COLUMBIA, S.C. – Hurricane Helene ကြောင့် ထိခိုက်မှုရှိခဲ့သော South Carolina နေထိုင်သူများသည် အကယ်၍ယင်းတို့ပိုင်ဆိုင်သော နေအိမ်များထိခိုက်ပျက်စီးမှုမရှိသည့်တိုင် FEMA ကလေးစောင့်ရှောက်ရေး အထောက်အပံ့အတွက် သတ်မှတ်အရည်အချင်း ပြည့်မီနိုင်ပါသည်။
FEMA သည်ယင်း၏ အခြားသောလိုအပ်ချက်များအထောက်အပံ့အစီအစဉ် အောက်မှ Hurricane Helene အပြီး သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ ကလေး စောင့်ရှောက်ရေး အထောက်အပံ့ငွေကြေးကို ပေးကမ်းချီးမြှင့်ပါလိမ့်မည်။ Abbeville၊ Aiken၊ Allendale၊ Anderson၊ Bamberg၊ Barnwell၊ Beaufort၊ Cherokee၊ Chester၊ Edgefield၊ Fairfield၊ Greenville၊ Greenwood၊ Hampton၊ Jasper၊ Kershaw၊ Laurens၊ Lexington၊ McCormick၊ Newberry၊ Oconee၊ Orangeburg၊ Pickens၊ Richland၊ Saluda၊ Spartanburg၊ Union၊ York ကောင်တီများရှိ နေထိုင်သူများနှင့် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များသည် လျှောက်ထားရန် သတ်မှတ်အရည်အချင်း ပြည့်မီနိုင်ပါသည်။
ကလေးစောင့်ရှောက်ရေး အထောက်အပံ့တွင် စံချိန်မီကလေးစောင့်ရှောက် ရေးဝန်ဆောင်မှု အဖိုးအခများ နှင့် /သို့မဟုတ် မသန်စွမ်းဖြစ်နေသော ကလေး အတွက် ပုဂ္ဂလိကအထောက်အပံ့ဝန်ဆောင်မှုများအတွက် ဖက်ဒရယ် ဥပဒေ တွင် သတ်မှတ်ထားသည့်အတိုင်း အကျုံးဝင်ပါရှိပါသည်။
အထောက်အပံ့သည် ကလေးတယောက် သို့မဟုတ် မိသားစုတစုအတွက် 8 ပတ်အထိ ကလေးတဦးလျှင်အများဆုံး $150 အထိ ရရှိနိုင်ပါလိမ့်မည်။
အရည်အချင်းပြည့်မီရန် သတ်မှတ်ချက်များ
FEMA ကလေးစောင့်ရှောက်ရေး အထောက်အပံ့ကဖော်ပြသော သတ်မှတ် အရည်အချင်းပြည့်မီသည့် အိမ်ထောင်စုများအတွက် သဘာဝဘေးအန္တရာယ် နှင့်ပတ်သက်သော အသုံးစရိတ်များတွင် အသက် ၁၃ နှစ်နှင့် ယင်းထက်ငယ် သောကလေးများ နှင့် /သို့မဟုတ် အသက် ၂၁ အရွယ်အထိ မသန်စွမ်းသော ကလေးရှိသည့် အိမ်ထောင်စုများ၊ ယင်းတို့သည် နေ့စဉ်ရှင်သန် နေထိုင်ရေး အတွက် လှုပ်ရှားဆောင်ရွက်ရန်များ ဥပမာ စားသောက်ရန် ၊ ရေချိုးရန်၊ အဝတ်အစားလဲရန်၊ အိမ်သာသွားရန်၊ နေရာပြောင်းရန် (လမ်းလျှောက်ရန်) နှင့် ဆီးဝမ်းမထိန်းနိုင်ခြင်းနှင့် ထိုထက်ပိုသော ကိစ္စများအတွက် အကူအညီ လိုအပ်သူများ။
အရည်အချင်းသတ်မှတ်မှုကို သဘာဝဘေးအန္တရာယ်ဖြစ်ပွားကြောင်း ကြေငြာ သည့်နေ့ရက်မှ စတင်မည်ဖြစ်ပြီး ထပ်မံ၍ အချိန်ကာလတိုးချဲ့မှုမရှိဘဲ ၁၈ လ တာ တောက်လျောက် ဆက်လက်သွားမည်ဖြစ်သည်။
ကလေးစောင့်ရှောက်ရေးမှတ်ပုံတင်စာရင်းသွင်းခများနှင့် ကလေးကျန်းမာ ရေးထိန်းသိမ်းစရိတ်များသည် ကလေးစောင့်ရှောက်ရေးဝန်ဆောင်မှုလုပ်ငန်း အသစ်များကိုလိုအပ်နေသောလျှောက်ထားသူများအတွက် သတ်မှတ်အရည် အချင်းပြည့်မီသည့် အသုံးစရိတ်များဖြစ်ပါသည်။
- မှတ်ပုံတင်စာရင်းသွင်းခသည် တရားဝင်အသိအမှတ်ပြုကလေးစောင့်ရှောက် ရေးလုပ်ငန်း၌ မှတ်ပုံတင်စာရင်းသွင်းရာတွင် တကြိမ်သာပေးရသော အဖိုးအခဖြစ်သည်။
- ကလေးကျန်းမာရေးထိန်းသိမ်းစရိတ်သည် ဆေးဘက်ရုံးစရိတ်များဖြစ်သည်၊ ယင်းမှာ မှတ်ပုံတင်စာရင်းသွင်းချိန်တွင် ဆောင်ရွက်ရသော ဆေးဘက်ဆိုင် ရာ စာရွက်စာတမ်းများ လုပ်ဆောင်ရန် ကိစ္စလိုအပ်မှုအတွက် ဖြစ်သည်။
ကလေးစောင့်ရှောက်ရေး အထောက်အပံ့အတွက် သတ်မှတ်အရည်အချင်း ပြည့်မီရန်မှာ ယေဘုယျ အနေအထားများသည် FEMA ၏ တဦးခြင်းစီ အထောက်အပံ့အတွက် သတ်မှတ်အရည်အချင်းပြည့်မီမှုရှိပြီး လျှောက်ထား သူထံတွင် လိုအပ်သောအသုံးစရိတ်များ (ကလေးစောင့်ရှောက်ရေးနေရာများ ပျက်စီးမှု သို့မဟုတ် လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိမှု) ယင်းမှာ သဘာဝဘေး အန္တရာယ်ကြောင့် ဖြစ်ရခြင်းတို့ ရှိရပါမည်။ ထို့ထက်ပို၍ ယေဘုယျအနေအထား သတ်မှတ် အရည်အချင်းပြည့်မီရန်မှာ သဘာဝဘေးအန္တရာယ်ကြောင့် တိုက်ရိုက် ထိခိုက်ပျက်စီးမှုရှိခြင်း၊ အိမ်ထောင် စုအနေနှင့် သဘာ၀ဘေးအန္တရာယ်ကြေင့် ကလေးစောင့်ရှောက်ရန် ငွေကြေး အခက်အခဲများပြားစွာရှိနေခြင်းတို့ဖြစ်သည်။
- လျှောက်ထားသူ၏ စုစုပေါင်း အိမ်ထောင်စု ဝင်ငွေလျော့ကျခြင်း သို့မဟုတ်၊
- လျှောက်ထားသူ၏ ကလေးစောင့်ရှောက်ရေး စရိတ်တက်လာခြင်း
ကလေးစောင့်ရှောက်ရေး အထောက်အပံ့အတွက် အရည်အချင်းပြည့်မီရန် အိမ်ထောင်စုများသည် အခြားသောရင်းမြစ်များမှထောက်ပံ့ပေးသည် ကလေး စောင့်ရှောက်ရေးဝန်ဆောင်မှုများ မရရှိထားကြောင်း သေချာရပါမည်။ အိမ်ထောင်စုများသည် သဘာဝဘေးအန္တရာယ်ကြောင့် ကလေးစောင့်ရှောက် ရေးလိုအပ်မှုနှင့် သတ်မှတ်ထားသည့်အသုံးစရိတ်ပမာဏကို ဖော်ပြသည့် အထောက်အထားများတင်ပြရမည်။
လိုအပ်သော အထောက်အထားများ
- သဘာဝဘေးအန္တရာယ်မတိုင်မီနှင့် နောက်ပိုင်းအိမ်ထောင်စု၏ စုစုပေါင်း ဝင်ငွေ အထောက်အထား
- ကလေးစောင့်ရှောက်ရေးလုပ်ငန်းမှ သဘာဝဘေးအန္တရာယ်မတိုင်မီက ငွေလက်ခံဖြတ်ပိုင်းများ၊ ဆက်သွယ်ရန်လိပ်စာ သို့မဟုတ် ကလေးစောင့် ရှောက်ရေးလုပ်ငန်းမှ လက်မှတ်ရေးထိုးထားသော ကလေးစောင့်ရှောက်ရေး ကုန်ကျစရိတ်များ
- ကလေးစောင့်ရှောက်ရေး လုပ်ငန်းမှ သဘာဝဘေးအန္တရာယ်ပြီးနောက် ငွေလက်ခံဖြတ်ပိုင်းများ၊ ကလေးစောင့်ရှောက်ရေးစရိတ် ခန့်မှန်းတွက်ချက်မှု များ၊ မှတ်ပုံတင်စာရင်းသွင်းခ နှင့် / သို့မဟုတ် ကျန်းမာရေးထိန်းသိမ်းမှု ဆိုင်ရာ အဖိုးအခများ။
- သဘာဝဘေးအန္တရာယ်ပြီးနောက် ကလေးစောင့်ရှောက်မှုလုပ်ငန်းလိုင်စင်နှင့် သဘာဝဘေးအန္တရာယ်ပြီးနောက် ကလေးစောင့်ရှောက်မှု လုပ်ငန်း ဆက်သွယ်ရန် သို့မဟုတ် သဘောတူ စာချုပ်။
- တဦးချင်းစီ၏ပညာရေးအစီအမံ (IEP) ၊ 504 အစီအမံ သို့မဟုတ် ဆေးဘက် ဆိုင်ရာကျွမ်းကျင်သူ၏ တင်ပြချက်၊ အကယ်၍ရနိုင်ပါက အသက် ၂၁ အရွယ် အထိ အကူအညီလိုအပ်နေသော ကလေး၏ မသန်စွမ်းဖြစ်မှုကို သက်သေ ဖော်ပြပေးခြင်း။
- လက်မှတ်ရေးထိုးထားသော၊ လျှောက်ထားသူထံမှ စာဖြင့်ရေးသားထားသည့် တင်ပြချက်။
ကန့်သတ်ချက်များ နှင့်တားမြစ်ချက်များ
အကယ်၍ ကလေးယောက်သည် အိမ်ထောင်စုအများ၏ အိမ်ထောင်စုဝင် ဖြစ်ခဲ့ပါက FEMA သည် အဓိကမူလ တရားဝင် မိဘ သို့မဟုတ် ကလေးကို တာဝန်ခံအုပ်ထိန်းသူကိုသာ ကလေးစောင့်ရှောက်ရေး စရိတ်ကို ပေးလိမ့်မည် ဖြစ်သည်။
FEMA သည်အောက်ဖော်ပြပါတို့အတွက် အကူအညီပေးလိမ့်မည်မဟုတ်ပါ
- အပို သင်တန်းလှုပ်ရှားများ၊ ပညာရေးဝန်ဆောင်မှုများ၊ နှင့် ထပ်ဆောင်း ဝန်ဆောင်မှုများ
- သတ်မှတ်အရည်အချင်းပြည့်မီသော ကလေးအတွက် နေ့စဉ် ကလေးစောင့် ရှောက်ရေးဝန်ဆောင်မှုလုပ်ငန်းနှင့် မပတ်သက်သော စရိတ်များ
- ကလေးကို ကလေးစောင့်ရှောက်ရေး ဝန်ဆောင်မှုလုပ်ငန်းသို့ ပို့ကြိုရန် အတွက် စက်သုံးဆီ ကုန်ကျစရိတ်များ
- ကျန်းမာရေးစောင့်ရှောက်မှု သို့မဟုတ် ဝန်ဆောင်မှုများ
- ပြန်လည်ဆန်းသစ်ရေးစခန်းသွင်းမှုများ သို့မဟုတ် ကလပ်များ
အိမ်ထောင်စုများအနေနှင့် ယခင် သဘာဝဘေးအန္တရာယ်မတိုင်ခင်က ကလေး စောင့်ရှောက်မှု ကုန်ကျစရိတ်မရှိခဲ့သော်လည်း သဘာဝဘေးအန္တရာယ် ကြောင့် ကလေးစောင့်ရှောက်မှုကို အပ်နှံလုပ်ဆောင်နေခြင်း သို့မဟုတ် အပ်နှံ လုပ်ဆောင်မည်ဖြစ်ပါလည်းသတ်မှတ်အရည်အချင်းပြည့်မီသူဖြစ်နိုင်ပါသည်။ သို့သော် ထပ်ဆောင်းသတ်မှတ်အရည်အချင်းပြည့်မီရန် လိုအပ်ချက်များ ပြည့်စုံရပါလိမ့်မည်။
အချက်အလက်များပိုမိုသိရှိလိုပါက FEMA Helpline ဖုန်း 800-621-3362 သို့ဆက်သွယ်ပါ သို့မဟုတ် သဘာဝဘေးအန္တရာယ်ပြန်လည် ထူထောင်ရေး စင်တာသို့ သွားပါ။ သင်နှင့်အနီးဆုံးစင်တာကို ရှာဖွေရန် fema.gov/drc သွားပါ
FEMA အထောက်အပံ့လျှောက်ထားရန်အတွက် စင်တာတခုသို့ သွားရောက်ရန် မလိုအပ်ပါ။ သတ်မှတ်ထားသောကောင်တီများရှိ အိမ်ပိုင်ရှင်များနှင့် အိမ်ငှားများသည် လျှောက်ထားရန်အတွက် အွန်လိုင်း DisasterAssistance.govသို့သွားပါ၊ သို့မဟုတ် ဖုန်း 800-621-3362 သို့ ခေါ်ဆိုပါ၊ သို့မဟုတ် FEMA မိုဘိုင်း အက်ပ်ကို အသုံးပြုပြီး လျှောက်ထားပါ။ ဗီဒီယိုဖြင့် ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု (VRS)၊ စာသားဖော်ပြသည့် တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့ ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ကို ပေးပါ။ လျှောက်ထားပုံနှင့်ပတ်သက်၍ ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် ဤ လင့် ကိုရွေးချယ်ပါ။
FEMA အစီအစဉ်များသည် ဘေးအန္တရာယ်မှလွတ်မြောက်လာသော မသန်စွမ်းသူများနှင့် လက်တွေ့လုပ်ဆောင်ရန် လိုအပ်ချက်ရှိသူများအတွက် အထောက်အကူပေးပါသည်။