FEMA အကူအညီလျှောက်ထားပြီးလျှင် ဘာတွေကို မျှော်လင့်ထားနိုင်သလဲ

Release Date:
သြဂုတ်လ 7, 2023

FEMA အကူအညီလျှောက်ထားပြီးသည်နှင့် သင်သည် အာမခံလျော်ကြေးအတွက် မလျှောက်ရသေးလျှင် လျှောက်ထားလိုက်ပါ။ FEMA က သင့်အား အချက်အလက်များ စိစစ်ရန်နှင့် အိမ်တွင် လာရောက်စစ်ဆေးရန်အတွက် သင့်အားဆက်သွယ်နိုင်ပြီး ယူအက်စ် အသေးစားလုပ်ငန်း စီမံအုပ်ချုပ်ရေးဌာန သို့ သင့်အား ညွှန်းပေးနိုင်သည်။ FEMA က သင့်လျှောက်လွှာကို ဆောင်ရွက်ပါက သင်သည် ဆုံးဖြတ်ချက်စာကို လက်ခံရရှိမည်ဖြစ်ပြီး သင်သဘောမတူပါက အယူခံ ဝင်နိုင်သည်။ 

အာမခံလျော်ကြေးအတွက် တင်သွင်းခြင်း

အကယ်၍ သင်သည် အိမ်ပိုင်ရှင်၊ အိမ်ငှား သို့မဟုတ် ရေဘေးအာမခံရှိပါက လျော်ကြေးအတွက် အမြန်ဆုံးတင်သွင်းပါ။ FEMA သည် အာမခံမှ လျော်ကြေးငွေရရှိနိုင်သော အပျက်အစီးအတွက် ထောက်ပံ့မှု မပြုပါ။ ထို့ကြောင့် သင့်အာမခံက မည်သည့် အရာများအား လျော်ပေးကြောင်း သိပြီးမှသာလျှင် သင်၏ အကူအညီလျှောက်ထားမှုကို ဆက်လက်ဆောင်ရွက်နိုင်ပါမည်။ အကယ်၍ သင့်အာမခံက သင်၏ ကုန်ကျစရိတ်များ အားလုံးကို မကာမိပါက သင်သည် ဖယ်ဒရယ်အကူအညီ ရနိုင်ပါသည်။

အိမ်တွင် လာရောက်စစ်ဆေးခြင်း

သင့်အိမ်တွင် နေထိုင်၍ မရနိုင် သို့မဟုတ် မလုံခြုံတော့ကြောင်း သတင်းပို့ထားပါက FEMA သည် အိမ်တွင် သို့မဟုတ် အဝေးမှ အပျက်အစီးကို စစ်ဆေးမည်ဖြစ်သည်။ အိမ်တွင် စစ်ဆေးနိုင်ရန် FEMA ဝန်ထမ်းက သင့်အား ဖုန်းခေါ်ပြီး ရက်ချိန်းပေးပါမည်။ သူတို့ခေါ်ဆိုသည့် နံပါတ်သည် သင်မသိသော နံပါတ် သို့မဟုတ် နံပါတ်ဖော်ပြခြင်းမပြုသည့် ကန့်သတ်နံပါတ် ဖြစ်နိုင်သည်။ စစ်ဆေးသူက သင်၊ သင့်ပူးတွဲလျှောက်ထားသူ သို့မဟုတ် သင်က စာဖြင့်ရေးသားပြီး လုပ်ပိုင်ခွင့်လွှဲအပ်ထားသူ ရှိနေမှသာလျှင် လာရောက်မည် ဖြစ်သည်။
FEMA စစ်ဆေးသူများသည် လေ့ကျင့်ထားသူများဖြစ်ကြပြီး အပျက်အစီးသည် ကပ်ဘေးဒဏ်ကြောင့် ဖြစ်ပေါ်ခြင်း ဟုတ်မဟုတ်ကို သိနိုင်သည်။ သို့သော် သူတို့သည် သင် အကူအညီရမည်/ မရမည်ကို ဆုံးဖြတ်သူများ မဟုတ်ပါ။ သင်နှင့် စစ်ဆေးသူအကြား ဆက်သွယ်ပြောဆိုနိုင်ရန်အတွက် လိုအပ်ပါက FEMA က ဘာသာပြန်နှင့် လက်ဟန်သုံးစကားပြန် အပါအဝင် ထိုက်သင့်သည့် ပံ့ပိုးမှုများ ပေးနိုင်ပါသည်။ စစ်ဆေးမှုသည် ၄၅ မိနစ်ခန့် ကြာနိုင်ပါသည်။

FEMA ၏ အိမ်တွင် လာရောက်စစ်ဆေးခြင်းအကြောင်း ပိုမိုသိရှိရန် Home Inspections | FEMA.gov ကို သွားပါ။ သို့မဟုတ် ယူကျူ့တွင် FEMA Accessible: Home Inspections - YouTube ကို ကြည့်ပါ။

အသေးစားလုပ်ငန်း စီမံအုပ်ချုပ်ရေးဌာန

FEMA သည် အတိုးနှုန်းနိမ့် ရေရှည်ချေးငွေများ လျှောက်ထားနိုင်ရန်အတွက် သင့်အား အသေးစားလုပ်ငန်း စီမံအုပ်ချုပ်ရေးဌာန (SBA) သို့ ညွှန်းပေးနိုင်သည်။ FEMA က သင့်အား လွှဲပေးပါက သင်သည် လျှောက်လွှာကို အမြန်ဆုံးတင်ရပါမည်။ SBA ချေးငွေများသည် ကပ်ဘေးဒဏ်သင့်သူများအတွက် အကူအညီပေးနေသည့် အကြီးမားဆုံး ဖယ်ဒရယ်ရန်ပုံငွေဖြစ်ပြီး ၎င်းကိုလျှောက်ထားခြင်းဖြင့် FEMA က သင့်အား အခြားလိုအပ်ချက်အကူအညီ အစီအစဉ်အတွက် ထည့်သွင်းစဉ်းစားနိုင်သည်။

SBA ၏ရေရှည် အတိုးနိမ့် ကပ်ဘေးချေးငွေများကို လုပ်ငန်းအရွယ်အစား အမျိုးမျိုး၊ ပုဂ္ဂလိက ပရဟိတအဖွဲ့အစည်းများ၊ အိမ်ရှင်နှင့် အိမ်ငှားများ အတွက် ကမ်းလှမ်းနေပါသည်။ လျှောက်ထားခ မပေးရဘဲ ချေးငွေကို ခွင့်ပြုလျှင်လည်း မယူဘဲနေ၍ ရသည်။ အကယ်၍ သင်သည် ချေးငွေအတွက် သတ်မှတ်ချက်မပြည့်မီဟု SBA က ဆုံးဖြတ်ပါက သင့်အား FEMA သို့ ပြန်လွှဲပေးနိုင်ပြီး ၎င်းက သင်သည် အခြား ထပ်ဆောင်းအကူအညီအမျိုးအစားများ လျှောက်ထားနိုင်ခြင်း ရှိမရှိ စိစစ်ပါမည်။

ဆုံးဖြတ်ချက်စာ

သင်သည် FEMA ထံမှ ဆုံးဖြတ်ချက်စာတစ်စောင် လက်ခံရရှိမည်ဖြစ်ပြီး ၎င်းကို စာတိုက် သို့မဟုတ် အီးမေးလ်မှ သင်လျှောက်ထားချိန်က သတ်မှတ်သည့်အတိုင်း ရရှိပါမည်။ စာတွင် FEMA က သင့်အား အကူအညီအတွက် အကျုံးဝင်မှု ရှိမရှိကို ရှင်းပြမည်ဖြစ်ပြီး မည်မျှရရှိမည်၊ မည်သည့်နေရာများတွင် သုံးစွဲနိုင်သည် တို့ကို ဖော်ပြထားပါမည်။

အကယ်၍ စာတွင် သင်သည် အကျုံးမဝင်ဟု ဖော်ပြထားပါက ၎င်းသည် သင့်အား အကူအညီငြင်းပယ်သည်ဟု မဆိုလိုပါ။ စာတွင် ယင်းဆုံးဖြတ်ချက်ကို သဘောမတူပါက မည်သို့ အယူခံဝင်နိုင်ကြောင်း ရှင်းပြထားပါသည်။ ပိုမိုသိရှိရန် ဤနေရာသို့ ဝင်ကြည့်ပါ - How Do I Appeal the Final Decision? | FEMA.gov.

အကူအညီရနိုင်ပါသည်

ဤဖြစ်စဉ်၏ မည်သည့် အပိုင်းတွင်မဆို လူကိုယ်တိုင်၏ အကူအညီကို ရယူလိုပါက ကပ်ဘေးပြန်လည်နလံထူရေး ဌာနသို့ သွားပါ။ ၎င်းတွင် FEMA နှင့် SBA တို့မှ ကျွမ်းကျင်သူများက သိလိုသည်များကို ဖြေကြားပေးခြင်း၊ သင့်စာရွက်စာတမ်းများ ပေးပို့နိုင်ရန် ကူညီခြင်း၊ အယူခံဖြစ်စဉ်တွင် လမ်းညွှန်ပေးခြင်းတို့ ပြုလုပ်ပေးနိုင်ပါသည်။ ယင်းဌာနများသည် ကပ်ဘေးသင့်ဒေသများတွင် ဖွင့်လှစ်ထားပြီး သင့်အနီးအနားမှ ဌာနကို ရှာရန် ဤနေရာတွင် ဝင်ကြည့်ပါ- fema.gov/drc

အကယ်၍သင်သည် စိတ်ဖိစီးမှု ခံစားနေရပါက် အမေရိကန်ကျန်းမာရေးနှင့် ခန့်ခွဲရေးဌာန၏ ကပ်ဘေးစိတ်ဖိစီးမှု အကူအညီဖုန်းလိုင်း ၈၀၀-၉၈၅-၅၉၉၀  ကို ဆက်သွယ်နိုင်ပါသည်။ ၎င်းသည် အခမဲ့ဖြစ်ပြီး ဘာသာစကားစုံ ပံ့ပိုးရေးဌာနကလည်း ၂၄ နာရီနှင့် ၇ ရက်ပတ်လုံး ဖွင့်ထားပါသည်။ ဆေးစွဲခြင်းနှင့် စိတ်ကျန်းမာရေး ဝန်ဆောင်မှုဌာနက ၎င်းကိုဖွင့်လှစ်ထားခြင်း ဖြစ်သည်။ အမေရိကန်လက်ဟန်သုံး စကားပြောခြင်း အသုံးပြုသူများသည် အကူအညီနံပါတ်ကို ဗီဒီယိုဖုန်းဖြင့် ၈၀၀-၉၈၅-၅၉၉၀ ကို ဆက်၍သော်လည်းကောင်း၊ ဤ www.samhsa.gov/find-help/disaster-distress-helpline ဝဘ်ဆိုက် တွင် “ASL Now” (လက်ဟန်စကားပြော လိုသည်) ကိုရွေးချယ်၍ သော်လည်းကောင်း ဆက်သွယ်ပါ။ 

မည်သို့ လျှောက်ထားရမလဲ

အကယ်၍ သင်သည် ကလေဒိုးနီးယား၊ ချီတန်ဒန်၊ လာမိုးလီး၊ အောရိန်း၊ အော်လင်းစ်၊ ရုလန်၊ ဝါရှင်တန်၊ ဝင်ဟမ်နှင့် ဝင်ဆာတို့၌ နေထိုင်ပါပြီး ဗာမွန့်တွင် ဇူလိုင်လက ဖြစ်ပွားခဲ့သည့် ပြင်းထန်သည့်မုန်တိုင်းဒဏ်ခံရသူများ ဖြစ်ပါက FEMA သည် သင့်အတွက် ယာယီနေထိုင်စရိတ်၊ အခြေခံအိမ်ပြုပြင်ရန်နှင့် အခြား ကပ်ဘေးဆိုင်ရာ လိုအပ်ချက်များအတွက် ကူညီပေးနိုင်ပါသည်။ လျှောက်ထားရန်အတွက် DisasterAssistance.gov  သို့သွားပါ။ FEMA App ကို အက်ပဲစတိုး သို့မဟုတ် ဂူဂဲပေလေးစတိုးမှ ဒေါင်းလုဒ်လုပ်ပါ သို့မဟုတ် FEMA အား အခမဲ့ ၈၀၀-၆၂၁-၃၃၆၂ သို့ ဖုန်းခေါ်ပါ။ စကားပြန် ရနိုင်ပါသည်။ အကယ်၍သင်သည် ဗီဒီယိုထပ်ဆင့်ပို့ဝန်ဆောင်မှု (VRS)၊ ဖုန်းစာတန်းထိုး ဝန်ဆောင်မှု သို့မဟုတ် အခြား ထပ်ဆင့်ပို့သော ဝန်ဆောင်မှုကို သုံးပါက FEMA ထံလျှောက်ထားချိန်၌ ယင်းနံပါတ်ကို ပေးပါ။

သင်၏လိပ်စာသည် လက်ရှိ သတ်မှတ်ထားသော ကပ်ဘေးဒဏ်သင့်နေရာတွင် မဟုတ်သော်လည်း FEMA အကူအညီဖုန်းလိုင်း ၈၀၀-၆၂၁-၃၃၆၂ ကို ခေါ်ပြီး လျှောက်ထားနိုင်ပါသည်။ သင့်ကောင်တီကို သတ်မှတ်နေရာစာရင်းသွင်းလိုက်သည်နှင့် သင့်လျှောက်လွှာကို ဆောင်ရွက်ပါမည်။

လူကိုယ်တိုင်၏ အကူအညီရယူရန်အတွက် ကပ်ဘေးပြန်လည်နလံထူရေး ဌာနသို့ သွားပါ။ ၎င်းတွင် FEMA မှ ကျွမ်းကျင်သူများက လျှောက်လွှာတင်ရန် ကူညီပေးခြင်း၊ သိလိုသည်များကို ဖြေကြားပေးခြင်း၊ အခြားရင်းမြစ်များသို့ လမ်းညွှန်ပေးခြင်းတို့ ပြုလုပ်ပေးနိုင်ပါသည်။ သင့်အနီးအနားရှိ ဌာနကို ရှာရန် ဤနေရာတွင် ဝင်ကြည့်ပါ- fema.gov/drc

FEMA က အောက်ပါတို့ကို သင့်ထံမှ တောင်းခံပါမည်-

  • သင့်ကို ဆက်သွယ်နိုင်မည့် လက်ရှိဖုန်းနံပါတ်
  • ကပ်ဘေးကျချိန်က သင်၏ နေရပ်လိပ်စာ
  • ယခုလက်ရှိနေထိုင်သည့်နေရာ
  • သင်၏ လူမှုဖူလုံရေးနံပါတ်
  • အပျက်အစီး အဆုံးအရှုံး စာရင်း
  • ဘဏ်စာရင်းအချက်အလက် (သင့်ဘဏ်သို့ ငွေတိုက်ရိုက်ထည့်ရန် ရွေးချယ်ပါက)
  • အာမခံ ရှိပါက သင့်အာမခံပေါ်လစီနံပါတ်၊ အေးဂျင့် နှင့်/သို့မဟုတ် အာမခံကုမ္ပဏီ။

FEMA ကပ်ဘေးသင့်သူများအတွက် အကူအညီအဖွဲ့သည် အသိုင်းအဝိုင်းအတွင်းရှိ အိမ်များကို ပြည်နယ်တစ်ခုလုံးတွင် သွားရောက်ပြီး နေထိုင်သူများအား အကူအညီလျှောက်ထားရန် ကူညီပါမည်။ သူတို့ ကူညီနိုင်သည်များနှင့် လိမ်ညာသူများမှ ခွဲခြားသိနိုင်သည့် နည်းများကို လေ့လာရန် FEMA Disaster Survivor Assistance Crews Support Vermont Communities | FEMA.gov သို့သွားပါ။ 

မည်သို့လျှောက်ထားနိုင်ကြောင်း ကြည့်ရှုရန် ယူကျူ့တွင် ကြည့်ပါ - FEMA Accessible: Three Ways to Register for FEMA Disaster Assistance - YouTube

ဗာမွန့်ပြန်လည်ထူထောင်ရေးမှ နောက်ဆုံးအချက်အလက်များ သိနိုင်ရန် fema.gov/disaster/4720. သို့သွားပါ။ FEMA ဒေသ ၁ အကောင့်ကို တွစ်တာ၌  twitter.com/FEMARegion1 နှင့် ဖေ့ဘွတ်၌ facebook.com/FEMA. တွင် လိုက်ကြည့်ပါ။ 

ဗာမွန့် အရေးပေါ်စီမံခန့်ခွဲရေး အေဂျင်စီကို တွစ်တာတွင် twitter.com/vemvt နှင့် ဖေ့ဘွတ်တွင် facebook.com/VermontEmergencyManagement တို့၌ လိုက်ကြည့်ပါ။

သဘာဝကပ်ဘေးအတွက် အကူအညီများသည် သာတူညီမျှဖြစ်ရန်၊ လူမျိုး၊ အသားအရောင်၊ နိုင်ငံသား၊ လိင်၊ အသက်၊ မသန်စွမ်းဖြစ်မှု၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်မှု သို့မဟုတ် စီးပွားရေးအခြေအနေတို့အပေါ် အခြေခံပြီး ခွဲခြားမှုမရှိဘဲ အကူအညီရယူနိုင်ရန် FEMA ကဆောင်ရွက်နေပါသည်။ သဘာဝဘေးဒဏ် ခံရသူတိုင်း သို့မဟုတ် ပြည်သူတိုင်းသည် ၎င်းတို့အား ခွဲခြားဆက်ဆံခံရသည်ဟု ယူဆပါက FEMA လူထုအခွင့်အရေးရုံးသို့ ဆက်သွယ်နိုင်ပါသည်။ FEMA ၏ လူထုအခွင့်အရေးရုံးထံ ၈၃၃-၂၈၅-၇၄၄၈ သို့ အခမဲ့ ဖုန်းခေါ်နိုင်ပါသည်။ ဘာသာစုံပြောဆိုသူများက ဖုန်းကို ဖြေကြားပေးနိုင်ပါသည်။

Tags:
နောက်ဆုံးအချက်အလက်