QUEENS ရှိ LOWE'S တွင် နိုဝင်ဘာ ၁ - ၆ အထိ အိမ်ပြုပြင်မှုအကြံဥာဏ် ရယူပါ [https://www.fema.gov/my/press-release/20211029/get-home-repair-advice-nov-1-6-lowes-queens] Release Date: အောက်တိုဘာလ 29, 2021 နယူးယောက် – နယူးယောက်တွင်နေထိုင်သူများက ၎င်းတို့၏နေအိမ်များကို ပြန်လည်ပြင်ဆင် တည်ဆောက်နေချိန်တွင် FEMA သည် Queens ရှိ Lowe's အိမ်ပြုပြင်ရေးစတိုးနှင့် ပူးပေါင်းပြီး သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသည့် အိမ်များကို မည်သို့ ပိုမိုခိုင်မာလုံခြုံရန် ပြင်ဆင်နိုင်ကြောင်း အခမဲ့ အချက်အလက်များနှင့် အကြံပေးမှုများဖြင့် ပံ့ပိုးပေးနေပါသည်။ FEMA ကျွမ်းကျင်သူများသည် အောက်ပါ နေရာများတွင် သင်၏ မေးခွန်းများကို ဖြေကြားပေးရန်နှင့် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးမှုများ ကာကွယ်ရန် သို့မဟုတ် လျှော့ချရန် ဘေးဒဏ်ခံနိုင်သော အိမ်များ ဆောက်လုပ်ရေးအတွက် အကြံဉာဏ်များနှင့် နည်းပညာများကို မျှဝေပေးရန် အသင့်ရှိနေပါသည်။ အချက်အလက်အများစုမှာ ကိုယ်တိုင်ပြင်ဆင်သူများနှင့် အထွေထွေ ဆောက်လုပ်ရေးသမားများအတွက် ရည်ရွယ်ပြင်ဆင်ထားပါသည်။ FEMA ၏ အန္တရာယ်လျှော့ချရေးဆိုင်ရာအကြံပေးများသည် နိုဝင်ဘာလ ၁ ရက်၊ တနင်္လာနေ့မှ နိုဝင်ဘာလ ၆ ရက် စနေနေ့အထိ ရှိနေပါမည်။ LOWE’S 253-01 ROCKAWAY BLVD. ROSEDALE, NY 11422 အချိန်- မနက် ၉ နာရီမှ ညနေ ၆ နာရီ ဘေးဒဏ်ခံခဲ့ရသူများအတွက် ရေကြီးရေလျှံခြင်းမှ မိမိအိမ်ကို ကာကွယ်နည်းအကြောင်း အခမဲ့ လမ်းညွှန် စာအုပ်ငယ်များကိုလည်း ပေးဝေနေပါသည်။ သင့်အိမ်ကို ကာကွယ်ပုံအကြောင်း နောက်ထပ် အချက်အလက်များကို fema.gov/emergency-managers/risk-management [https://www.fema.gov/emergency-managers/risk-management] တွင် ကြည့်နိုင်ပါသည်။ ဟာရီကိန်း အိုင်ဒါ ပြန်လည်ထူထောင်ရေးဆိုင်ရာ နောက်ဆုံးရသတင်းအချက်အလက်များအတွက် fema.gov/disaster/4615 [http://www.fema.gov/disaster/4615] တွင် ကြည့်ပါ။ ကျွန်ုပ်တို့အား တွစ်တာတွင် twitter.com/femaregion2 [https://twitter.com/femaregion2] နှင့် www.facebook.com/fema [https://u7061146.ct.sendgrid.net/ls/click?upn=TeZUXWpUv-2B6TCY38pVLo9jw1V-2Bo5zjnJlDYvuv2Uss9fUVdD4qLUR5g5P6aeNyAlWOKN_LMDzpl4Nq0l0W7twxHuEzy-2BkxlPg1d7K-2BpAa67OMQF5aA3Z72-2FXM6Bwrk4PgC4ALq-2FN1KZFbq0dIvnjAHIkenOosVeIy4jryNdFhuuVQTvMNeSZQoq3SlT5fPNb9sLEVqccFjBpGLgekSvXV4V4hRGXKdRoDwH7rTrfqYkkwnBGBQ7mTam70ypCa7vTSGgQPx3VU-2BsGnPThHbfDLBkZWFlMiQwx8seofD3qtXHJlJ4IB4EF6LVlCG5HnEzQtAAkMrLOBTy9t4Vb7B3fmmefuNpMnUhT-2Fjwku7Jg2LYMW7EUDxOK70xI4UAjuhp332OxfRqkwLThQXmMBpNL4AL1zHZnUDpnOkYUu-2B-2BxUfTtmne8-3D] တွင် ကြည့်ပါ။