၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့ကစပြီး သဘာဝဘေးကြောင့် ဆုံးရှုံးမှုများအားလူကိုယ်တိုင်အိမ်တိုင်ရာရောက်စိစစ်အတည်ပြုခြင်းကိုFEMA ပြန်လည်လုပ်ကိုင်ခဲ့သည်။ သဘာဝဘေးမှ လွတ်မြောက်လာသူများ၏နေအိမ်များကို စစ်ဆေးရန် COVID-19 ကပ်ရောဂါကြောင့်အွန်လိုင်းနည်းလမ်းများစွာကို အသုံးပြုခဲ့သည်။ သဘာဝဘေးမှ လွတ်မြောက်လာသူများ၏ ကျန်းမာရေးနှင့် ဘေးကင်းရေးသည် FEMA ၏ ဦးစားပေးအဖြစ် ဆက်လက်တည်ရှိနေသောကြောင့် အေဂျင်စီသည် အိမ်ထဲသို့မ၀င်ရောက်ဘဲ စစ်ဆေးမှုများ လုပ်ဆောင်နိုင်မှုကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်သည်။ သဘာဝဘေးမှလွတ်မြောက်လာသူများ၏ကြောက်ရွံ့ထိတ်လန့်မှုများ၊ ဆက်လက်ဖြစ်ပွားနေသော COVID-19ရောဂါကြောင့်မသေချာမရေရာမှုများ သို့မဟုတ် တခြားအကြောင်းကြောင့်အိမ်တွင်းသို့ ဝင်ရောက်မစစ်ဆေးနိုင်သည့်အခါ၊ FEMA သည် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟိုဌာန၏ လမ်းညွှန်ချက်အတိုင်း လူတကမ်းအကြားနေထိုင်ခြင်းကို အသုံးပြုပြီး အိမ်၏အပြင်ဘက်တွင် တရားဝင်စစ်ဆေးခြငိးများပြုလုပ်ဆောင်ရွက်သွားမည်။
အိမ်စစ်ဆေးရေးမှူအတွက်ပြင်ဆင်ခြင်း
FEMA အိမ်စစ်ဆေးခြင်းသည် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးထိခိုက်မှုနှင့်နစ်နာဆုံးရှုးမှုကို စစ်ဆေးခြင်းလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လျှောက်ထားသူများအတွက်ရရှိနိုင်သည့် ဗဟိုအစိုးရ၏အကူအညီရွေးချယ်မှုများကို ဆုံးဖြတ်ပေးဖို့ ကူညီပေးပါသည်။
ပုံမှန်အားဖြင့်၊ သဘာဝဘေးမှလွတ်မြောက်လာသူတစ်ဦးသည် ဘေးအန္တရာယ်အကူအညီအတွက် လျှောက်ထားပြီးနောက် ရက်အနည်းငယ်အတွင်း FEMA စစ်ဆေးရေးမှူးက သူ့ကို ဆက်သွယ်လာမည်ဖြစ်သည်။ အချို့ကိစ္စများတွင် လျှောက်ထားသူတစ်ဦးကို ၎င်းတို့လျှောက်ထားသည့်နေ့တွင်ပင် ဆက်သွယ်ခြင်းခံရနိုင်ပြီးအများအားဖြင့် ၎င်းတို့လျှောက်ထားပြီးနောက် ၁၀ ရက်ထက်မကျော်ပါ။ စစ်ဆေးရေးမှူး၏ဖုန်းနံပါတ်သည် တခြားပြည်နယ်နံပတ်လည်းဖြစ်နိုင်သည် သို့မဟုတ် ခေါ်ဆိုသူ ID တွင် "မသိ” ဖုန်းမှာဖော်ပြလိမ့်မည်။
သဘာဝဘေးမှလွတ်မြောက်လာသူကိုအကာအကွယ်ပေးရန်အတွက် စစ်ဆေးရေးမှူးသည်သူ၏ ပုဂ္ဂိုလ်ရေးအရမည်သူမည်ဝါဟု ဖော်ထုတ်သတ်မှတ်နိုင်သော အချက်အလက် (PII) များကို ဖုန်းကနေ ပြောပြအတည်ပြုဖို့ မေးလိမ့်မည်။
စစ်ဆေးရေးမှုးကဖုန်းခေါ်သည့်အခါအောက်ပါတို့ကိုချရေးပါ။
- စစ်ဆေးရေးမှုး၏အမည်
- ခေါ်ဆိုသည့်ရက်
- ချိန်းဆိုထားသည့်ရက်နှင့်အချိန်
- စစ်ဆေးရေးမှုးဖုန်းနံပါတ်
စစ်ဆေးရေးမှူးသည် သင့်အိမ်ကိုစစ်ဆေးမှုပြုလုပ်ရန်ရက်ချိန်းပေးဖို့ မတူညီသောရက်များတွင် မတူညီသောအချိန်များတွင် သုံးကြိမ်တိုင်တိုင်ဖုန်းခေါ်ဆိုပြီး ကြိုးစားဆက်သွယ်မည်။ စစ်ဆေးဖို့ရက်ချိန်းပေးရန် သဘာဝဘေးမှလွတ်မြောက်လာသူကို ဆက်သွယ်၍မရရှိပါက လျှောက်လွှာတင်ချိန်က ပေးထားသည့်အိမ်လိပ်စာသို့ စာတစ်စောင်နှင့်/သို့မဟုတ် အီးမေးလ်တစ်စောင် ပေးပို့မည်ဖြစ်သည်။
FEMA အိမ်စစ်ဆေးရေးမှူးမှ ဆက်သွယ်ခဲ့သော်လည်း FEMA ဘေးဒုက္ခအကူအညီရရန်အတွတွက် အိမ်ထောင်စုတစုလုံးတွင် မည်သူကမှ လျှောက်ထားခြင်းမရှိပါက၊ တစ်ဦးချင်းစီသည် FEMA အကူအညီအတွက် လျှောက်ထားခြင်းမရှိကြောင်း စစ်ဆေးရေးမှူးအား အကြောင်းကြားပြီး လျှောက်လွှာကို ရုပ်သိမ်းဖို့ စစ်ဆေးရေးမှူးအား တောင်းဆိုပါ။ တစ်ဦးချင်းစီက FEMA Helpline 800-621-3362 သို့ ဖုန်းခေါပြီး FEMA သို့ မလျှောက်ထားကြောင်းတိုက်ရိုက်အကြောင်းကြားသင့်သည်၊ သို့မဟုတ် FEMA သဘာဝဘေးအန္တရာယ်ဆိုင်ရာပြန်လည်ထူထောင်ရေးဌာနသို့ သွားရောက်ခြင်းဖြင့်လည်း အကြောင်းကြားသင့်ပါသည်။
အိမ်စစ်ဆေးမှုလုပ်နေစဉ်အတွင်း
ပျက်စီးထိခိုက်သည့်အတိုင်းအတာပေါ် မူတည်၍ ပုံမှန်စစ်ဆေးခြင်းပြီးဖို့ ၄၅ မိနစ်အထိ ကြာပါသည်။ လျှောက်ထားသူ သို့မဟုတ် ပူးတွဲလျှောက်ထားသူသည် စစ်ဆေးရေးမှုးနှင့် တွေ့ဆုံနိုင်မှသာ စစ်ဆေးမှုကို အပြီးသတ်နိုင်သည်။ သဘာဝဘေးမှလွတ်မြောက်လာသူသည် စစ်ဆေးရေးမှူးနှင့် ဆက်သွယ်ရာတွင် အကူအညီပေးဖို့ အိမ်ထောင်စုဝင်တစ်ဦး၊ ဆွေမျိုး သို့မဟုတ် သူငယ်ချင်းကဲ့သို့ အခြားတစ်ဦးတစ်ယောက်ကို ဖိတ်ကြားနိုင်သည်။
- လျှောက်ထားသူ သို့မဟုတ် အတူပူးတွဲလျှောက်ထားသူသည် စစ်ဆေးရေးမှုးနှင့်မတွေ့ဆုံနိုင်ပါက၊ တခြားကြားခံလူတယောက်ကို သတ်မှတ်အချိန်နှင့် ရက်စွဲမတိုင်မီစာရေးသား ကြိုတင်ခွင့်ပြုချက်ယူပြီး ထားနိုင်သည်။
- FEMA သည် စစ်ဆေးခြင်းအတွက် အခကြေးငွေကို ဘယ်သောအခါမှ မတောင်းခံပါ။ စစ်ဆေးရေးမှူးက ဘဏ်အချက်အလက်ကို မည်သည့်အခါမျှ မတောင်းခံပါ။
FEMA စစ်ဆေးရေးမှူးသည် စစ်ဆေးခြင်း၏တစ်စိတ်တစ်ပိုင်းအဖြစ် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို စာရွက်စာတမ်းဖြင့်သာမှတ်တမ်းတင်ခြင်းဖြစ်သည်။ သဘာဝဘေးလွတ်မြောက်သူသည် သူတောင်းခံသည့်အကူအညီအတွက် သတ်မှတ်အရည်အချင်းပြည့်မီခြင်း ရှိ၊ မရှိကိုစစ်ဆေးရေးမှုးက ဆုံးဖြတ်နိုင်ခြင်းမရှိပါ။
- စစ်ဆေးရေးကာလအတွင်း၊ စစ်ဆေးရေးမှူးသည် လျှောက်ထားသူ၏အမည်၊ လိပ်စာ၊ ဆက်သွယ်ရန်အချက်အလက်များ၊ နေထိုင်မှုနှင့် ပိုင်ဆိုင်မှုအခြေအနေနှင့် အာမခံလျော်ကြေးအကျုံးဝင်မှုကို အတည်ပြုဖို့ ကြိုးပမ်းမည်ဖြစ်သည်။
- စစ်ဆေးရေးမှူးသည် ပျက်စီးနေသောနေရာများနှင့် မပျက်စီးသေးသော နေရာနှစ်ခုလုံး၏ အခြေအနေကို အကဲဖြတ်စစ်ဆေးရန်၊ သဘာဝဘေးကြောင့် ဖြစ်ပေါ်လာသော ပစ္စည်းအစစ်အမှန် (တည်ဆောက်ဖွဲ့စည်းပုံ) ပျက်စီးထိခိုက်မှုနှင့် ပျက်စီးသွားသည့်၊ မပျက်စီးသည့်မရှိမဖြစ်လိုအပ်သော ကိုယ်ပိုင်ပစ္စည်း (အသုံးအဆောင်ပစ္စည်းများ၊ ပရိဘောဂ စသဖြင့်)အားလုံးကို မှတ်သားထားရန် တအိမ်လုံးကိုလမ်းလျှောက်သွားလာကြည့်လိမ့်မည်။
- စစ်ဆေးရေးမှူးသည် ဆေးဖိုးဝါးခ၊ ရွှေ့ပြောင်းခြင်းနှင့် သိုလှောင်မှုကုန်ကျစရိတ်များ၊ သဘာဝဘေးအန္တရာယ်ကိုတုံ့ပြန်ရန်အတွက် ဝယ်ယူသည့်ပစ္စည်းများ၊ ယူနီဖောင်းဝတ်စုံများ၊ ထောက်ပံ့ရေးပစ္စည်းများနှင့် ကျောင်း သို့မဟုတ် အလုပ်အတွက် လိုအပ်သောပစ္စည်း ကိရိယာများအပါအဝင် သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှုများနှင့် အသုံးစရိတ်များအကြောင်း မေးခွန်းများ မေးမြန်းမည်ဖြစ်သည်။
- စစ်ဆေးရေးမှူးများသည် အိမ်ခေါင်မိုးပေါ်သို့တက်ခြင်း သို့မဟုတ် တွားသွားပြီးတက်ရမည့်နေရာများသို့ ဝင်ရောက်မည်မဟုတ်ပါ။
- အိမ်ကိုစစ်ဆေးရေးလုပ်ငန်းစဉ်အတွင်း နေအိမ်အတွင်းပိုင်းနှင့် အပြင်ပိုင်းကို ဓာတ်ပုံများရိုက်ယူနိုင်ပါသည်။
- အိမ်ကိုဝင်ရောက်ရန်မရသောအခြေအနေများတွင်၊ စစ်ဆေးရေးမှူးသည် အထောက်အထား၊ နေထိုင်မှုနှင့်/သို့မဟုတ် ပိုင်ဆိုင်မှုကိုအတည်ပြုရန် အခြားတစ်နေရာတွင် သဘာဝဘေးမှလွတ်မြောက်လာသူနှင့် တွေ့ဆုံနိုင်သည်။
- စစ်ဆေးရေးမှူးတစ်ဦးကို ၎င်းတို့မည်သူဖြစ်သည်ကို သံသယရှိပါက ၎င်းတို့အား ချက်ချင်းထွက်သွားခိုင်းပါ။ ဒေသဆိုင်ရာရဲတပ်ဖွဲ့ကို ဖုန်းခေါ်ပါ။
စစ်ဆေးခြင်းမပြုမီ FEMA သည် လျှောက်ထားသူ၏ သဘာဝဘေးအန္တရာယ်မတိုင်မီ အိမ်ပိုင်ဆိုင်ခွင့် သို့မဟုတ် နေထိုင်မှု (နေထိုင်ခွင့်) ကို မစစ်ဆေးနိုင်ပါက၊ စစ်ဆေးရေးမှူးသည် လူကိုယ်တိုင်ဖြစ်စေ သို့မဟုတ် အွန်လိုင်းစနစ်ဖြင့်ဖြစ်စေ စာရွက်စာတမ်းများကို ကြည့်ရှုရန် တောင်းဆိုရန် လိုအပ်ပါသည်။ လက်ခံသည့် စိစစ်ရေးစာရွက်စာတမ်းနမူနာများတွင် ပိုင်ဆိုင်မှုအတွက် အိမ်ပိုင်ဆိုင်မှု/ပိုင်ဆိုင်မှုအာမခံအထောက်အထား၊ မီးဖိုးရေဖိုး သို့မဟုတ် ခရက်ဒစ်ကတ်ငွေပေးချေမှုများ၊ ယာဉ်မောင်းလိုင်စင်၊ သို့မဟုတ် မဲဆန္ဒရှင်မှတ်ပုံတင်ကတ် သို့မဟုတ် ပိုင်ဆိုင်မှုအခွန်ပေးဆောင်ထားသည့် ငွေအထောက်အထားတို့ ပါဝင်သည်။
ကျေးဇူးပြု၍ သတိပြုပါ- သဘာဝဘေးမှလွတ်မြောက်လာသူများထံသို့ FEMA အရည်အသွေးထိန်းချုပ်ရေးစစ်ဆေးရေးမှူး သို့မဟုတ်အမေရိကန် အသေးစားစီးပွားရေးလုပ်ငန်းများစီမံခန့်ခွဲမှုအဖွဲ့ (SBA) မှ ကိုယ်စားလှယ်များ သို့မဟုတ် အမျိုးသားရေလွှမ်းမိုးမှုအာမခံအစီအစဉ်မှ ညှိနှိုင်းရေးမှုးကဲ့သို့သော စစ်ဆေးရေးအရာရှိတစ်ဦးထက်မက ပိုပြီး လာရောက်နိုင်သည်။
သဘာဝဘေးဒဏ်မှလွတ်မြောက်လာသူများတွင်အင်္ဂလိပ်ဘာသာစကားကိုအကန့်အသတ်ဖြင့်သာပြောဆိုနိုင်သူ၊ မသန်စွမ်းသူများနှင့် သွားလာနိုင်ဖို့ လိုအပ်ချက်များရှိသည့် အခြားသူများနှင့် ထိရောက်စွာဆက်သွယ်နိုင်အောင် ဘာသာစကား ဘာသာပြန်ဆိုခြင်းနှင့် ASL စကားပြန်များ အပါအဝင် သင့်လျော်သော နေရာထိုင်ခင်းများရရှိမည်ဖြစ်သည်။
သဘာဝဘေးဒဏ်မှလွတ်မြောက်လာသူများသည် ဗီဒီယို ထပ်ဆင့်လွှင့်ဝန်ဆောင်မှု၊ စာတန်းပါ တယ်လီဖုန်းဝန်ဆောင်မှု သို့မဟုတ် အခြားဆက်သွယ်ရေးဝန်ဆောင်မှုများကို အသုံးပြုပါက၊ ကျေးဇူးပြု၍ ထိုဝန်ဆောင်မှုအတွက် သတ်မှတ်ထားသော ဖုန်းနံပါတ်ကို FEMA ပေးပါ။ Zoom သို့မဟုတ် FaceTime မှတဆင့် ဆက်သွယ်ပါက၊ လျှောက်ထားသူ သို့မဟုတ် ပူးတွဲလျှောက်ထားသူသည် FaceTime သို့မဟုတ် Zoom မှတဆင့် စာတန်းထိုးပြီး စကားပြန်ကိုတောင်းဆိုနိုင်သည်။
အိမ်စစ်ဆေးမှုပြီးသည့်နောက်ပိုင်း
စစ်ဆေးမှုအတွင်း စုဆောင်းရရှိသော အချက်အလက်များသည် သဘာဝဘေးမှလွတ်မြောက်လာသူ၏ အကူအညီအတွက် အရည်အချင်းကိုက်ညီမညီကို ဆုံးဖြတ်ရန် FEMA မှ အသုံးပြုသည့် စံသတ်မှတ်ချက်များစွာထဲမှ တစ်ခုသာဖြစ်သည်။ သင့်တွင် စစ်ဆေးပြီးနောက် မေးခွန်းများရှိပါက ကျေးဇူးပြု၍ FEMA Helpline ဖုန်းလိုင်း 800-621-3362 သို့ခေါ်ဆိုပါ။
သဘာဝဘေးမှလွတ်မြောက်သူများသည် အရည်အချင်းပြည့်မီသည်ဟု ဆုံးဖြတ်ပါက FEMA သည် စစ်ဆေးပြီးနောက် ၇ ရက်မှ ၁၀ ရက်အတွင်း ၎င်းတို့အား အကြောင်းကြားမည်ဖြစ်သည်။ အရည်အချင်းပြည့်မီသောအကူအညီ၏ အသေးစိတ်အချက်အလက်များကိုဖော်ပြသော FEMA ဆုံးဖြတ်ချက်ပေးစာတစ်စောင် ပေးပို့မည်ဖြစ်ပါသည်။ နောက်ဆုံးအခြေအနေများနှင့် အသိပေးချက်များကို ခပ်မြန်မြန် လက်ခံရရှိရန်၊ သဘာဝဘေးမှလွတ်မြောက်လာသူများသည် FEMA အကူအညီကို လျှောက်ထားပြီးသည့်အခါDisasterAssistance.gov အကောင့်ကို ဖွင့်နိုင်သည်။
FEMA သည် လျှောက်လွှာလုပ်ငန်းစဉ်အတွင်းပေးထားသည့် ငွေလက်ခံသည့်ဘဏ်အကောင့် သို့မဟုတ် ငွေစုဘဏ်အကောင့်သို့ တိုက်ရိုက်ငွေပေးပို့ခြင်း သို့မဟုတ် ချက်လက်မှတ်တစ်စောင်ကို စာတိုက်ဖြင့်ပေးပို့မည်ဖြစ်သည်။ သဘာဝဘေးမှလွတ်မြောက်လာသူများသည် စာတွင်ဖော်ပြထားသည့်အတိုင်ပေးသည့်ငွေကို အသုံးပြုရမည်ဖြစ်ပြီး ဘေးအန္တရာယ်ပြန်လည်ထူထောင်ရေးတွင် အကူအညီပေးသည့်ငွေများကို မည်ကဲ့သို့အသုံးပြုကြောင်းပြသကာ မှတ်တမ်းများနှင့် ငွေရပြေစာများကို အနည်းဆုံးသုံးနှစ်ကြာသိမ်းဆည်းထားရမည်ဖြစ်သည်။ အကူအညီအမျိုးအစားများစွာ ရှိပြီး သင်သည်တစ်ခုထက်မကပိုရရှဖို့ အရည်အချင်းမှီနိုင်သည်။
အကယ်၍သဘာဝဘေးမှလွတ်မြောက်လာသူအနေဖြင့် အထူးသီးခြားပစ္စည်းများအတွက် အကူအညီအတွက် အတည်ပြုခြင်းမခံရပါက၊ စစ်ဆေးမှုကနေ သူ့ကိုချန်ထားသည်ဟုမဆိုလိုပါ။ သူတို့၏စစ်ဆေးမှုတွင် မှတ်တမ်းတင်ထားသော ပျက်စီးဆုံးရှုံးမှုထက် ကျော်လွန်၍ သင့်မှာသဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေသော ပျက်စီးမှုများရှိနေကြောင်း FEMA ကို သက်သေပြနိုင်ပါက FEMA ၏ ဆုံးဖြတ်ချက်ကို အယူခံဝင်လို့ရပါသည်။ FEMA ၏ ဆုံးဖြတ်ချက်ကို အယူခံဝင်ဖို့ လုပ်ငန်းစဉ်ကို FEMA မှ ပေးအပ်သော အကူအညီတောင်းမှုနှင့်ပတ်သက်သည့်ဆုံးဖြတ်ချက်စာမှာ ရှင်းပြထားသည်။
အယူခံမှုလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီးပိုမိုသိချင်ပါက နောက်ဆုံးဖြတ်ချက်ကို မည်သို့အယူခံလွှာတင်မလဲ ကိုဝင်ရောက်ကြည့်ရှုပါ။