သင်၏ FEMA ပံ့ပိုးမှုကို ချင့်ချိန်အသုံးပြုပါ [https://www.fema.gov/my/press-release/20211004/spend-your-fema-grant-wisely] Release Date: အောက်တိုဘာလ 4, 2021 နယူးယောက်-- ဘေးအန္တရာယ်ခံစားခဲ့ရသည့် သတ်မှတ်ချက်နှင့် အကျုံးဝင်သူများသည် အိမ်ငှားခ၊ အိမ်ပြင်ဆင်ခြင်း၊ သို့မဟုတ် အခြား အထောက်အပံ့များဆိုင်ရာ ပံ့ပိုးမှုများကို စတင်ရရှိမည်ဖြစ်ပြီး ဖက်ဒရယ်၏ ဘေးအန္တရာယ်ဆိုင်ရာ အထောက်အပံ့များသည် အခွန်လွတ် ဖြစ်ပါသည်။ ဘေးအန္တရာယ်အတွက် ပံ့ပိုးမှုများကို မှန်ကန် သင့်လျော်စွာ အသုံးပြုနိုင်ရန် FEMA ၏ အကြောင်းကြားစာတွင် ဖော်ပြပါမည်။ သင့်အား ပေးအပ်ကြောင်းစာတွင် ဖော်ပြထားသည့် အတိုင်း ဘေးအန္တရာယ်နှင့် ပတ်သက်သော ကုန်ကျစရိတ်များအတွက်သာ အသုံးပြုရန် FEMA က သင့်အား တိုက်တွန်းပါသည်။ အောက်ပါတို့မှာ အကူအညီရစေမည့် အကြံပြုချက်အချို့ဖြစ်သည်- FEMA က သင့်အား အကြောင်းကြားစာပေးပို့ရာတွင် သင်ရရှိနိုင်မည့် အကျုံးဝင်သည့် ထောက်ပံ့မှု အမျိုးအစား တစ်ခုစီနှင့် ပမာဏတို့ပါဝင်ပါမည်။ ယင်းတို့တွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်- * အိမ်ပြင်ဆင်ခြင်း (ဥပမာ- အဆောက်အအုံ၊ ရေ၊ မိလ္လာကန်နှင့် ရေဆိုးစနစ်)။ * ယာယီနေထိုင်သည့် နေရာအတွက် အိမ်ငှားခ အထောက်အပံ့။ * ပျက်စီးသွားသည့် အဓိကအသုံးပြုနေသည့်ကား ပြင်ဆင်ခြင်း သို့မဟုတ် အစားထိုးဝယ်ယူခြင်း။ * ဘေးအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုအတွက် အိတ်စိုက်ပေးခဲ့ရသော အာမခံမရှိသည့် ဆေးကုသစရိတ်။ * အလုပ်အတွက် အသုံးပြုသည့် သီးသန့်ကိရိယာများ ပြင်ဆင်ခြင်း သို့မဟုတ် အစားထိုးခြင်း။ * မရှိမဖြစ်လိုအပ်သော ပညာရေးသုံး ပစ္စည်းများ (ဥပမာ- ကွန်ပျူတာများ၊ ကျောင်းစာအုပ်များ၊ စာရေးကိရိယာအသုံးအဆောင်များ)။ * ဘေးအန္တရာယ်နှင့် ဆက်စပ်နေသည့် ပြောင်းရွှေ့မှုနှင့် ဂိုဒေါင်ငှားခ ကုန်ကျစရိတ်များနှင့် အခြား ဘေးအန္တရာယ်နှင့် ဆက်စပ်သည့် ကုန်ကျစရိတ်များ။ သင်သည် FEMA အထောက်အပံ့ငွေကို သင်၏အိမ်လုံခြုံဘေးကင်းရေး၊ သန့်စင်ရေး၊ နေထိုင်ရန် သင့်တော်စေရေးတို့အတွက် လိုအပ်သလို အသုံးပြုနိုင်ပါသည်။ ဘေးအန္တရာယ်အထောက်အပံ့ငွေကို မည်သို့အသုံးပြုကြောင်း မှတ်တမ်းထားရှိပြီး ယင်းကို အထောက်အထားပြနိုင်ရန်အတွက် ပြေစာများကိုလည်း အနည်းဆုံး သုံးနှစ်အထိ သိမ်းဆည်းထားပါ။ ဘေးအန္တရာယ် အထောက်အပံ့ငွေသည် မီးဖိုးရေဖိုး၊ အစားအသောက်၊ ဆေး သို့မဟုတ် သွားကုသစရိတ်၊ ခရီးသွားခြင်း၊ ဖျော်ဖြေရေး သို့မဟုတ် ဘေးအန္တရာယ်နှင့် ဆက်စပ်မှုမရှိသော အသုံးစရိတ်များကဲ့သို့ ပုံမှန် နေထိုင်စရိတ်အတွက် မဟုတ်ပါ။ ဖက်ဒရယ်ဥပဒေအရ အခြားအရင်းအမြစ်များမှ အလားတူအထောက်အပံ့ရယူခြင်းကို တားမြစ်ထားပါသည်။ FEMA ထောက်ပံ့မှုကို လျှောက်ထားရန် DisasterAssistance.gov [http://www.disasterassistance.gov/] ကိုသွားပြီး FEMA မိုဘိုင်းအက်ပ်ကို သုံးပါ သို့မဟုတ် FEMA အကူအညီဖုန်း ၈၀၀-၆၂၁-၃၃၆၂ (၇၁၁/VRS) ကို ခေါ်ပါ။ ဖုန်းလိုင်းများသည် မနက် ၈ နာရီမှ ည ၇ နာရီအထိ တစ်ပတ် ၇ ရက် ဖွင့်ထားပါသည်။ ဖုန်းအော်ပရေတာက သင့်ဘာသာစကားပြောသည့် ကျွမ်းကျင်သူနှင့် ချိတ်ဆက်ပေးနိုင်ပါသည်။ အကယ်၍ သင်က ဗီဒီယိုထပ်ဆင့်လွှင့်အစီအစဉ်၊ စာသားပါဖုန်းအစီအစဉ် သို့မဟုတ် တခြားစနစ်များကို အသုံးပြုပါက ယင်းအစီအစဉ်ဝန်ဆောင်မှုများ၏ နံပါတ်ကို FEMA အား ပေးပါ။ ကွန်မြူနတီအခြေပြု လိုအပ်ချက်များကို ပံ့ပိုးပေးသည့် အေဂျင်စီများသို့ လွှဲစာများအတွက် သင်နှင့် အနီးဆုံး ၂၁၁ စင်တာကို (211Counts) https://www.211nys.org/contact-us သွားပါ။ နယူးယောက်တွင် နေထိုင်သူများ ၃၁၁ ကို ခေါ်ပါ။ ယင်းပြင်ပနေရာများအတွက် ၂၁၁ ကိုခေါ်ပါ။ ဟာရီကိန်းနောက်ပိုင်း ပြန်လည်ထူထောင်ရေးဆိုင်ရာ တရားဝင်သတင်းအချက်အလက်များအတွက် https://www.fema.gov/disaster/4615 တွင် ကြည့်ပါ။ ကျွန်ုပ်တို့အား တွစ်တာတွင် twitter.com/femaregion2 [https://twitter.com/femaregion2] နှင့် www.facebook.com/fema [https://u7061146.ct.sendgrid.net/ls/click?upn=TeZUXWpUv-2B6TCY38pVLo9jw1V-2Bo5zjnJlDYvuv2Uss9fUVdD4qLUR5g5P6aeNyAlWOKN_LMDzpl4Nq0l0W7twxHuEzy-2BkxlPg1d7K-2BpAa67OMQF5aA3Z72-2FXM6Bwrk4PgC4ALq-2FN1KZFbq0dIvnjAHIkenOosVeIy4jryNdFhuuVQTvMNeSZQoq3SlT5fPNb9sLEVqccFjBpGLgekSvXV4V4hRGXKdRoDwH7rTrfqYkkwnBGBQ7mTam70ypCa7vTSGgQPx3VU-2BsGnPThHbfDLBkZWFlMiQwx8seofD3qtXHJlJ4IB4EF6LVlCG5HnEzQtAAkMrLOBTy9t4Vb7B3fmmefuNpMnUhT-2Fjwku7Jg2LYMW7EUDxOK70xI4UAjuhp332OxfRqkwLThQXmMBpNL4AL1zHZnUDpnOkYUu-2B-2BxUfTtmne8-3D] တွင် ကြည့်ပါ။