COLUMBIA, S.C.- Hurricane Helene ကြောင့် ထိခိုက်ခံရသော တောင်ပိုင်းကာရိုလိုင်းနားတွင်နေထိုင်သူများအားလူကိုယ်တိုင်ပံ့ပိုးမှု အကူအညီပေးနိုင်ရန်အတွက် Union ကောင်တီတွင် သဘာဝဘေးအန္တရာယ် မှ ပြန်လည်ထူထောင်ရေးစခန်း တခု ဖွင့်လှစ်မည် ဖြစ်သည်။
Union County
Union County Library
300 E. South St.
Union, SC 29379
အောက်တိုဘာလ 20-22 ရက်၊ နံနက် 8 နာရီ- ည 7 နာရီအထိ ဖွင့်လှစ်ပါသည်။
ဤနေရာများသည် ယခင်ကဖွင့်လှစ်ခဲ့သော၊ Anderson, Cherokee, Greenville နှင့် Picken ကောင်တီများနှင့်အတူပူးပေါင်းသည်။
Anderson County
Anderson County Library
300 N. McDuffie St.
Anderson, SC 29621
အောက်တိုဘာလ 20 ရက်၊ ညနေ 2 နာရီ- ညနေ 5 နာရီအထိ ဖွင့်လှစ်ပါသည်။
အောက်တိုဘာလ 21-24 ရက် နံနက် 9 နာရီ - ညနေ 6:30 နာရီ
အောက်တိုဘာလ 25-26 ရက် နံနက် 9 နာရီ - ညနေ 5 နာရီ
အောက်တိုဘာလ 27 ရက် ညနေ 2 နာရီ - ညနေ 5 နာရီ
Cherokee County
East Gaffney Baptist Church
2308 Cherokee Ave.
Gaffney, SC 29340
အောက်တိုဘာလ 17-20 ရက်၊ နံနက် 8 နာရီ - ည 7 နာရီအတွင်း ဖွင့်လှစ်ပါသည်။
Greenville County
Freetown Community Center
200 Alice Ave.
Greenville, SC 29611
နံနက် 8 နာရီ - ည 7 နာရီအတွင်းနေ့စဥ် ဖွင့်လှစ်သည်။
Pickens County
Captain Kimberly Hampton Memorial Library
304 Biltmore Road
Easley, SC 29640
အောက်တိုဘာလ 21 ရက် နံနက် 8 နာရီ - ည 7 နာရီအတွင်း ဖွင့်လှစ်သည်။
အခြား South Carolina ကောင်တီများတွင် နောက်ထပ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြန်လည်ထူထောင်ရေးစင်တာများကို ဖွင့်လှစ်တော့မည်ဖြစ်သည်။ FEMA၊ SOUTH CAROLINAပြည်နယ်နှင့် US အသေးစားစီးပွားရေး လုပ်ငန်းဆိုင်ရာ စီမံကွပ်ကဲရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် ဖွင့်လှစ်ထားသော မည်သည့်စင်တာကိုမဆို သင်သွားရောက်နိုင်ပါသည်။ ရက်ချိန်း ရယူရန် မလိုအပ်ပါ။ အခြားစင်တာတည်နေရာများကို ရှာဖွေရန် fema.gov/drc သို့သွားပါ သို့မဟုတ် “DRC” နှင့် စာပို့သင်္ကေတကို 43362 သို့ စာတိုပေးပို့ပါ။
Abbeville၊ Aiken၊ Allendale၊ Anderson၊ Bamberg၊ Barnwell၊ Beaufort၊ Cherokee၊ Chester၊ Edgefield၊ Fairfield၊ Greenville၊ Greenwood၊ Hampton၊ Jasper၊ Kershaw၊ Laurens၊ Lexington၊ McCormick၊ Newberry၊ Oconee၊ Orangeburg၊ Pickens၊ Richland၊ Saluda၊ Spartanburg၊ Union၊ York ကောင်တီများရှိ အိမ်ပိုင်ရှင်များနှင့် ငှားရမ်းသူများ အပြင် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များသည် ဖက်ဒရယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာအကူအညီအတွက် လျှောက်ထားနိုင်ပါသည်။
လျှောက်ထားရန် အမြန်ဆုံးနည်းလမ်းမှာ DisasterAssistance.govသို့ အွန်လိုင်းမှ လျှောက်ထားရန်ဖြစ်ပါသည်။ မိုဘိုင်းစက်ပစ္စည်းများတွင် FEMA အက်ပ် သို့မဟုတ် ခေါ်ဆိုခ အခမဲ့ဖုန်းလိုင်း 800-621-3362 ကို အသုံးပြု၍လည်း လျှောက်ထားနိုင်ပါသည် ။ တယ်လီဖုန်းလိုင်းကို နေ့စဉ်ဖွင့်ထားပြီး ဘာသာစကားများစွာဖြင့် အကူအညီ ရယူနိုင်ပါသည်။ ဗီဒီယိုဖြင့် ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု (VRS)၊ စာသားဖော်ပြသည့် တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့ ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ကို ပေးပါ။ လျှောက်ထားပုံနှင့်ပတ်သက်၍ ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် ဤလင့်ကိုရွေးချယ်ပါ။
FEMA ပရိုဂရမ်များသည် မသန်စွမ်းသူများနှင့် သုံးစွဲနိုင်မှုနှင့် အခြေခံလှုပ်ရှားဆောင်ရွက်မှုဆိုင်ရာ လိုအပ်ချက်များရှိသည့် အခြားသူများကို လက်လှမ်းမီစေနိုင်ပါသည်။
South Carolina ပြည်နယ်၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ နောက်ဆုံးအချက်အလက်များအတွက် www.fema.gov/disaster/4829 သို့ ဝင်ရောက်ကြည့်ရှုပါ။
FEMA ကို X ၌ x.com/femaregion4 တွင်ဖြစ်စေ Facebook ၌ facebook.com/fema တွင် ဖြစ်စေ ဖော်လိုလိုက်ပါ။