SOUTH CAROLINA တွင် ပျောက်ဆုံးသည့် အထောက်အထား စာရွက်စာတမ်းများ ပြန်လည်အစားထိုးခြင်း [https://www.fema.gov/my/fact-sheet/replacing-lost-documents-south-carolina] Release Date: အောက်တိုဘာလ 25, 2024 Hurricane Helene ပြီးသည့်နောက် FEMA အထောက်အပံ့ကို လျှောက် ထားနေစဥ်အချိန်အတွင်း သင့်အနေနှင့်ကိုယ်ရေးသက်သေခံ၊ ပိုင်ဆိုင်မှုနှင့် နေထိုင်မှုနှင့်အခြားသော သက်သေအထောက်အထား စာရွက်စာတမ်းများ ပေးရန် လိုအပ်ပါလိမ့်မည်။ ဤနေရာတွင် မုန်တိုင်းကာလအတွင်း ပျောက်ဆုံးသွားသော သို့မဟုတ် ပျက်စီးသွားသော သင်၏ အရေးပါသည့် အထောက်အထား စာရွက်စာတမ်း များကို ပြန်လည် အစားထိုးရန်အတွက် အထောက်အကူပေးနိုင်သည့် ရင်းမြစ် အချို့ကို ဖော်ပြလိုက်ပါသည်။ * အာမခံထားရှိမှု ပေါ်လစီ သတင်းအချက်အလက်များ သင်၏ အာမခံကုမ္ပဏီသို့မဟုတ် ကိုယ်စားလှယ်ထံသို့ ဖုန်းဆက်ပြီး သင်၏ အာမခံပေါ်လစီမိတ္တူတခု တောင်းခံပါ။ အကယ်၍သင်၏အာမခံကုမ္ပဏီသို့မဟုတ် ကိုယ်စားလှယ်ထံသို့ ဆက်သွယ်၍ မရပါက South Carolina အာမခံဌာနဖုန်း 800-768-3467 သို့ ဆက်သွယ် နိုင်ပါသည်။ * မွေးစာရင်းနှင့် သေစာရင်းလက်မှတ်များ၊ လက်ထပ်စာချုပ်နှင့် ကွာရှင်း ပြတ်စဲစာချုုပ် အထောက်အထားစာရွက်စာတမ်းများ အလွန်အရေးပါသော မှတ်တမ်းများ မိတ္တူပြန်လည်ရရှိရေးအတွက် အကူအညီရရှိရန် South Carolina လူထု ကျန်းမာရေးဌာနသို့ ဆက်သွယ်ပါ။ သင်အနေနှင့် ရုံးတည်နေရာနှင့် မှတ်တမ်းများပြန်လည်တောင်းခံရန် ပုံစံစာရွက်များကို အွန်လိုင်းhttps://dph.sc.gov/public/vital-records တွင်ကြည့်ပါ။ * ယာဉ်မောင်းလိုင်စင်များ အကယ်၍သင်၏ယာဉ်မောင်းလိုင်စင်သည် ပျောက်ဆုံး သို့မဟုတ် ပျက်စီး သွားခဲ့ပါက ပြန်လည်အစားထိုးရန် South Carolina မော်တော်ယာဉ်ဌာနခွဲ တခုသို့ သွားရောက်ပါ။ သတင်းအချက်အလက်များ ပိုမိုသိရှိရန်အတွက် အွန်လိုင်း  https://scdmvonline.com/Driver-Services/Drivers-License/Replace-License တွင် ကြည့်ရှုပါ။ * ဆိုရှယ် လူမှုဖူလုံရေး ကဒ်များ ကဒ်ပြားအသစ်တခုကို အွန်လိုင်းSSA.gov [https://www.ssa.gov/number-card/replace-card]မှ သို့မဟုတ် ကဒ်တခုအတွက် လျှောက်လွှာပုံစံကိုဖြည့်ပြီး တရားဝင်ကိုယ်ရေး အထောက် အထားနှင့်အတူ သင့်ဒေသရှိ ဆိုရှယ် လူမှုဖူလုံရေး ရုံးသို့သွားပါ။ ထိုနည်းတူ သင့်အနေနှင့် ဖုန်း 800-772-1213 (TTY 800-325-0778) သို့ အကူအညီအတွက် ခေါ်ဆိုနိုင်ပါသည်။ * မယ်ဒီကဲယားကဒ်များ သင့်ကဒ်ပြားပြန်လည်အစားထိုးရန် မယ်ဒီကဲယားရုံးဖုန်း  800-633-4227(TTY 877-486-2048) ခေါ်ဆိုပါ။ သင့်ဒေသရှိ ဆိုရှယ် လူမှုဖူလုံရေးရုံးသို့ သွားပါ။ ကဒ်အသစ်တခုကို သင်၏ Social Security အွန်လိုင်းအကောင့်မှ တဆင့် တောင်းခံပါ၊ သို့မဟုတ် MyMedicare.gov [https://www.medicare.gov/account/login] သို့ သွားကြည့်ပါ * အမြဲတမ်းနေထိုင်ခွင့်ဂရင်းကဒ် https://www.uscis.gov/green-card/after-we-grant-your-green-card/replace-your-green-cardသို့သွားပါ၊ ပြီးနောက် အမြဲတမ်းနေထိုင်ခွင့်ကဒ်ပြားပြန်လည်အစာထိုးရရှိရန် ပုံစံ I-90 လျှောက်လွှာ ကို ပြည့်စုံစွာဖြည့်သွင်းပါ။ ပုံစံကို အွန်လိုင်း သို့မဟုတ် စာတိုက်မှ ပေးပို့နိုင်သည်။  * နိုင်ငံကူးလက်မှတ်များ သင်၏နိုင်ငံကူးလက်မှတ်ပျောက်ဆုံးမှုကို အွန်လိုင်းမှ၊ စာတိုက်မှ သို့မဟုတ် လူကိုယ်တိုင်အစီရင်ခံတင်ပြပါ။ အချက်အလက် ပိုမိုသိရှိလိုပါက https://travel.state.gov/content/travel/en/passports/have-passport/lost-stolen.htmlသို့ သွားကြည့်ပါ။ * အခွန် TAX RETURNS ပြန်လည်ပေးခြင်း ပုံစံ 4506 ကိုဖြည့်ပြီး သင်၏ဖက်ဒရယ်အခွန်ပြန်လည်ပေးခြင်းအတွက် မိတ္တူတခုတောင်းခံရန် https://www.irs.gov/forms-pubs/about-form-4506သို့သွားပါ။ သင်၏ပြည်နယ် အခွန်ပြန်လည်ပေးမှုနှင့် South Carolina တွင် Hurricane Helene ကြောင့် ထိခိုက်မှုများနှင့် ထောက်ပံ့ပေးမှုများအတွက် သတင်းအချက်အလက် ပိုမိုသိရှိလိုပါက https://dor.sc.gov/emergencies. သို့သွားပါ။ * စစ်မှုထမ်း မှတ်တမ်းများ မှတ်တမ်းများပြန်လည်တောင်းခံရန် https://www.archives.gov/preservation/records-emergency သို့သွားပါ။ ထို့အတူစာရွက်စာတမ်းများဓာတ်ပုံများကို သင့်မိသားစုအတွက် စုဆောင်း သိမ်းဆည်းထားနိုင်ရေးအတွက် ပိုမိုလေ့လာသိရှိရန် https://www.archives.gov/preservation/family-archives သို့ သွားပါ။  အထောက်အပံ့အတွက် လျှောက်ထားခြင်း သင့်အနေနှင့် FEMA အထောက်အပံ့အတွက် ယခု မလျှောက်ထားရသေး ပါက၊ သင့်အနေနှင့် လျှောက်ထားရန် အချိန်ရှိနေပါသေးသည်။ Hurricane Helene ကြောင့် ထိခိုက်မှုရှိခဲ့သည့် Abbeville၊ Aiken၊ Allendale၊ Anderson၊ Bamberg၊ Barnwell၊ Beaufort၊ Cherokee၊ Chester၊ Edgefield၊ Fairfield၊ Greenville၊ Greenwood၊ Hampton၊ Jasper၊ Kershaw၊ Laurens၊ Lexington၊ McCormick၊ Newberry၊ Oconee၊ Orangeburg၊ Pickens၊ Richland၊ Saluda၊ Spartanburg၊ Union၊ York ကောင်တီများရှိ အိမ်ပိုင်ရှင်များနှင့် ငှားရမ်းသူများ အပြင် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များသည် FEMA အထောက် အပံ့အတွက် လျှောက်ထားရန် သတ်မှတ်အရည်အချင်း ပြည့်မီပါသည်။  သင်လျှောက်ထားရန် နည်းလမ်းများစွာရှိပါသည် * အွန်လိုင်းမှ လျှောက်ရန်    DisasterAssistance.gov [https://www.disasterassistance.gov/]. * မည်သည့် ကပ်ဘေး ပြန်လည်ထူထောင်ရေး စင်တာမဆိုထံ သွားပါ။ သင်နှင့် အနီးဆုံးစင်တာတည်နေရာများကို ရှာဖွေရန် fema.gov/DRC [https://egateway.fema.gov/ESF6/DRCLocator] သို့သွားပါ သို့မဟုတ် “DRC” နှင့် စာပို့သင်္ကေတကို 43362 သို့ စာတိုပေးပို့ပါ။ DRC 29169). * FEMA mobile app [https://www.fema.gov/about/news-multimedia/mobile-products] ကိုအသုံးပြုပါ။ * FEMA အရေးပေါ်ဖုန်းလိုင်း 800-621-3362 သို့ဖုန်းခေါ်ပါ။ ယင်းကို နေ့စဉ် ဖွင့်ထားပါသည်။ ဘာသာစကားများစွာဖြင့် အကူအညီ ရယူနိုင်ပါသည်။ ဗီဒီယိုဖြင့် ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု (VRS)၊ စာသားဖော်ပြသည့် တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့ ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ကို ပေးပါ။  လျှောက်ထားပုံနှင့်ပတ်သက်၍ အမေရိကန်သင်္ကေတဘာသာစကား၊ နောက်ခံစကားပြောနှင့် စာတမ်းထိုးများပါသည့် ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် ဤ လင့် [https://www.youtube.com/watch?v=WZGpWI2RCNw] ကိုရွေးချယ်ပါ။ FEMA အစီအစဉ်များသည် ဘေးအန္တရာယ်မှလွတ်မြောက်လာသော မသန်စွမ်းသူများနှင့် လက်တွေ့လုပ်ဆောင်ရန် လိုအပ်ချက်ရှိသူများအတွက် အထောက်အကူပေးပါသည်။