ဗာမွန့်တွင် FEMA က အလုပ်များဖွင့်လှစ်

Release Date Release Number
018
Release Date:
သြဂုတ်လ 5, 2023

ဗာမွန့်ပြည်နယ်နှင့် FEMA တို့သည် ဇူလိုင်ကက ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံခြင်း၊ ပြင်းထန်သော မုန်တိုင်းများ၊ မြေပြိုမှုများနှင့် ကမ်းပါးပြိုမှုများမှ ပြန်လည်နလံထူရေးအတွက် ကူညီပေးရန်အတွက် ဒေသခံများအား အလုပ်ငှားရမ်းနေပါသည်။

အေဂျင်စီသည် ရေတိုအချိန်ပြည့် အလုပ်အများအပြားအတွက် ခေါ်ယူနေရာတွင် ယင်းဒေသတဝိုက်ရှိ FEMA ၏ ယာယီရုံးများတွင် ဖြစ်သည်။ ယာယီအလုပ်နေရာများသည် ရက်ပေါင်း ၁၂၀ အတွက် ဖြစ်သော်လည်း ကပ်ဘေးအတွက် လိုအပ်သလို သက်တမ်းတိုးနိုင်မည် ဖြစ်သည်။ လိုအပ်သလိုလည်း နောက်ထပ် အလုပ်နေရာများအတွက် ခေါ်ယူနိုင်ပါသည်။

FEMA နှင့် အလုပ်လုပ်ကိုင်ခြင်းဖြင့် ဗာမွန့်တွင် နေထိုင်သူများသည် ၎င်းတို့၏ အသိုင်းအဝိုင်းပြန်လည်ထူထောင်ရေးတွင် ပါဝင်ကူညီနိုင်ကြမည် ဖြစ်သည်။ ဒေသခံများအား ငှားရမ်းခြင်းသည် FEMA ၏ ဘေးဒဏ်သင့်အသိုင်းအဝိုင်းအတွက် အကူအညီ တစိတ်တပိုင်း ဖြစ်ပါသည်။ ဒေသခံများကို ငှားရမ်းခြင်းဖြင့် အမေရိကန်နိုင်ငံ၏ ဘေးဒဏ်သင့်ဒေသ ပြန်လည်နလံထူရေးအတွက် လုပ်သားအင်အားကိုလည်း ဖြည့်ဆည်းပေးရာရောက်ပါသည်- လက်ရှိ FEMA ဝန်ထမ်းအများစုသည် ၎င်းတို့၏ ဒေသများတွင် ကြီးမားသော ကပ်ဘေးကျရောက်ပြီးသည့်နောက် ဒေသခံ လုပ်သားများအဖြစ် စတင်ခဲ့သူများ ဖြစ်ကြသည်။

ပိုမိုလေ့လာရန်နှင့် လျှောက်ထားရန်အတွက် USAJobs - Search သို့သွားပါ သို့မဟုတ် USAJobs.gov သို့သွားပြီး “အဓိက စကားလုံး” (Keywords) အောက်တွင် “FEMA”နှင့် “ဒေသ” (Location) အောက်တွင်“ဗာမွန့်” (Vermont) ကို ရှာပါ။

လက်ရှိတွင် လက်ရှိ ဖွင့်ထားသော အလုပ်များအတွက် လင့်ခ်များကို အောက်တွင် ဖော်ပြထားပါသည်-  

  • ရေလွှမ်းနေရာ၏ ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ (Environmental Floodplain Specialist): USAJobs - Job Announcement – သြဂုတ်လ ၈ ရက် ည ၁၁:၅၉ တွင် လျှောက်လွှာပိတ်မည်
  • သမိုင်းဝင်ပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ကျွမ်းကျင်သူ (Historic Preservation Specialist): USAJobs - Job Announcement – သြဂုတ်လ ၈ ရက် ည ၁၁:၅၉ တွင် လျှောက်လွှာပိတ်မည်
  • ထောက်ပံ့ပို့ဆောင်ရေး ကျွမ်းကျင်သူ (Logistics Specialist): USAJobs - Job Announcement – သြဂုတ်လ ၉ ရက် ည ၁၁:၅၉ တွင် လျှောက်လွှာပိတ်မည်
  • ဖန်တီးတီထွင်မှု ကျွမ်းကျင်သူ (Creative Specialist): USAJobs - Job Announcement – သြဂုတ်လ ၉ ရက် ည ၁၁:၅၉ တွင် လျှောက်လွှာပိတ်မည်
  • သတင်းမီဒီယာနှင့် ဆက်ဆံရေး ကျွမ်းကျင်သူ (Media Relations Specialist): USAJobs - Job Announcement – သြဂုတ်လ ၉ ရက် ည ၁၁:၅၉ တွင် လျှောက်လွှာပိတ်မည်
  • သဘာဝဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ (Environmental Specialist): USAJobs - Job Announcement – သြဂုတ်လ ၁၀ ရက် ည ၁၁:၅၉ တွင် လျှောက်လွှာပိတ်မည်
  • အန္တရာယ် လျှော့ချရေးဆိုင်ရာ ကျွမ်းကျင်သူ (Hazard Mitigation Specialist): USAJobs - Job Announcement – သြဂုတ်လ ၁၀ ရက် ည ၁၁:၅၉ တွင် လျှောက်လွှာပိတ်မည်
  • လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဦးဆောင်သူ (Operations Task Force Leader): USAJobs - Job Announcement – သြဂုတ်လ ၁၀ ရက် ည ၁၁:၅၉ တွင် လျှောက်လွှာပိတ်မည်
  • ပရဟိတအေဂျင်စီ ကိုယ်စားလှယ် ကျွမ်းကျင်သူ (Voluntary Agency Liaison Specialist): USAJobs - Job Announcement – သြဂုတ်လ ၁၀ ရက် ည ၁၁:၅၉ တွင် လျှောက်လွှာပိတ်မည်

အလုပ်အားလုံး လျှောက်ထားနိုင်သည့် နောက်ဆုံးနေ့သည် လျှောက်လွှာတင်ရန် နောက်ဆုံးသတ်မှတ်ထားသည့် နေ့ သို့မဟုတ် လျှောက်လွှာအရေအတွက် ပြည့်သွားသည့်နေ့၊ မည်သည့်နေ့က အရင်လာသည်ဖြစ်စေ ယင်းနေ့၏ အရှေ့ပိုင်းစံတော်ချိန် ည ၁၁:၅၉ တွင် ဖြစ်သည်။

အချို့အလုပ်များသည့် ကပ်ဘေးသင့်နေရသို့ ကားမောင်းရနိုင်သည်။ သင်သည် အမေရိကန်နိုင်ငံသားဖြစ်ပြီး အသက် ၁၈ နှစ် နှင့် အထက်ဖြစ်ကာ အထက်တန်းကျောင်းအောင် ဒီပလိုမာလက်မှ သို့မဟုတ် GED လက်မှတ် ရှိရမည်။ 

သဘာဝကပ်ဘေးအတွက် အကူအညီများသည် သာတူညီမျှဖြစ်ရန်၊ လူမျိုး၊ အသားအရောင်၊ နိုင်ငံသား၊ လိင်၊ အသက်၊ မသန်စွမ်းဖြစ်မှု၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်မှု သို့မဟုတ် စီးပွားရေးအခြေအနေတို့အပေါ် အခြေခံပြီး ခွဲခြားမှုမရှိဘဲ အကူအညီရယူနိုင်ရန် FEMA ကဆောင်ရွက်နေပါသည်။ ဖယ်ဒရယ်အစိုးရသည် မျှတသော အလုပ်ခန့်ထားမှုရှိသည့် အလုပ်ရှင်ဖြစ်သည်။

ဗာမွန့်ပြန်လည်ထူထောင်ရေးအတွက် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိရန် fema.gov/disaster/4720 သို့သွားပါ။ FEMA ဒေသ ၁ အကောင့်ကို တွစ်တာတွင် twitter.com/FEMARegion1 နှင့် FEMA ဖေ့ဘွတ် အကောင့်

 facebook.com/FEMA. တွင် လိုက်ကြည့်ပါ။ 

ဗာမွန့် အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီကို တွစ်တာ၌ twitter.com/vemvt  နှင့် ဖေ့ဘွတ်တွင် facebook.com/VermontEmergencyManagement. ၌ လိုက်ကြည့်ပါ။ 

Tags:
နောက်ဆုံးသတင်း