သဘာဝဘေးအန္တရာယ်မှပြန်လည် ထူထောင် ရေးစခန်းများတွင် လူကိုယ်တိုင်အကူအညီပေးခြင်း [https://www.fema.gov/my/fact-sheet/person-assistance-disaster-recovery-centers] Release Date: အောက်တိုဘာလ 23, 2024 သဘာဝဘေးအန္တရာယ်မှပြန်လည် ထူထောင် ရေးစခန်းများတွင် လူတယောက်ချင်းစီအတွက် လက်ဆောင်ကဒ်များ သို့မဟုတ် အခမဲ့စားသောက်ဖွယ်ရာများလက်ခံရရှိနိုင်သည်ဟု ကောလဟာလများထွက်ပေါ်နေပြီး ထိုအချက်အလက်များသည် မှန်ကန်ခြင်းမရှိပါ။ FEMA နှင့် မိတ်ဖက်များအနေနှင့် သဘာဝဘေးအန္တရာယ်မှပြန်လည် လွတ်မြောက်လာသူများအတွက် သဘာဝဘေးအန္တရာယ်မှပြန်လည်ထူထောင် ရေးစခန်းများတွင်ရရှိနိုင်သော ဝန်ဆောင်မှုများနှင့် ရင်းမြစ်များအကြောင်း သတင်းအချက်အလက်များကိုရရှိရာတွင်မှန်ကန်စွာရရှိကြောင်းသေခြာစေလိုပါသည်။ သဘာဝဘေးအန္တရာယ်မှပြန်လည် ထူထောင် ရေးစခန်းတွင် သင်ဘာကိုရနိုင်သလဲ။ သဘာဝဘေးအန္တရာယ်မှပြန်လည် ထူထောင် ရေးစခန်းများသည် သဘာဝ ဘေးအန္တရာယ်မှပြန်လည် လွတ်မြောက်လာသူများအတွက် ပြည်နယ်၊ ဖက်ဒရယ်နှင့်လူမှုအသိုင်းအဝိုင်းအဖွဲ့အစည်းများထံမှ ရနိုင်သော အကူအညီ များအတွက်သတင်းအချက်အလက်နှင့် အကြံပြုချက်များကို အားလုံး တနေရာတည်းနှင့်အစုံရရှိနိုင်သောနေရာများဖြစ်သည်။ အားလုံးသောသူများအတွက်သုံးခွင့်ရနိုင်ပြီး ယင်းတွင် မသန်စွမ်းသော ပြည်သူများ၊ အခွင့်အလမ်းနှင့် လက်တွေ့အသုံးချနိုင်မှုအတွက် လိုအပ်ချက်ရှိနေသောသူများအတွက်ပါ၀င်ပါသည်။ FEMA၊ SOUTH CAROLINAပြည်နယ်နှင့် US အသေးစားစီးပွားရေး လုပ်ငန်းဆိုင်ရာ စီမံကွပ်ကဲရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံနိုင် ရန်အတွက် ဖွင့်လှစ်ထားသောသဘာဝဘေးအန္တရာယ်မှ ပြန်လည် ထူထောင်ရေးစခန်းတွင်လည်း လူကိုယ်တိုင် သွားရောက်နိုင်သည်။ DRC တွင် သင်လုပ်နိုင်သည်မှာ * အထောက်အပံ့အတွက် လျှောက်ထားခြင်း * သင့် FEMA လျှောက်လွှာနှင့်စပ်လျဉ်းသည့် အခြေအနေကို လေ့လာခြင်း * FEMA မှလာသောစာများကို နားလည်သိရှိစေခြင်း * အိုးအိမ်နှင့် အိမ်ငှားခြင်းဆိုင်ရာအထောက်အပံ့များရှာဖွေခြင်း * မေးခွန်းများအတွက်အဖြေများရရှိခြင်း သို့မဟုတ် ပြဿနာများကိုအဖြေရှာခြင်း  * အခြားသောအထောက်အပံ့များကမ်းလှမ်းနိုင်ခြေရှိသည့် အေဂျင်စီများထံလွှဲပြောင်းပေးအပ်ခြင်း * အသေးစားစီးပွားရေး လုပ်ငန်းဆိုင်ရာ စီမံကွပ်ကဲရေးအဖွဲ့(SBA) ချေးငွေအစီအစဉ်များအကြောင်းလေ့လာခြင်း သဘာဝဘေးအန္တရာယ်မှပြန်လည် ထူထောင် ရေးစခန်းများမှ ဘာကိုမပေးသလဲ။ * လက်ဆောင်ကဒ်များ DRCများမှ လက်ဆောင်ကဒ်များ သို့မဟုတ် ငွေသားများဖြန့်ဝေခြင်းမပြုပါ။ * အခမဲ့အစားသောက်ဖွယ်ရာများ သို့မဟုတ် အခမဲ့ပစ္စည်းများ DRCများမှ အခမဲ့အစားအစာများ၊ စားသောက်ကုန်များနှင့် အခြားသော ကုန်ပစ္စည်းများဖြန့်ဝေခြင်းမပြုပါ။ အစားအစာလိုအပ်နေသော ဘေးအန္တရာယ်မှ လွတ်မြောက်လာသူများ အနေနှင့် ဒေသခံအစားအသောက်ဘဏ်များ၊ လူမှုအသိုင်းအဝိုင်း အဖွဲ့အစည်းများ သို့မဟုတ် ဒေသခံအစိုးရထောက်ပံ့ရေးအစီအစဉ်များကို ဆက်သွယ်ရန် တိုက်တွန်းပါသည်။ သင်နှင့်နီးစပ်ရာ သဘာဝဘေးအန္တရာယ်မှပြန်လည် ထူထောင် ရေးစခန်းကိုရှာပါ Hurricane Helene ကြောင့် ထိခိုက်ခံရသော South Carolina တွင် နေထိုင်သူများအတွက် လူကိုယ်တိုင်အကူအညီပံ့ပိုးရန် သဘာဝဘေး အန္တရာယ်မှပြန်လည် ထူထောင် ရေးစခန်းများစွာလက်ရှိဖွင့်လှစ်ထားပါ သည်။ ယင်းတို့ကို ရှာဖွေရန်အတွက် ဤနေရာတွင်  [https://www.fema.gov/disaster/4829#block-views-block-disaster-recovery-centers-block-3] နှိပ်ပါ။ South Carolina ရှိ အခြားသော ထိခိုက်ခံရသည့်ဒေသများတွင် နောက်ထပ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြန်လည်ထူထောင်ရေးစင်တာများကို ဖွင့်လှစ်တော့မည်ဖြစ်သည်။  စင်တာတည်နေရာများအားလုံးကို ရှာဖွေရန် fema.gov/drc [http://www.fema.gov/drc] သို့သွားပါ သို့မဟုတ် “DRC” နှင့် စာပို့သင်္ကေတကို 43362 သို့ စာတိုပေးပို့ပါ။ FEMA အထောက်အပံ့ကို လျှောက်ထားခြင်း FEMA အထောက်အပံ့ကို လျှောက်ထားရန် DRC တခုသို့လူကိုယ်တိုင် သွားရန်မလိုအပ်ပါ အခြားသော ရွေးချယ်စရာများစွာရှိပါသည်။ * အွန်လိုင်းမှလျှောက်ရန် DisasterAssistance.gov [https://www.disasterassistance.gov/]. *  FEMA mobile app [https://www.fema.gov/about/news-multimedia/mobile-products]. ကိုအသုံးပြုပါ * FEMA အရေးပေါ်ဖုန်းလိုင်း 800-621-3362 သို့ ဖုန်းခေါ်ပါ။ ဘာသာစကားများစွာဖြင့် အကူအညီ ရယူနိုင်ပါသည်။ တယ်လီဖုန်းလိုင်းကို နေ့စဉ်ဖွင့်ထားသည်။ ဗီဒီယိုဖြင့် ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု (VRS)၊ စာသားဖော်ပြသည့် တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့ ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ကို ပေးပါ။ မုန်တိုင်းမှလွတ်မြောက်လာသော မသန်စွမ်းသူများနှင့် အထောက်အကူ ရယူရန်နှင့် လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ချက်များရှိသော အခြားသူများသည် FEMA အစီအစဉ်များတွင် ပါဝင်နိုင်ပါသည်။ လျှောက်ထားပုံနှင့်ပတ်သက်၍ ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် ဤ link [https://www.youtube.com/watch?v=WZGpWI2RCNw]ကိုရွေးချယ်ပါ။