံ့အတွက် လျှောက်ထားရန် သတ်မှတ်အရည်အချင်း ပြည့်မီပါသည်။  သင်လျှောက်ထားရန် နည်းလမ်းများစွာရှိပါသည် * အွန်လိုင်း DisasterAssistance.gov [https://www.disasterassistance.gov/].သို့ သွားပါ။ * လူကိုယ်တိုင်တွေ့ခြင်း ၊ မည်သည့် သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး စင်တာမဆို သင်နှင့် အနီးဆုံးစင်တာတည်နေရာများကို ရှာဖွေရန် fema.gov/DRC [https://egateway.fema.gov/ESF6/DRCLocator] သို့သွားပါ သို့မဟုတ် “DRC” နှင့် စာပို့သင်္ကေတကို 43362 သို့ စာတိုပေးပို့ပါ။ DRC 29169). * သင်၏ဖုန်းတွင် FEMA mobile app [https://www.fema.gov/about/news-multimedia/mobile-products]. ကိုအသုံးပြုပါ * FEMA အရေးပေါ်ဖုန်းလိုင်း 800-621-3362 သို့ဖုန်းခေါ်ပါ။ တယ်လီဖုန်းလိုင်းကို နေ့စဉ်ဖွင့်ထားပြီး ဘာသာစကားများစွာဖြင့် အကူအညီ ရယူနိုင်ပါသည်။ ဗီဒီယိုဖြင့် ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု (VRS)၊ စာသားဖော်ပြသည့် တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့ ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ကို ပေးပါ။  လျှောက်ထားပုံနှင့်ပတ်သက်၍ အမေရိကန်သင်္ကေတဘာသာစကား၊ နောက်ခံစကားပြောနှင့် စာတမ်းထိုးများပါသည့် ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် ဤ လင့် [https://www.youtube.com/watch?v=WZGpWI2RCNw] ကိုရွေးချယ်ပါ။ FEMA အစီအစဉ်များသည် ဘေးအန္တရာယ်မှလွတ်မြောက်လာသော မသန်စွမ်းသူများနှင့် လက်တွေ့လုပ်ဆောင်ရန် လိုအပ်ချက်ရှိသူများအတွက် အထောက်အကူပေးပါသည်။