ဇူလိုင် 29-31 ရက်အတွင်း ဖြစ်ပေါ်ခဲ့သော မုန်တိုင်းများအတွက် ဗားမောင့်ပြည်နယ်ပြန်လည်ထူထောင်ရေး

Release Date:
အောက်တိုဘာလ 3, 2024

သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကူအညီကိုလျှောက်ထားရန် နည်းလမ်း

သင်သည် 2024 ခုနှစ်၊ ဇူလိုင် 29-31 ရက်နေ့အတွင်းဖြစ်ပွားခဲ့သည့်ပြင်းထန်သော မုန်တိုင်းများ၊ ရေကြီးမှု၊ မြေပြိုခြင်းများနှင့် ရွှံ့နွံပြိုကျခြင်းများကြောင့် ထိခိုက်ပျက်စီးမှု သို့မဟုတ် ဆုံးရှုံးမှုဒဏ်ကို ခံခဲ့ရပါက FEMA က သင့်အား ကူညီပေးနိုင်လောက်ပါသည်။ သင်သည် နေအိမ်စွန့်ခွာထွက်ပြေးရခြင်း၊ အရေးတစ်ကြီးလိုအပ်ချက်များရှိနေခြင်း၊ ယာယီနေရာထိုင်ခင်းလိုအပ်နေခြင်း၊ အိမ်ကို သာမန်ကာလျှံကာပြင်ဆင်မှုများပြုလုပ်ရန် လိုနေခြင်း၊ ကိုယ်ပိုင်ပစ္စည်းများဆုံးရှုံးခြင်းနှင့် သဘာဝဘေးအန္တရာယ်နှင့် ဆက်နွှယ်နေသော်လည်း အာမခံနှင့် အကျုံးမဝင်သော အခြားသော ကုန်ကျစရိတ်များအတွက် ထောက်ပံ့ကြေးလျှောက်ထားရန် သတ်မှတ်ချက်ပြည့်မီနိုင်ပါသည်။ လူတစ်ဦးချင်း ထောက်ပံ့ကြေးလျှောက်ထားရန် နောက်ဆုံးသတ်မှတ်ရက်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်နေ့ဖြစ်ပါသည်

ဇူလိုင်လ 29-31 ရက်နေ့အတွင်းဖြစ်ပွားခဲ့သော မုန်တိုင်းများကြောင့် ပေးအပ်သည့် FEMA လူတစ်ဦးချင်း ထောက်ပံ့ကြေးအစီအစဉ်များသည်   ကယ်လီဒိုးနီးယား၊ အက်ဆက်က်စ်နှင့် အော်လင်းစ် ကောင်တီများမှ အိမ်ပိုင်ရှင်များ၊ အိမ်ငှားများနှင့်သာ အကျုံးဝင်ပါမည်။ FEMA ထောက်ပံ့ကြေးကို လျှောက်ထားနိုင်သည့် နည်းလမ်းများစွာရှိပါသည်။

အမြန်ဆုံးလျှောက်ထားနိုင်သည့် နည်းလမ်းမှာ DisasterAssistance.govသို့ သွားရောက်ခြင်းဖြစ်ပါသည်။ မိုဘိုင်းစက်များအတွက် FEMA အက်ပ် ကို သုံး၍လျှောက်ထားနိုင်သည် သို့မဟုတ် အခမဲ့ဖုန်းနံပါတ် 800-621-3362 သို့ ခေါ်ဆိုလျှောက်ထားနိုင်ပါသည်။ တယ်လီဖုန်းလိုင်းကို နေ့တိုင်းဖွင့်ထားပြီး အကူအညီကို ဘာသာစကားအများစုဖြင့် ရနိုင်ပါသည်။ VRS ကဲ့သို့သော ထပ်ဆင့်လွှင့်ဝန်ဆောင်မှု၊ တယ်လီဖုန်းဝန်ဆောင်မှု သို့မဟုတ် အခြားဝန်ဆောင်မှုများကို အသုံးပြုမည်ဆိုပါက အဆိုပါဝန်ဆောင်မှုဖုန်းနံပါတ်များကို FEMA သို့ ပေးထားပါ။ သဘာဝဘေးပြန်လည်ထူထောင်ရေးဌာန (Disaster Recovery Center, DRC) သို့ သွားရောက်နိုင်သလို FEMA ကိုယ်စားလှယ်ကလည်း လျှောက်လွှာတင်ခြင်းလုပ်ငန်းစဉ်မှတစ်ဆင့် သင့်အား လမ်းညွှန်ပေးမည်ဖြစ်သည်။ DRCs နှင့်ပတ်သက်သော နောက်ထပ်အချက်အလက်များအတွက် fema.gov/drc တွင် ဝင်ရောက်ကြည့်ရှုပါ။

လျှောက်လွှာတင်ရန် နည်းလမ်းနှင့် စပ်လျဉ်းသည့် ဗီဒီယိုများကို ကြည့်ရှုရန် FEMA Accessible: Registering for Individual Assistance (youtube.com)သို့ သွားရောက်ပါ။

FEMA အကျိုးခံစားခွင့်အသစ်များ

  • အရေးတစ်ကြီးလိုအပ်နေသည့် အကူအညီ- ရေ၊ အစားအသောက်၊၊ ရှေးဦးသူနာပြုစုမှု၊ ဆရာဝန်ညွှန်ကြားသည့်အတိုင်းသောက်ရသည့် ဆေးများ၊ ကလေးနို့မှုန့်၊ မိခင်နို့တိုက်ကျွေးရန်အတွက် လိုအပ်သည့် ပစ္စည်းများ၊ သေးခံများ၊ သောက်ဆေးများနှင့် ဖြည့်စွက်စာများ၊ တာရှည်ခံ ဆေးပစ္စည်းကိရိယာများ၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းများနှင့် သယ်ယူပို့ဆောင်ရေးအတွက် လောင်စာများအပါအဝင် မရှိမဖြစ်လိုအပ်နေသည့် ပစ္စည်းများအတွက် ပေးချေမှုအတွက် ကူညီပေးရန် တစ်အိမ်ထောင်လျှင် ထောက်ပံ့ကြေး $750 ကို တစ်လုံးတစ်ခဲတည်း ပေးအပ်ပါမည်။
  • နေအိမ်စွန့်ခွာထွက်ပြေးခဲ့သူများအတွက် ထောက်ပံ့ကြေး- ဘေးအန္တရာယ်ကြောင့် သင့်အိမ်သို့ပြန်မသွားနိုင်ပါက လက်ငင်းနေထိုင်ရန် အိမ်ရာလိုအပ်ချက်များအတွက် ထောက်ပံ့ကြေးငွေ။ အဆိုပါငွေကို ဟိုတယ်တွင် မိသားစု၊ သူငယ်ချင်းများနှင့်အတူ တည်းခိုရန်၊ သို့မဟုတ် သင်အငှားယူနစ်ကို ရှာဖွေနေစဉ်တွင် အခြားရွေးချယ်စရာများကို အသုံးပြုနိုင်သည်။

သင်၏ FEMA စာကို နားလည်သဘောပေါက်ခြင်း

သင်သည် FEMA ထောက်ပံ့ကြေးကို ဇူလိုင် 29-31 ရက်နေ့နောက်ပိုင်းမှ လျှောက်ထားခဲ့ခြင်းဖြစ်ပါက FEMA ထံမှ သတ်မှတ်ချက်ပြည့်မီကြောင်း အကြောင်းကြားစာကို စာတိုက်မှဖြစ်စေ သို့မဟုတ် အီးမေးလ်မှဖြစ်စေ လက်ခံရရှိပါမည်။ သင့်လျှောက်လွှာအခြေအနေအကြောင်းနှင့် တုံ့ပြန်အဖြေပေးရန် နည်းလမ်းကို စာထဲတွင် ရှင်းပြထားပါမည်။ ထောက်ပံ့ကြေးလျှောက်လွှာကို ဆက်လက်ဆောင်ရွက်ရန်အတွက် ထပ်ဆောင်းအချက်အလက် သို့မဟုတ် ပံ့ပိုးပေးသည့် စာတမ်းအထောက်အထားကို သင့်ဘက်က တင်ပြရန် လိုပါသည်။ သင့်စာနှင့်စပ်လျဉ်းပြီး မေးမြန်းလိုပါက သို့မဟုတ် ကနဦးဆုံးဖြတ်ချက်ကို လက်မခံပါက သဘာဝဘေးပြန်လည်ထူထောင်ရေးဌာန သို့ သွားရောက်ပါ သို့မဟုတ် FEMA လိုအပ်သည့် အချက်အလက်ကို သိရှိရရန် ဘေးအန္တရာယ်ဆိုင်ရာ အကူအညီဖုန်းလိုင်း- 800-621-3362 သို့ ခေါ်ဆိုပေးပါ။

သဘာဝဘေးပြန်လည်ထူထောင်ရေးဌာနများ

  • ကယ်လီဒိုးနီးယားကောင်တီ- Lyndonville Public Safety Facility, 316 Main St. Lyndon, VT 05851
  • အက်ဆက်စ်ကောင်တီ- Brighton Town Hall Gym, 49 Mill Street, Island Pond, VT 05846

 2024 ခုနှစ်၊ ဇူလိုင် 9-11 ရက်နေ့ရလဒ်အဖြစ် ဖွင့်ခဲ့သည့် DRC ဌာနများသို့လည်း သွားရောက်နိုင်ပါသည်။

  • ချစ်တန်ဒန် ကောင်တီ- Waterbury Armory, 294 Armory Blvd, Waterbury, VT 05676
  • ဝါရှင်တန်ကောင်တီ- Hinesburg Town Hall, 10632 Route 116, Hinesburg VT 10191

 

အထောက်အကူပြု နည်းပညာသုံး စက်ပစ္စည်းများတပ်ဆင်ပေးထားသည့် အဆိုပါဌာနအားလုံးသို့ မသန်စွမ်းသူများနှင့် လှုပ်ရှားသွားလာနေထိုင်ရန် လိုအပ်ချက်များရှိနေသူများသွားရောက်နိုင်ပါသည်။ နေရာထိုင်ခင်း သို့မဟုတ် ခြေဟန်လက်ဟန်ဘာသာစကားအတွက် သင့်တော်သည့် စကားပြန်တစ်ဦးလိုအပ်ပါက 1-833-285-7448 သို့ ခေါ်ဆိုပါ (စပိန်ဘာသာစကားအတွက် 2 ကို နှိပ်ပါ သို့မဟုတ် အခြားဘာသာစကားများအတွက် 3 ကို နှိပ်ပါ)။

သဘာဝဘေးအန္တရာယ်အတွက် အတိုးနည်း ချေးငွေများ

အိမ်ပိုင်ရှင်များ၊ အိမ်ငှားများ၊ စီးပွားရေးလုပ်ငန်းများနှင့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းများအတွက် အာမခံကုမ္ပဏီများနှင့် အခြားရင်းမြစ်များက အပြည့်အဝပေးချေခြင်းမရှိသည့် ဆုံးရှုံးမှုများကို ကာမိစေမည့် အတိုးနည်း ချေးငွေများကို အမေရိကန်ပြည်ထောင်စု အသေးစားလုပ်ငန်းများဦးစီးဌာန (Small Business Administration, SBA) က ပံ့ပိုးပေးနေပါသည်။ SBA.gov/disasterဝဘ်ဆိုက်တွင်လည်း လျှောက်ထားနိုင်ပါသည်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ချေးငွေအချက်အလက်ကို SBA ၏ ဖောက်သည်ဝန်ဆောင်မှုစင်တာဖုန်းနံပါတ်- 800-659-2955 သို့ ခေါ်ဆိုပါ သို့မဟုတ် disastercustomerservice@sba.gov. သို့ အီးမေးလ်ပို့ပါ။

ထပ်ဆောင်းအရင်းအမြစ်များ

  • ဇူလိုင်လ 29-31 ရက်နေ့များက ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်ကြောင့် အလုပ်အကိုင်ဆုံးရှုံးခဲ့ရသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဗားမောင့်ပြည်နယ်သားများသည် ကပ်ဘေးကြောင့် အလုပ်လက်မဲ့ဖြစ်ခြင်းအတွက် ထောက်ပံ့ကြေးကို ရရှိနိုင်ပါသည်။ သတ်မှတ်ချက်ပြည့်မီသည့် ပြည်နယ်သားများသည် https://labor.vermont.gov/dua တွင် လျှောက်ထားနိုင်ပါသည်။
  • ဗားမောင့်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ခံခဲ့ရသည့် လယ်ယာလုပ်ကိုင်သူများသည် USDA သဘာဝဘေးအန္တရာယ်ကြေညာချက် (USDA Disaster Declaration) မှတစ်ဆင့် ပံ့ပိုးပေးအပ်သည့် နောက်ထပ်အချက်အလက်များအတွက် www.farmers.gov/recover သို့ သွားရောက်ပါ။
  • ဒေသတွင်းနှင့် ပြည်နယ်တွင်းဆိုင်ရာ နောက်ထပ်ရင်းမြစ်များအတွက်  Vermont Emergency Managementသို့ သွားရောက်ပါ

လိမ်လည်မှုကို သတိထားပါ

ဇူလိုင်လ 29-31 ရက်နေ့များက ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်ဒဏ်ခံခဲ့ရသည့် နယ်မြေများအတွင်း လုပ်ကိုင်နေသည့် FEMA အမှုထမ်းများသည် ၎င်းတို့၏ဓာတ်ပုံပါရှိသည့် တရားဝင်သက်သေခံကတ်ပြားကို ဆောင်ထားပါသည်။ FEMA ကိုယ်စားလှယ်များသည် သဘာဝဘေးအန္တရာယ်ထောက်ပံ့ကြေးလျှောက်ထားသူများ၏ဖောင်များကို စစ်ဆေးခြင်း သို့မဟုတ် ဖောင်ဖြည့်ရာတွင် ကူညီပေးရခြင်းများအတွက် မည်သည့်အခါတွင်မှ အခကြေးငွေကောက်ခံမည်မဟုတ်ပါ။ ၎င်းတို့ဘက်က အခမဲ့ဝန်ဆောင်ပေးခြင်းဖြစ်ပါသည်။ အခကြေးငွေပေးပါက သဘာဝဘေးအန္တရာယ်ထောက်ပံ့ကြေးချပေးမည်ဟု ကတိပေးသူများအား မယုံကြည်မိပါစေနှင့်။ FEMA စစ်ဆေးရေးမှူးဟုဆိုပြီး သင့်ဘဏ်အချက်အလက်ကို တောင်းဆိုလာသူကိုလည်း အချက်အလက်မပေးပါနှင့်။ သင့်ငွေကြေးဆိုင်ရာ အချက်အလက်အား ကောက်ခံပိုင်ခွင့်ကို FEMA စစ်ဆေးရေးမှူးများ အား မည်သည့်အခါကမှ ပေးအပ်ထားခြင်းမရှိပါ။ သင်သည် အွန်လိုင်းလိမ်လည်မှုသားကောင်ဖြစ်ပြီဟု ယုံကြည်ပါက သင့်ဒေသတွင်း ရဲဌာန သို့မဟုတ် အုပ်ချုပ်ရေးမှူးရုံးခန်းသို့ ချက်ချင်းတိုင်ကြားပါ။

Tags:
နောက်ဆုံးသတင်း