Hurricane Helene ၏ အသက်ဘေးအန္တရာယ်မှလွတ်မြောက်လာသူများ များအား ထောက်ပံ့ရန် FEMA နှင့် SBA အတူတကွ လုပ်ဆောင်ခြင်း

Release Date Release Number
NR-75
Release Date:
ဒီဇင်ဘာ 2, 2024

COLUMBIA, S.C. FEMA ၏ တဦးချင်း အထောက်အပံ့အစီအစဉ်နှင့် အမေရိကန်အသေးစားစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု၏ သဘာဝဘေး အန္တရာယ်ချေးငွေအစီအစဉ်တို့ သည် ဖက်ဒရယ်အစိုးရ၏ ကြီးမားသော သဘာဝဘေးအန္တရာယ်မှ လူတဦးချင်းနှင့်အိမ်ထောင်စုများပြန်လည်နာလံထူ ရေးနှင့် ပြန်တည်ဆောက်ရေးအတွက် ကူညီပေးရန် ငွေကြေး အထောက်အပံ့ ပေးသည့်အဓိက ရင်းမြစ်နှစ်ခုဖြစ်သည်။ များစွာသော အခြေအနေများတွင်  အိမ်ပိုင်ရှင်များနှင့် အိမ်ငှားနေသူများသည် ၎င်းတို့ ပြန်လည်နာလံထူစေရေးအတွက် အထောက်အကူပြုရန် အစီအစဉ် နှစ်ခုလုံးမှ အထောက်အပံ့များ လိုအပ်ကြောင်း တွေ့ရှိရသည်။

သဘာဝဘေးအန္တရာယ်မှ လွတ်မြောက်လာသူများသည် SBA ချေးငွကို ပုဂ္ဂလိကပိုင်ပစ္စည်းများ၊အိမ်ယာပစ္စည်းများ ပျက်စီးမှုများနှင့် စီးပွားရေး လုပ်ငန်းပျက်စီးမှုများနှင့် ဆောင်ရွက်ရန် စောင့်ဆိုင်းနေ၍မရသော အခက်အခဲများအတွက် လိုအပ်သည်။ 

SBA သည် လျှောက်ထားမှုအသစ်များကို ဆက်လက်လက်ခံလျက်ရှိပြီး ကွန်ဂယက်မှ ငွေကြေးခွဲခြားသတ်မှတ်ပေးသည်နှင့်တပြိင်နက် ငွေချေးသူများ လက်ခံရရှိနိုင်စေရန် စီစဉ် လျက်ရှိပါသည်။ SBA သည် ချေးငွေလုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်လျက်ရှိနေပြီး ယင်းတွင် လက်ရှိငွေချေးသူများနှင့် အသစ်လျှောက်ထားမှုများကိုလည်း ထောက်ပံ့ပေးလျက်ရှိပါသည်။

ကွန်ဂယက်ငွေကြေးရံပုံငွေ ထောက်ပံ့မှု ဖြစ်နိုင်ခြေအရ SBA သည် သဘာဝ ဘေးအန္တရာယ်ချေးငွေကို $ 500,000 အထိ အိမ်ပိုင်ရှင်များ အိမ်ပြင်ရန် သို့မဟုတ် သဘာဝဘေးအန္တရာယ်အပျက်အစီးများ အစားထိုးရန် သို့မဟုတ် ပျက်စီးသွားခဲ့သော အိမ်ခြံမြေများ အတွက် ချေးပေးနိုင်ပါလိမ့်မည်။ အိမ်ပိုင်ရှင်များနှင့် အိမ်ငှားများသည် $100,000 အထိ ပြင်ဆင်ရန် သို့မဟုတ် သဘာဝဘေးအန္တရာယ်အပျက်အစီးများ အစားထိုးရန် သို့ဟုတ် ပျက်စီးသွား ခဲ့သော ပုဂ္ဂလိကပိုင်ပစ္စည်းများအတွက် သတ်မှတ်အရည်အချင်း ပြည့်မီနိုင်ပါ လိမ့်မည်။ စီးပွားရေးလုပ်ငန်းများအနေနှင့်လည်း ချေးငွေ $ 2 သန်း အထိ ရုပ်ပိုင်း ဆိုင်ရာပျက်စီးမှုနှင့် လုပ်ငန်းပျက်ယွင်းမှုကြောင့် စီးပွားရေးထိခိုက်မှုအတွက် သတ်မှတ်အရည်အချင်းပြည့်မီနိုင်ပါလိမ့်မည်။

အတိုးနှုန်းထားများမှာ စီးပွားရေးလုပ်ငန်းအတွက် 4%၊ အကျိုးအမြတ်မယူ သည့်အဖွဲ့အစည်းများအတွက် 3.25%၊ အိမ်ပိုင်ရှင်နှင့် အိမ်ငှားနေသူများ အတွက် 2.813% ဖြစ်ပြီး ခရက်ဒစ် မည်သို့ရှိစေ မလိုအပ်ပဲနှင့် ချေးငှားအချိန် အနှစ် 30 အထိဖြစ်ပါသည်။ အတိုးကို ပထမဆုံးသဘာဝဘေးအန္တရာယ်ချေးငွေပေးသည့်နေ့မှစတင်၍ 12လတိုင်အောင် ထည့်သွင်းမည်မဟုတ်ပါ။ လစဉ်ငွေပြန်ဆပ်ခြင်းကို ချေးငွေ အစပျိုးပေးငွေရရှိပြီး 12 လအကြာတွင် စတင်ပေးဆပ်ရန်ဖြစ်သည်။  ချေးငွေပမာဏနှင့် ပြန်လည်ပေးဆပ်ရန် အချိန်ကာလကို SBA မှ လျှောက်ထားသူတဦးချင်းစီ၏ ငွေကြေးအခြေအနေအပေါ် အခြေခံပြီး သတ်မှတ်မည်ဖြစ်သည်။

လျှောက်ထားသူများသည် အွန်လိုင်းမှလျှောက်ထားနိုင်ပြီး ထပ်မံ၍ လိုအပ်သော သဘာဝဘေးအန္တရာယ်အထောက်အပံ့ ဆိုင်ရာ သတင်း အချက်အလက်များကိုsba.gov/disaster  မှရယူနိုင်ပါ သည်။ လျှောက်ထားသူများသည် သတင်းအချက်အလက်များပိုမိုသိလိုပါက SBA ၏ သုံးစွဲသူများဝန်ဆောင်မှုစင်တာ 800-659-2955 သို့လည်း ဖုန်းဆက်နိုင် သည် သို့မဟုတ် disastercustomerservice@sba.gov သို့ အီးမေးလ် ပေးပို့ဆက်သွယ်နိုင်သည်။ နားမကြားသူများ၊ နားလေးသူများ သို့မဟုတ် စကားပြောရန် မစွမ်းနိုင်သူ များအနေနှင့် ကျေးဇူးပြု၍ 7-1-1 ကိုနှိပ်ပြီး တဆင့်ခံ တယ်လီဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။ 

Tags:
နောက်ဆုံးသတင်း