စပရင်းဖီးလ်ရှိ FEMA ကပ်ဘေးဒဏ်မှ ပြန်လည်နလံထူရေးဆိုင်ရာဌာနကို ယာယီပိတ်

Release Date Release Number
020
Release Date:
သြဂုတ်လ 9, 2023

ကပ်ဘေးဒဏ်မှ ပြန်လည်နလံထူရေးဆိုင်ရာဌာနကို စပရင်းဖီးလ်၌ သြဂုတ်လ ၁၀ ရက်နေ့ ညနေ၅ နာရီတွင် ယာယီပိတ်မည် ဖြစ်ပါသည်။ ၎င်းဌာနကို သြဂုတ်လ ၁၂ ရက်နေ့ နေ့လည် ၁ နာရီတွင် ပြန်လည်ဖွင့်လှစ်ပြီး ပုံမှန်ဖွင့်ချိန်များအတိုင်း မနက် ၈ နာရီမှ ည ၇ နာရီအထိ နေ့စဉ်ဖွင့်ပါမည်။ ပူးတွဲ- DRC သည် ဤမြို့၊ ဗာမွန့်ပြည်နယ်နှင့် FEMA တို့အကြား ပူးပေါင်း ဆောင်ရွက်သည့် ယာယီဌာနဖြစ်ပြီး ကပ်ဘေးဒဏ်သင့်သူများ FEMA အကူအညီ လျှောက်ထားနိုင်ရန်၊ စာရွက်စာတန်းများ တင်ရန်နှင့် မေးခွန်းများကို လူကိုယ်တိုင် ဖြေကြားကူညီပေးရန် ကူညီပါမည်။

စပရင်းဖီးလ်ဌာန တည်နေရာ-

Springfield Health Center
100 River Street
Springfield, VT 05156

အခြားဖွင့်လှစ်ထားပြီး ဌာနတည်နေရာများသည် မနက် ၈ နာရီမှ ည ၇ နာရီအထိ ဆက်လက်ဖွင့်လှစ်ပါသည်-

Waterbury Armory
294 Armory Drive
Waterbury, VT 05676

ASA Bloomer Building
88 Merchants Row, Suite 330
Rutland, VT 05701

Barre Auditorium
16 Auditorium Hill
Barre, VT 05641

Barton Memorial Building
17 Village Square 
Barton, VT 05822

Jamaica Fire Department

4017 VT-30
Jamaica, VT 05343

 

FEMA သည် အလိုအပ်ဆုံးနေရာများသို့ ၎င်း၏ကပ်ဘေးဒဏ်မှ ပြန်လည်နလံထူရေးဆိုင်ရာဌာနကို ရွှေ့ပြောင်းပါသည်။ FEMA သည် ပြည်နယ်နှင့် မြူနီစပယ်မိတ်ဖက်များနှင့်အတူ ပူးတွဲပြီး ယင်းနေရာများကို ဆုံးဖြတ်ပါသည်။ နေရာတစ်ခုတွင် မှတ်ပုံတင်ရန် လာရောက်မှု နည်းပါးသွားပါက FEMA သည် ၎င်းနေရာမှ အကူအညီလိုအပ်သူ ပိုမိုများပြားသော နေရာများသို့ ရွှေ့ရန် ပြည်နယ်နှင့် တိုင်ပင်ဆောင်ရွက်ပါသည်။ 

ဌာနတည်နေရာအားလုံးသည် မသန်စွမ်းသူများ၊ လှုပ်ရှားရန် အကူအညီလိုအပ်သူများ ဝင်ရောက်နိုင်ရန် စီစဉ်ထားပြီး နည်းပညာအကူအညီများ ထားရှိပါသည်။ အကယ်၍ သင်သည် သင့်တင့်လျှောက်ပတ်သော ဝန်ဆောင်မှု အကူအညီ သို့မဟုတ် လက်ဟန်သုံး ဘာသာပြန်အကူအညီ လိုအပ်ပါက ၁-၈၃၃-၂၈၅-၇၄၄၈ (စပိန်ဘာသာအတွက် ၂ ကိုနှိပ်ပါ) ကို ဖုန်းခေါ်ပါ။

ယူအက်စ် အသေးစားလုပ်ငန်းစီမံအုပ်ချုပ်မှုဌာန (SBA) မှ ကိုယ်စားလှယ်များလည်း ဤဌာနများတွင် ရှိနေပြီး SBA ၏ ကပ်ဘေးအတွက် အတိုးနိမ့် ချေးငွေများကို အိမ်ပိုင်ရှင်များ၊ အိမ်ငှားများ၊ လုပ်ငန်းငယ်များ၊ ကိုယ်ပိုင် ပရဟိတလုပ်ငန်းများက မည်သို့ လျှောက်ထားနိုင်ကြောင်း ရှင်းပြကြမည်ဖြစ်သလို ကပ်ဘေးဒဏ်ခံနိုင်ရည်ပိုရှိသော အိမ်များ ပြန်လည်ဆောက်လုပ်ရေး အတွက် သတင်းအချက်အလက်များ ဖြန့်ဝေပေးမည် ဖြစ်သည်။ 

FEMA အကူအညီလျှောက်ထားရန်အတွက် DRC ကို သင်က လူကိုယ်တိုင်လာရန် မလိုပါ။ ဌာနသို့ မလာဘဲ လျှောက်ထားလိုပါက FEMA အကူအညီလိုင်းသို့ ၈၀၀-၆၂၁-၃၃၆၂ ကို ဖုန်းခေါ်၍ သော်လည်းကောင်း၊ အွန်လိုင်းတွင် DisasterAssistance.gov သို့ သွား၍ သော်လည်းကောင်း၊ FEMA App.  ကို ဒေါင်းလုဒ်လုပ်၍ သော်လည်းကောင်း လျှောက်ထားနိုင်သည်။ အကယ်၍ သင်သည် ထပ်ဆင့်ပို့သည့် ဝန်ဆောင်မှုဖြစ်သော ဗီဒီယိုထပ်ဆင့်ပို့ဝန်ဆောင်မှု (VRS)၊ ဖုန်းစာသားဝန်ဆောင်မှု သို့မဟုတ် အခြား အလားတူ ဝန်ဆောင်မှုကို သုံးပါက သင်လျှောက်ထားချိန်တွင် သင့်နံပါတ်ကို FEMA အား ပေးပါ။ ဖယ်ဒရယ်အကူအညီလျှောက်ထားရန် လျှောက်လွှာပိတ်ရက်မှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ ဖြစ်ပါသည်။ 

သဘာဝကပ်ဘေးအတွက် အကူအညီများသည် သာတူညီမျှဖြစ်ရန်၊ လူမျိုး၊ အသားအရောင်၊ နိုင်ငံသား၊ လိင်၊ အသက်၊ မသန်စွမ်းဖြစ်မှု၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်မှု သို့မဟုတ် စီးပွားရေးအခြေအနေတို့အပေါ် အခြေခံပြီး ခွဲခြားမှုမရှိဘဲ အကူအညီရယူနိုင်ရန် FEMA ကဆောင်ရွက်နေပါသည်။ သဘာဝဘေးဒဏ် ခံရသူတိုင်း သို့မဟုတ် ပြည်သူတိုင်းသည် ၎င်းတို့အား ခွဲခြားဆက်ဆံခံရသည်ဟု ယူဆပါက FEMA လူထုအခွင့်အရေးရုံးသို့ ဆက်သွယ်နိုင်ပါသည်။ FEMA ၏ လူထုအခွင့်အရေးရုံးထံ ၈၃၃-၂၈၅-၇၄၄၈ သို့ အခမဲ့ ဖုန်းခေါ်နိုင်ပါသည်။ ဘာသာစုံပြောဆိုသူများက ဖုန်းကို ဖြေကြားပေးနိုင်ပါသည်။

Tags:
နောက်ဆုံးအချက်အလက်