FEMA ကပ်ဘေးဒဏ်သင့်သူ ကူညီရေးအဖွဲ့ဝင်များက ဗာမွန့်အသိုင်းအဝိုင်းကို ပံ့ပိုးကူညီ

Release Date Release Number
010
Release Date:
ဇူလိုင်လ 27, 2023

ဝစ်လစ္စတန်၊ ဗာမွန့်- FEMA ၏ကပ်ဘေးဒဏ်သင့်သူ ကူညီရေး (DSA) အဖွဲ့ဝင်များသည် ဗာမွန့်လူမှုအသိုင်းအဝိုင်းများအတွင်း တစ်အိမ်ဝင်တစ်အိမ်ထွက် သွားရောက်ပြီး ရေဘေးသင့်ပြည်သူများအား FEMA ကပ်ဘေးဒဏ်အကူအညီအတွက် မှတ်ပုံတင်နိုင်ရေး အကူအညီပေးနေပါသည်။ 

DSA အဖွဲ့သားများသည် အိမ်များ၊ ကျောင်းများ၊ ပရဟိတအဖွဲ့များနှင့် သွားရောက်ရန် ခက်ခဲသည့် လူမှုအသိုင်းအဝိုင်းများရှိရာသို့ သွားရောက်ပါသည်။ သူတို့သည် ကပ်ဘေးဆိုင်ရာ ပြဿနာများနှင့် လိုအပ်နေဆဲ အခက်အခဲများကို သိရှိနိုင်ရန်အတွက် ဒေသတွင်း အာဏာပိုင်များ၊ လူမှုအဖွဲ့အစည်း ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံပါသည်။

DSA အဖွဲ့သားများသည် ကပ်ဘေးဒဏ်သင့်သူများက အကူအညီအတွက် လျှောက်ထားနိုင်ရန်၊ ၎င်းတို့၏ နောက်ဆုံးအချက်အလက်များကို ဖြည့်သွင်းနိုင်ရန်နှင့် စေတနာ့ဝန်ထမ်း အေဂျင်စီများသို့ ညွှန်ပေးနိုင်ရန် ကူညီပါသည်။ နေထိုင်သူများအား တက်ဘလက်သုံးပြီး မှတ်ပုံတင်ရန် သို့မဟုတ် ၎င်းတို့ကိုယ်စား အချက်အလက်များ ဖြည့်သွင်းရန် ကူညီပေးနိုင်ပါသည်။

DSA အဖွဲ့သားများသည် မည်သည့်အခါမှ ငွေကြေးတောင်းခံခြင်း၊ ငွေကြေးလက်ခံခြင်း မပြုပါ။ DSA ဝန်ထမ်းများသည် ၎င်းတို့၏ ဓာတ်ပုံပါ FEMA တံဆိပ်ကို ချိတ်ဆွဲထားပါသည်။ FEMA ရှပ်အင်္ကျီ၊ ဂျာကင်ဝတ်ခြင်းသည် ၎င်းတို့၏ အထောက်အထားများ မဟုတ်ပါ။ တစ်စုံတစ်ယောက်အား မှတ်ပုံတင်ရန် ကူညီချိန်တွင် သူတို့သည် ကိုယ်ရေးအချက်အလက်များကို မေးမြန်းမည်ဖြစ်ရာ လူမှုဖူလုံရေးနံပါတ်၊ နှစ်စဉ်ဝင်ငွေနှင့် ဘဏ်အချက်အလက်များ ပါဝင်သည်။ မိမိတို့၏ ကိုယ်ရေးအချက်အလက်များ မပေးမီ လျှောက်ထားသူများအနေနှင့် ဝန်ထမ်း၏ အထောက်အထားကို တောင်းဆိုရန် တိုက်တွန်းပါသည်။ 

ကလေဒိုးနီးယား၊ ချီတန်ဒန်၊ လာမိုးလီး၊ အောရိန်း၊ ရုလန်၊ ဝါရှင်တန်၊ ဝင်ဟမ်နှင့် ဝင်ဆာ ကောင်တီတို့မှ ရေဘေးဒဏ်ကြုံတွေ့ရသူများသည် မှတ်ပုံတင်ရန်အတွက် DSA အဖွဲ့သားများ လာရောက်ချိန်ကို စောင့်ရန် မလိုအပ်ပါ။ မှတ်ပုံတင်ရန်အတွက် FEMA Mobile App ကို ဒေါင်းလုဒ် လုပ်ပါ။ DisasterAssistance.gov သို့ သွားပါ သို့မဟုတ် ၈၀၀-၆၂၁-၃၃၆၂ ကို ဖုန်းခေါ်ပါ။ အကယ်၍ သင်သည် ထပ်ဆင့်ပို့သည့် ဝန်ဆောင်မှုဖြစ်သော ဗီဒီယိုထပ်ဆင့်ပို့ဝန်ဆောင်မှု (VRS)၊ ဖုန်းစာသားဝန်ဆောင်မှု သို့မဟုတ် အခြား အလားတူ ဝန်ဆောင်မှုကို သုံးပါက သင်လျှောက်ထားချိန်တွင် သင့်နံပါတ်ကို FEMA အား ပေးပါ။

သဘာဝကပ်ဘေးအတွက် အကူအညီများသည် သာတူညီမျှဖြစ်ရန်၊ လူမျိုး၊ အသားအရောင်၊ နိုင်ငံသား၊ လိင်၊ အသက်၊ မသန်စွမ်းဖြစ်မှု၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်မှု သို့မဟုတ် စီးပွားရေးအခြေအနေတို့အပေါ် အခြေခံပြီး ခွဲခြားမှုမရှိဘဲ အကူအညီရယူနိုင်ရန် FEMA ကဆောင်ရွက်နေပါသည်။ သဘာဝဘေးဒဏ် ခံရသူတိုင်း သို့မဟုတ် ပြည်သူတိုင်းသည် ၎င်းတို့အား ခွဲခြားဆက်ဆံခံရသည်ဟု ယူဆပါက FEMA လူထုအခွင့်အရေးရုံးသို့ ဆက်သွယ်နိုင်ပါသည်။ FEMA ၏ လူထုအခွင့်အရေးရုံးထံ ၈၃၃-၂၈၅-၇၄၄၈ သို့ အခမဲ့ ဖုန်းခေါ်နိုင်ပါသည်။ ဘာသာစုံပြောဆိုသူများက ဖုန်းကို ဖြေကြားပေးနိုင်ပါသည်။

Tags:
နောက်ဆုံးသတင်း