ကပ်ဘေးဒဏ်မှ ပြန်လည်နလံထူရေးဆိုင်ရာဌာနကို ဂျမေးကား (ဝင်ဟမ်ကောင်တီ) ၌ သြဂုတ်လ ၉ ရက်နေ့ မနက် ၈ နာရီတွင် ဖွင့်လှစ်ပြီး ရေလွှမ်းမိုးဒဏ်ခံရသည့် ဗာမွန့်တွင် နေထိုင်သူများအား ပြန်လည်ထူထောင်ရေး စတင်ရန်အတွက် ကူညီပါမည်။ ပူးတွဲ- DRC သည် ဗာမွန့်ပြည်နယ်၊ စပရင်းဖီးလ်နှင့် FEMA တို့အကြား ပူးပေါင်း ဆောင်ရွက်သည့် ယာယီဌာနဖြစ်ပြီး ကပ်ဘေးဒဏ်သင့်သူများ FEMA အကူအညီ လျှောက်ထားနိုင်ရန်၊ စာရွက်စာတန်းများ တင်ရန်နှင့် မေးခွန်းများကို လူကိုယ်တိုင် ဖြေကြားကူညီပေးရန် ကူညီပါမည်။
ပြန်လည်နလံထူရေးဆိုင်ရာဌာနအားလုံး ပုံမှန်ဖွင့်ချိန်- တစ်ပတ် ၇ ရက်၊ မနက် ၈ နာရီမှ ည ၇ နာရီအထိ။
ဝင်ဟမ်ကောင်တီဌာန တည်နေရာ-
Jamaica Fire Department
4017 VT-30
Jamaica, VT 05343
Other centers are already open at:
Waterbury Armory
294 Armory Drive
Waterbury, VT 05676
ASA Bloomer Building
88 Merchants Row, Suite 330
Rutland, VT 05701
Barre Auditorium
16 Auditorium Hill
Barre, VT 05641
Barton Memorial Building
17 Village Square
Barton, VT 05822
Springfield Health Center
100 River St.
Springfield, VT 05156
- စပရင်းဖီးလ်ဌာနကို သြဂုတ်လ ၁၀ ရက် ညနေ၅ နာရီတွင် ယာယီပိတ်ပြီး သြဂုတ်လ ၁၂ ရက် နေလယ် ၁ နာရီတွင် ပြန်လည်ဖွင့်လှစ်ပါမည်။
FEMA သည် အလိုအပ်ဆုံးနေရာများသို့ ၎င်း၏ကပ်ဘေးဒဏ်မှ ပြန်လည်နလံထူရေးဆိုင်ရာဌာနကို ရွှေ့ပြောင်းပါသည်။ FEMA သည် ပြည်နယ်နှင့် မြူနီစပယ်မိတ်ဖက်များနှင့်အတူ ပူးတွဲပြီး ယင်းနေရာများကို ဆုံးဖြတ်ပါသည်။ နေရာတစ်ခုတွင် မှတ်ပုံတင်ရန် လာရောက်မှု နည်းပါးသွားပါက FEMA သည် ၎င်းနေရာမှ အကူအညီလိုအပ်သူ ပိုမိုများပြားသော နေရာသစ်များသို့ ရွှေ့ရန် ပြည်နယ်နှင့် တိုင်ပင်ဆောင်ရွက်ပါသည်။
ဌာနတည်နေရာအားလုံးသည် မသန်စွမ်းသူများ၊ လှုပ်ရှားရန် အကူအညီလိုအပ်သူများ ဝင်ရောက်နိုင်ရန် စီစဉ်ထားပြီး နည်းပညာအကူအညီများ ထားရှိပါသည်။ အကယ်၍ သင်သည် သင့်တင့်လျှောက်ပတ်သော ဝန်ဆောင်မှု အကူအညီ သို့မဟုတ် လက်ဟန်သုံး ဘာသာပြန်အကူအညီ လိုအပ်ပါက ၁-၈၃၃-၂၈၅-၇၄၄၈ (စပိန်ဘာသာအတွက် ၂ ကိုနှိပ်ပါ) ကို ဖုန်းခေါ်ပါ။
ယူအက်စ် အသေးစားလုပ်ငန်းစီမံအုပ်ချုပ်မှုဌာန (SBA) မှ ကိုယ်စားလှယ်များလည်း ဤဌာနများတွင် ရှိနေပြီး SBA ၏ ကပ်ဘေးအတွက် အတိုးနိမ့် ချေးငွေများကို အိမ်ပိုင်ရှင်များ၊ အိမ်ငှားများ၊ လုပ်ငန်းငယ်များ၊ ကိုယ်ပိုင် ပရဟိတလုပ်ငန်းများက မည်သို့ လျှောက်ထားနိုင်ကြောင်း ရှင်းပြကြမည်ဖြစ်သလို ကပ်ဘေးဒဏ်ခံနိုင်ရည်ပိုရှိသော အိမ်များ ပြန်လည်ဆောက်လုပ်ရေး အတွက် သတင်းအချက်အလက်များ ဖြန့်ဝေပေးမည် ဖြစ်သည်။
FEMA အကူအညီလျှောက်ထားရန်အတွက် DRC ကို သင်က လူကိုယ်တိုင်လာရန် မလိုပါ။ ဌာနသို့ မလာဘဲ လျှောက်ထားလိုပါက FEMA အကူအညီလိုင်းသို့ ၈၀၀-၆၂၁-၃၃၆၂ ကို ဖုန်းခေါ်၍ သော်လည်းကောင်း၊ အွန်လိုင်းတွင် DisasterAssistance.gov သို့ သွား၍ သော်လည်းကောင်း၊ FEMA App. ကို ဒေါင်းလုဒ်လုပ်၍ သော်လည်းကောင်း လျှောက်ထားနိုင်သည်။ အကယ်၍ သင်သည် ထပ်ဆင့်ပို့သည့် ဝန်ဆောင်မှုဖြစ်သော ဗီဒီယိုထပ်ဆင့်ပို့ဝန်ဆောင်မှု (VRS)၊ ဖုန်းစာသားဝန်ဆောင်မှု သို့မဟုတ် အခြား အလားတူ ဝန်ဆောင်မှုကို သုံးပါက သင်လျှောက်ထားချိန်တွင် သင့်နံပါတ်ကို FEMA အား ပေးပါ။ ဖယ်ဒရယ်အကူအညီလျှောက်ထားရန် လျှောက်လွှာပိတ်ရက်မှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ ဖြစ်ပါသည်။
သဘာဝကပ်ဘေးအတွက် အကူအညီများသည် သာတူညီမျှဖြစ်ရန်၊ လူမျိုး၊ အသားအရောင်၊ နိုင်ငံသား၊ လိင်၊ အသက်၊ မသန်စွမ်းဖြစ်မှု၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်မှု သို့မဟုတ် စီးပွားရေးအခြေအနေတို့အပေါ် အခြေခံပြီး ခွဲခြားမှုမရှိဘဲ အကူအညီရယူနိုင်ရန် FEMA ကဆောင်ရွက်နေပါသည်။ သဘာဝဘေးဒဏ် ခံရသူတိုင်း သို့မဟုတ် ပြည်သူတိုင်းသည် ၎င်းတို့အား ခွဲခြားဆက်ဆံခံရသည်ဟု ယူဆပါက FEMA လူထုအခွင့်အရေးရုံးသို့ ဆက်သွယ်နိုင်ပါသည်။ FEMA ၏ လူထုအခွင့်အရေးရုံးထံ ၈၃၃-၂၈၅-၇၄၄၈ သို့ အခမဲ့ ဖုန်းခေါ်နိုင်ပါသည်။ ဘာသာစုံပြောဆိုသူများက ဖုန်းကို ဖြေကြားပေးနိုင်ပါသည်။