ဟာရီကိန်းအိုင်ဒါဒဏ် ခံခဲ့ရသော DUTCHESS ကောင်တီတွင် နေထိုင်သူများ FEMA အကူအညီကို ယခု လျှောက်ထားနိုင်ကြပါပြီ [https://www.fema.gov/my/press-release/20211026/dutchess-county-residents-affected-hurricane-ida-can-now-apply-fema] Release Date: အောက်တိုဘာလ 25, 2021 နယူးယောက် – ဟာရီကိန်းအိုင်ဒါဆိုင်ရာ ဖက်ဒရယ်ဘေးအန္တရာယ် စက်တင်ဘာ ၅ ကြေညာချက်သို့ Dutchess ကောင်တီကို FEMA က ထည့်သွင်းလိုက်ပြီဖြစ်သောကြောင့် ကောင်တီ ကိုးခုမှ ပြည်သူများသည် FEMA ၏ ဘေးအန္တရာယ်ဆိုင်ရာအကူအညီကို လျှောက်ထားရန် ယခု အကျုံးဝင်ပြီဖြစ်ပါသည်။ BRONX, DUTCHESS, KINGS, NASSAU, QUEENS, RICHMOND, ROCKLAND, SUFFOLK နှင့် WESTCHESTER ကောင်တီတွင် နေထိုင်သူများသည် ယခုအခါ FEMA ၏ တစ်ဦးချင်းအကူအညီအစီအစဉ်တွင် လျှောက်ထားနိုင်ကြပြီ ဖြစ်ပါသည်။ နောက်ဆုံးထား လျှောက်ထားရမည့်နေ့မှာ ဒီဇင်ဘာလ ၆ ရက်၊ တနင်္လာနေ့ ဖြစ်ပါသည်။ လျှောက်ထားပြီးသူများ ထပ်မံလျှောက်ထားရန် မလိုအပ်ပါ။ ဟာရီကိန်း အိုင်ဒါသည် စက်တင်ဘာလ ၁-၃ အတွင်း နယူးယောက်ကို တိုက်ခတ်သွားခဲ့ပါသည်။ ကောင်တီ ကိုးခုတွင် နေထိုင်ခဲ့ကြသူ အိမ်ပိုင်ရှင်များနှင့် အိမ်ငှားများသည် မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများအတွက် အကူအညီရရှိနိုင်ရေး လျှောက်ထားကြရန် တိုက်တွန်းအပ်ပါသည်။ ဘေးဒဏ်ဆိုင်ရာအကူအညီတွင် ယာယီနေထိုင်မှုအတွက် ကုန်ကျစရိတ်၊ မရှိမဖြစ် ပြုပြင်ရန်လိုအပ်သော အိမ်ပြင်ဆင်မှုများနှင့် ဘေးအန္တရာယ်နှင့် ဆက်စပ်သည့် အရေးကြီးလိုအပ်ချက်များဖြစ်သည့် ဆေးကုသရေးနှင့် သွားကုသရေးဆိုင်ရာ ကုန်ကျစရိတ်များအတွက် ထောက်ပံ့မှုများ ပါဝင်နိုင်ပါသည်။ သင့်တွင် အာမခံရှိစေကာမူ FEMA ကို လျှောက်ထားသင့်ပါသည်။ သို့သော် သင့်အာမခံကုမ္ပဏီအား ဦးစွာ တောင်းဆိုပါ။ FEMA သည် လျှောက်ထားသူများအား ၎င်းတို့၏ အာမခံ မရှိသော သို့မဟုတ် အာမခံနည်းပါးသော ဘေးဒဏ်ကြောင့် ဖြစ်ပေါ်သည့် ကုန်ကျစရိတ်များနှင့် အရေးတကြီးလိုအပ်ချက်များအတွက် ကူညီထောက်ပံ့ပါသည်။ လျှောက်ထားသူများသည် အာမခံထားရှိမှု အားလုံးကို FEMA အား အသိပေးရန်လိုအပ်ရာ ၎င်းတွင် ရေကြီးရေလျှံမှု အာမခံ၊ အိမ်အာမခံနှင့် ကားအာမခံတို့လည်း ပါဝင်သည်။ ကိုယ်ပိုင်အာမခံအောက်တွင် လျော်ကြေးရရှိနိုင်သော အမျိုးအစားများအတွက် အကူအညီရရန် အကျုံးဝင်ခြင်း ရှိ မရှိကို FEMA က မဆုံးဖြတ်မီတွင် အာမခံထားရှိသော လျှောက်ထားသူများသည် အာမခံက ပေးလျော်သည့် သဘောတူညီချက်များ သို့မဟုတ် လျှော်ကြေးငွေဆိုင်ရာ မှတ်တမ်းမှတ်ရာများကို ပေးပို့ရပါမည်။ FEMA အကူအညီကို လျှောက်ထားရန်အတွက် DisasterAssistance.gov [http://www.disasterassistance.gov/] သို့ သွားပါ၊ FEMA မိုဘိုင်းအက်ပ်ကို သုံးပါ။ သို့မဟုတ် FEMA အကူအညီကို ၈၀၀-၆၂၁-၃၃၆၂ တွင် ခေါ်ဆိုပါ။ သင်သည် ဗီဒီယိုထပ်ဆင့်လွှင့်အစီအစဉ် (VRS )၊ စာသားပါ ဖုန်းအစီအစဉ် သို့မဟုတ် တခြားစနစ်များကို အသုံးပြုပါက ယင်းအစီအစဉ်ဝန်ဆောင်မှုများ၏ နံပါတ်ကို FEMA အား ပေးပါ။ အကူအညီ အော်ပရေတာကို မနက် ၈ နာရီမှ ည ၇နာရီအထိ တပါတ်လျှင် ၇ ရက် ဖွင့်ထားပါသည်။ စပိန်ဘာသာစကားအတွက် ၂ ကိုနှိပ်ပါ။ အခြားဘာသာစကားပြောသည့် စကားပြန်ကို ရရန် ၃ ကိုနှိပ်ပါ။ သင်သည် ဘေးအန္တရာယ်ပြန်လည်ထူထောင်ရေးစင်တာသို့ သွားကာ FEMA ဝန်ထမ်းနှင့် အခြား ဖက်ဒရယ်နှင့် ပြည်နယ် အေဂျင်စီများမှ ကိုယ်စားလှယ်များနှင့် ကိုယ်တိုင်တွေ့နိုင်ပြီး ၎င်းတို့က ဘေးအန္တရာယ်ဆိုင်ရာ အကူအညီများနှင့် ပတ်သက်ပြီး အချက်အလက်များ ပေးနိုင်ပါသည်။ သင့်အနီးရှိ ပြန်လည်ထူထောင်ရေးစင်တာကို DRC Locator (fema.gov) [https://egateway.fema.gov/ESF6/DRCLocator] တွင် ရှာနိုင်ပါသည်။ နယူးယောက်၏ ပြန်လည်ထူထောင်ရေးလုပ်ဆောင်ချက်ဆိုင်ရာ တရားဝင် ထုတ်ပြန်သည့် သတင်းအချက်အလက်များအတွက် fema.gov/disaster/4615 [http://www.fema.gov/disaster/4615] တွင် ကြည့်ပါ။ ကျွန်ုပ်တို့အား တွစ်တာတွင် twitter.com/femaregion2 [https://twitter.com/femaregion2] နှင့် www.facebook.com/fema [https://u7061146.ct.sendgrid.net/ls/click?upn=TeZUXWpUv-2B6TCY38pVLo9jw1V-2Bo5zjnJlDYvuv2Uss9fUVdD4qLUR5g5P6aeNyAlWOKN_LMDzpl4Nq0l0W7twxHuEzy-2BkxlPg1d7K-2BpAa67OMQF5aA3Z72-2FXM6Bwrk4PgC4ALq-2FN1KZFbq0dIvnjAHIkenOosVeIy4jryNdFhuuVQTvMNeSZQoq3SlT5fPNb9sLEVqccFjBpGLgekSvXV4V4hRGXKdRoDwH7rTrfqYkkwnBGBQ7mTam70ypCa7vTSGgQPx3VU-2BsGnPThHbfDLBkZWFlMiQwx8seofD3qtXHJlJ4IB4EF6LVlCG5HnEzQtAAkMrLOBTy9t4Vb7B3fmmefuNpMnUhT-2Fjwku7Jg2LYMW7EUDxOK70xI4UAjuhp332OxfRqkwLThQXmMBpNL4AL1zHZnUDpnOkYUu-2B-2BxUfTtmne8-3D] တွင် လိုက်ကြည့်ပါ။