နယူးယောက် -- ဖယ်ဒရယ်၏ ဘေးအန္တရာယ်ဆိုင်ရာ ကူညီပံ့ပိုးမှုသည် အိမ်ရှင်များအတွက်သာ မဟုတ်ပါ။ အကျုံးဝင်သော အိမ်ငှားများအတွက်ပါ ရနိုင်ပြီး အိမ်ထောင်ပရိဘောဂ၊ အလုပ်နှင့်သက်ဆိုင်သည့် ပစ္စည်းကိရိယာများ၊ ကားပြုပြင်ခြင်း၊ ဘေးအန္တရာယ်ကြောင့်ဖြစ်ပေါ်သော ဆေးကုသမှုနှင့် သွားကုသမှုဆိုင်ရာ ကုန်ကျစရိတ်များကိုပင် ကူညီပံ့ပိုးပေးနိုင်ပါသည်။
Bronx, Kings, Nassau, Queens, Richmond, Rockland, Suffolk နှင့် Westchester counties တွင်နေထိုင်သူ အိမ်ငှားများသည် ဟာရီကိန်း အိုင်ဒါကြောင့် သူတို့၏နေအိမ်များတွင် ပျက်စီးမှု၊ ဆုံးရှုံးမှုများဖြစ်ပေါ်ခြင်း သို့မဟုတ် နေအိမ်များတွင် နေထိုင်၍မရတော့ခြင်း ဖြစ်ပါက FEMA နှင့် အမေရိကန်နိုင်ငံ အသေးစားလုပ်ငန်း အုပ်ချုပ်ရေးဌာနတို့မှ အကူအညီ ရယူရန် အကျုံးဝင်ပါသည်။
FEMA အိမ်ငှားပံ့ပိုးကူညီမှုသည် လစဉ်အိမ်ငှားရမ်းခနှင့် မရှိမဖြစ်လိုအပ်သည့် စရိတ်များ (ဥပမာ- ဓာတ်ငွေ့၊ လျှပ်စစ်နှင့် ရေ) အတွက် ဖြစ်ပါသည်။ FEMA ၏ ထောက်ပံ့မှုကို လုံခြုံရေးအတွက် ကြိုသွင်းငွေအတွက်လည်း အသုံးပြုနိုင်သော်လည်း ဖုန်း၊ ကေဘယ် သို့မဟုတ် အင်တာနက်ဝန်ဆောင်မှုတို့အတွက် မဟုတ်ပါ။
FEMA ၏ နေအိမ်ဆိုင်ရာ ပံ့ပိုးမှုနှင့် FEMA ၏ အခြားသော လိုအပ်ချက်ဆိုင်ရာ ပံ့ပိုးမှုများ (ဥပမာ- မိမိကိုယ်ပိုင် ပစ္စည်းများအတွက်၊ ပြောင်းရွှေ့ရန်အတွက်နှင့် ဂိုဒေါင်ငှားခတို့အတွက်) အထောက်အပံ့များ မရရှိမီ အိမ်ငှားများသည် ဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသည့်အိမ်တွင် နေထိုင်ခဲ့ကြောင်း အထောက်အထား ပြနိုင်ရပါမည်။
မိမိနေထိုင်ခဲ့ကြောင်း အထောက်အထားပြရန်အတွက် ဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသူသည် FEMA သို့ အောက်ပါ စာရွက်စာတန်းများ ပေးအပ်ရမည် - အိမ်ငှားစာချုပ်၊ အိမ်ငှားခပြေစာ၊ မီးခရေခတောင်းခံလွှာ၊ ဝယ်ယူမှုပြေစာ၊ အစိုးရ၏တရားဝင်စာ၊ မှတ်ပုံတင်ကတ်၊ လူမှုဖူလုံရေးအဖွဲ့အစည်း၏ မှတ်တမ်း၊ ရပ်ကွက်ကျောင်း မှတ်တမ်းများ၊ ဖယ်ဒရယ် သို့မဟုတ် ပြည်နယ်မှ ထောက်ပံ့ကြေး မှတ်တမ်း၊ ကားမှတ်ပုံတင်မှတ်တမ်း၊ နေထိုင်သူဖြစ်ကြောင်း ထောက်ခံစာ သို့မဟုတ် တရားရုံး မှတ်တမ်းတစ်ခုခု နှင့် ရွှေ့ပြောင်းယာဥ်အိမ် ရပ်နားမှုဆိုင်ရာမှတ်တမ်းများ။ FEMA အရေးပေါ် ကူညီမှု ဖုန်း ၈၀၀-၆၂၁-၃၃၆၂ (၇၁၁/VRS) တွင် လက်ခံနိုင်ဖွယ်ရှိသော အထောက်အထားများ၊ နေ့စွဲနှင့် ဖော်ပြချက်များအကြောင်း အသေးစိတ် မေးမြန်းနိုင်ပါသည်။
အိမ်ငှားများကို အမေရိကန်နိုင်ငံ အသေးစားလုပ်ငန်းအုပ်ချုပ်ရေးရုံး (SBA) သို့ ညွှန်ပေးနိုင်ပြီး ၎င်းတို့က အတိုးနှုန်းနိမ့်ချေးငွေများ ထုတ်ပေးနိုင်ပါသည်။ SBA ချေးငွေသည် အာမခံတွင် မပါရှိသည့် ဆုံးရှုံးမှုများအတွက် အကူအညီဖြစ်စေနိုင်ပါသည်။ အိမ်ငှားများသည် အဝတ်အစားများ၊ ပရိဘောဂများ၊ အသုံးအဆောင်ပစ္စည်းများမှင့် ကားအပါအဝင် မိမိပိုင်ပစ္စည်းဥစ္စာများ စသည့် အာမခံတွင်မပါရှိသည့် ပျက်စီးဆုံးရှုံးမှုများကို ပြင်ဆင်ရန်၊ အစားထိုးဝယ်ယူရန်တို့အတွက် $၄၀,၀၀၀ အထိ ငွေချေးငှားရန် လျှောက်ထားနိုင်ပါသည်။ SBA ချေးငွေအတွက် အရည်အချင်းမပြည့်မီသူများအား FEMA ၏ အခြားလိုအပ်ချက်ဆိုင်ရာ အထောက်အပံ့ပေးမှုအစီအစဉ်သို့ ပြန်လည် လွှဲပေးမည်ဖြစ်သည်။
သင့်အား SBA သို့ ညွှန်ပေးပါက သင်သည် လျှောက်လွှာကိုဖြည့်ပြီး ပေးပို့ရပါမည်။ သင့်လျှောက်လွှာကို အတည်ပြုလိုက်ပါက သင်သည် ချေးငွေကို လက်ခံစရာမလိုသော်လည်း လျှောက်လွှာပို့ရန် ပျက်ကွက်ပါက FEMA ၏ အခြားအထောက်အပံ့ အကူအညီများကို ရရှိနိုင်တော့မည် မဟုတ်ပါ။
FEMA အထောက်အပံ့အကူအညီကို လျှောက်ထားနိုင်သည့် နည်းလမ်းများစွာ ရှိပါသည် -
§ DisasterAssistance.gov ကိုသွားပြီး FEMA မိုဘိုင်းအက်ပ်ကို သုံးပါ သို့မဟုတ် FEMA အကူအညီဖုန်း ၈၀၀-၆၂၁-၃၃၆၂ (၇၁၁/VRS) ကို ခေါ်ပါ။ ဖုန်းလိုင်းများသည် မနက် ၈ နာရီမှ ည ၇ နာရီအထိ တစ်ပတ် ၇ ရက် ဖွင့်ထားပါသည်။ ဖုန်းအော်ပရေတာက သင့်ဘာသာစကားပြောသည့် ကျွမ်းကျင်သူနှင့် ချိတ်ဆက်ပေးနိုင်ပါသည်။ အကယ်၍ သင်က ဗီဒီယိုထပ်ဆင့်လွှင့်အစီအစဉ်၊ စာသားပါဖုန်းအစီအစဉ် သို့မဟုတ် တခြားစနစ်များကို အသုံးပြုပါက ယင်းအစီအစဉ်ဝန်ဆောင်မှုများ၏ နံပါတ်ကို FEMA အား ပေးပါ။
FEMA သည် ဘေးဒုက္ခမှ ပြန်လည်ထူထောင်ရေး စင်တာများကိုလည်း ဖွင့်လှစ်ထားပြီး ယင်းတွင် FEMA ဝန်ထမ်းနှင့် အခြား ဖယ်ဒရယ်နှင့် ပြည်နယ်အေဂျင်စီများနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံ၍ သင့်အတွက် လိုအပ်သည့် ဘေးဒုက္ခဆိုင်ရာ ပံ့ပိုးမှုအချက်အလက်များကို ရယူနိုင်ပါသည်။ သင့်အနီးရှိ ပြန်လည်ထူထောင်ရေးစင်တာကို ရှာဖွေရန် DRC Locator (fema.gov) သို့ သွားပါ။
SBA ချေးငွေလျှောက်ထားရန်အတွက် SBA ၏လုံခြုံသော ဝဘ်ဆိုက် https://DisasterLoanAssistance.sba.gov သို့သွားပါ။ သင်သည် DisasterCustomerService@SBA.gov ကို အီးမေးလ်ပို့နိုင် သို့မဟုတ် SBA ၏ ကူညီရေးဝန်ဆောင်မှုစင်တာဖုန်း ၈၀၀-၆၅၉-၂၉၅၅ ကို ဆက်သွယ်၍ နောက်ထပ်အချက်အလက်များအတွက် မေးမြန်းနိုင်ပါသည်။
FEMA အကူအညီအထောက်အပံ့အတွက် နောက်ဆုံးလျှောက်ထားရမည့်နေ့မှာ နိုဝင်ဘာလ ၅ ရက်၊ သောကြာနေ့ ဖြစ်ပါသည်။
ထပ်ဆောင်း အွန်လိုင်းအရင်းအမြစ်များနှင့် FEMA ၏ ဒေါင်းလုဒ်လုပ်နိုင်သော လက်ကမ်းစာစောင်များအတွက် DisasterAssistance.gov ကိုသွားပြီး “Information” ကိုနှိပ်ပါ။
ကွန်မြူနတီအခြေပြု လိုအပ်ချက်များကို ပံ့ပိုးပေးသည့် အေဂျင်စီများသို့ လွှဲစာများအတွက် သင်နှင့် အနီးဆုံး ၂၁၁ စင်တာကို (211Counts) https://www.211nys.org/contact-us သွားပါ သို့မဟုတ် ၂၁၁ ကို ခေါ်ပါ။ နယူးယောက်တွင် နေထိုင်သူများအတွက် ၃၁၁ ကို ခေါ်ပါ။
နယူးယောက်၏ ဟာရီကိန်းအိုင်ဒါ ပြည်လည်ထူထောင်ရေးဆိုင်ရာ နောက်ဆုံး လုပ်ဆောင်ချက်များကို www.fema.gov/disaster/4615 တွင် ကြည့်ပါ။ ကျွန်ုပ်တို့အား တွစ်တာတွင် twitter.com/femaregion2 နှင့် ဖေ့ဘုတ်တွင် www.facebook.com/fema ကြည့်နိုင်ပါသည်။