STATEN ISLAND ရှိ LOWE'S တွင် အောက်တိုဘာ ၂၅-၃၀ အထိ အိမ်ပြုပြင်မှု အကြံပြုချက် [https://www.fema.gov/my/press-release/20211022/get-home-repair-advice-oct-25-30-lowes-staten-island] Release Date: အောက်တိုဘာလ 22, 2021 နယူးယောက်– နယူးယောက်တွင် နေထိုင်သူများက ၎င်းတို့၏အိမ်များကို ပြုပြင်နေကြသောကြောင့် FEMA က Staten Island ရီ Lowe's နှင့် ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံနိုင်ပြီး ပိုမိုလုံခြုံစေရန် အခမဲ့ သတင်းအချက်အလက်များနှင့် အကြံဉာဏ်များကို ပေးနေပါသည်။ FEMA ကျွမ်းကျင်သူများက အောက်ပါနေရာများတွင် မေးလိုရာမေးခွန်းများကို ဖြေကြားရန်နှင့် အကြံဉာဏ်နှင့် နည်းပညာများပေးရန် ရှိနေကြမည်ဖြစ်ပြီး ဘေးအန္တရာယ်မှ ပျက်စီးမှုများကို ကာကွယ်ရန် သို့မဟုတ် လျှော့ချရန် အတွက် ဖျက်ဆီးမှုဒဏ်ခံနိုင်ရည်ရှိသော ပြင်ဆင်ဆောက်လုပ်မှုများအကြောင်း အချက်အလက်များကို အခမဲ့ ကူညီပေးအပ်သွားပါမည်။ အချက်အလက်အများစုသည် ကိုယ်တိုင်ပြုပြင်မည့်သူများနှင့် အထွေထွေ ဆောက်လုပ်ရေးသမားများ အတွက် ရည်ရွယ်ပြင်ဆင်ထားပါသည်။ FEMA ၏ ပျက်စီးမှုလျော့ကျရေးအကြံပေးသူများသည် အောက်တိုဘာ ၂၅ ရက် တနင်္လာမှာ အောက်တိုဘာ ၃၀ ရက် စနေနေ့ အထိ ရှိနေပါမည် - LOWE’S 2171 Forest Ave. Staten Island, NY 10303 အချိန် - မနက် ၉ နာရီမှ ည ၆ နာရီအထိ ရေကြီးမှုကြောင့် ပျက်စီးခြင်းများမှ ကာကွယ်ရန် အချက်အလက်များပါသည့် လမ်းညွှန်စာအုပ်ငယ်များကိုလည်း ဘေးဒုက္ခကြုံတွေ့ခဲ့ရသူများအတွက် အခမဲ့ပေးဝေပါမည်။ နေအိမ်များကာကွယ်ရန် နောက်ထပ်အချက်အလက်များကို https://www.fema.gov/emergency-managers/risk-management.တွင် တွေ့နိုင်ပါသည်။ နယူးယောက်၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ နောက်ဆုံးရသတင်းအချက်အလက်များအတွက် fema.gov/disaster/4615 [http://www.fema.gov/disaster/4615] တွင် ကြည့်ပါ။ ကျွန်ုပ်တို့အား တွစ်တာတွင် twitter.com/femaregion2 [https://twitter.com/femaregion2] နှင့် www.facebook.com/fema [https://u7061146.ct.sendgrid.net/ls/click?upn=TeZUXWpUv-2B6TCY38pVLo9jw1V-2Bo5zjnJlDYvuv2Uss9fUVdD4qLUR5g5P6aeNyAlWOKN_LMDzpl4Nq0l0W7twxHuEzy-2BkxlPg1d7K-2BpAa67OMQF5aA3Z72-2FXM6Bwrk4PgC4ALq-2FN1KZFbq0dIvnjAHIkenOosVeIy4jryNdFhuuVQTvMNeSZQoq3SlT5fPNb9sLEVqccFjBpGLgekSvXV4V4hRGXKdRoDwH7rTrfqYkkwnBGBQ7mTam70ypCa7vTSGgQPx3VU-2BsGnPThHbfDLBkZWFlMiQwx8seofD3qtXHJlJ4IB4EF6LVlCG5HnEzQtAAkMrLOBTy9t4Vb7B3fmmefuNpMnUhT-2Fjwku7Jg2LYMW7EUDxOK70xI4UAjuhp332OxfRqkwLThQXmMBpNL4AL1zHZnUDpnOkYUu-2B-2BxUfTtmne8-3D] တွင် ကြည့်ပါ။