လူမှုအသိုင်းအဝိုင်းများ ပိုမိုအားကောင်းလာစေရန် ကူညီ ဆောင်ရွက်ပေးသည့် ကတိကဝတ်၏ တစ်စိတ်တစ်ဒေသအနေဖြင့် FEMA သည် သမ္မတက သဘာဝဘေးအန္တရာယ်ကြီးဟု ကြေညာချက်နှင့်အတူ Robert T. Stafford ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အထောက်အပံ့ပေးရေးနှင့် အရေးပေါ်ကူညီမှုဥပဒေ 1 (Stafford ဥပဒေ) ကခွင့်ပြုထားသည့်အတိုင်း နေအိမ်များကို ပိုမိုခိုင်ခံ့အောင် ပြုပြင်ရန် သို့မဟုတ် အသစ်ပြန်ဆောက်ရာတွင် ကူညီရန် FEMAက သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသော အိမ်ပိုင်ရှင်များကို အကူအညီပေးပါသည်။
တောမီးကြောင့် ပျက်စီးဆုံးရှုံးမှုများကြုံရပြီး တစ်ဦးချင်းနှင့်အိမ်ထောင်စုများ အစီအစဉ် (IHP) အိမ်ပြုပြင်ရေးအကူအညီအတွက် အရည်အချင်း ပြည့်မီသော အိမ်ပိုင်ရှင်များသည် ၎င်းတို့၏ နေအိမ် ပျက်စီးဆုံးရှုံးမှုအကြောင်းရင်းနှင့် ပျက်စီးသည့် ပမာဏ အပေါ် အခြေခံ၍ အထူးဘေးကင်းစေရေး အစီ အမံများလုပ်ရန်အတွက် အပိုထောက်ပံငွေများပါ ရရှိ နိုင်ပါ သည်။ အထူးဘေးကင်းစေရေးအစီအမံများတွင်-
လေမုန်တိုင်းကြောင့်၊ လေဆင်နှာမောင်း2ကြောင့် ပျက်စီးသွားသော အိမ်ပိုင်ရှင်များသည် အောက်ပါတို့အတွက် ထောက်ပံ့ငွေများ ရရှိနိုင်ပါသည်။
- မြင့်မားသော လေတိုက်နှုန်းကို ခံနိုင်ရည် ရှိရန်နှင့်ရေစိမ့်ဝင်မှုမှ ကာကွယ်ရန် အိမ်ခေါင်မိုးပြုပြင်ခြင်း။
ရေဘေး3 ကြောင့် ပျက်စီးသွားသော အိမ်ပိုင်ရှင် များသည် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီပါက အောက်ပါတို့အတွက် ထောက်ပံ့ငွေများ ရရှိနိုင်ပါသည်။
- မြင့်မားသောလေတိုက်နှုန်းကိုခံနိုင်ရည်ရှိရန်နှင့်ရေစိမ့်ဝင်မှုမှကာကွယ်ရန်အိမ်ခေါင်မိုးပြုပြင်ခြင်း။
- နောင် အနာဂတ်တွင်ရေကြီးမှုကြောင့် ထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ရန် ရေအပူပေးစက် သို့မဟုတ် အပူပေးစက်ကို အမြင့်တွင်မြှင့်တင်ထားခြင်း။
- နောင်အနာဂတ်တွင်ရေကြီးမှုကြောင့်ထိခိုက် ပျက်စီးခြင်းမှကာကွယ်ရန်လျှပ်စစ်မီတာဘောက် ကိုအမြင့်တွင်မြှင့်တင်ထားခြင်း။
တောမီး4 မှ ကျပ်ခိုးနှင့် ပြာများကြောင့် ထိခိုက်ပျက်စီးသွားသော အိမ်ပိုင်ရှင်များသည် အောက်ပါတို့အတွက် ထောက်ပံ့ငွေများ ရရှိနိုင်ပါသည်။
- မီးလောင်ပျက်စီးမှုမှကာကွယ်ရန် ထပ်ခိုးပေါက်များ၊ တွားသွားပေါက်များ နှင့် ကြမ်းပြင်အောက်ရှိ အကွက်များတွင် လေဝင်လေထွက်ပေါက်များကို ဖုံးအုပ်ခြင်း။
- ီးလောင်ပျက်စီးခြင်းမှ ကာကွယ်ရန် မီးလောင်မှု မဖြစ်နိုင်သော ရေတံလျှောက် များနှင့် သစ်ရွက်အကာများ တပ်ဆင်ခြင်း။
၎င်းတိုကို ထောက်ပံ့ငွေပေးအပ်ကြောင်းစာကို လက်ခံရရှိပြီးနောက်၊ အိမ်ပြုပြင်မှုများအတွက် အပိုငွေရရှိသော လျှောက်ထားသူများသည် နောင်တွင် အိမ်ကို ထိခိုက်ပျက်စီးမှုကနေ ကာကွယ် အောင် ဘေးကင်းစေရေးကြိုတင်အစီအမံများကို ရှင်းပြထားသည့် နောက်ဆက်တွဲစာတစ်စောင်ကို လက်ခံရရှိမည်ဖြစ်ည်။ ဘေးကင်းစေရေးကြိုတင်အစီအမံများအတွက်ထောက်ပံ့ငွေအပါအဝင် အိမ်ပြုပြင်ရေးအကူအညီအတွက် Stafford ဥပဒေကန့်သတ်ချက်အရ ၂၀၂၂ ဘဏ္ဍာနှစ်ရေးနှစ်အတွက် သတ်မှတ်ထားသောငွေမှာ အမေရိကန်ဒေါ်လာ ၃၇၉၀၀ ဖြစ်သည်။ ဘေးကင်းစေရေးကြိုတင်အစီအမံများအတွက်အကူအညီသည် အကန့်အသတ်ရှိပြီး သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက် မပျက်စီးမီ ပကတိအကောင်းအတိုင်း ရှိနေသည့် အိမ်၏အစိတ်အပိုင်းများအတွက်သာထောက်ပံ့ပေးမည်ဖြစ်သည်။
အိမ်ခေါင်မိုးပျက်စီးမှုမှကြိုတင်ကာကွယ်ခြင်း
- ကတ္တရာခင်းအမိုးပြားများအတွက်၊ FEMA သည် ထိခိုက်မိထားသော သို့မဟုတ် ပျက်စီးနေသော အမိုးပြားများကို လေတိုက်နှုန်း တစ်နာရီလျှင် ၁၁၆မိုင်အထိ ခံနိုင်ရည်ရှိအောင်လုပ်ထားသောအမိုးပြားများဖြင့် အစားထိုးရန် အကြံပြုထားသည်။
- အိမ်အမိုး ပြုပြင်ရန် ထောက်ပံ့ငွေရရှိသည့် ကတ္တရာခင်း အိမ်အမိုး အိမ်ပိုင်ရှင်များသည် မိမိတို့အိမ်အမိုးပြားများသည် လေဒဏ် ခံနိုင်ရည်ရှိရန်အတွက် ATSM5D7158 နှင့် ကိုက်ညီမှုရှိသည်ဟု တံဆိပ်တပ်ထားသော အိမ်အမိုးပြားအထုပ်များဟုတ်မဟုတ် စိစစ်သင့်ပါသည်။
- လေနှင့်ရေဒဏ်ကြောင့်ထိခိုက်ပျက်စီးမှုကိုလျော့ပါးသက်သာစေမည့် အိမ်ခေါင်မိုး ပြုပြင်မှုနည်းပညာဆိုင်ရာ နောက်ထပ် အချက်အလက်များအတွက် "Hurricane Michael ပြန်လည်ထူထောင်ရေးအကြံပေး ၂ (၂၀၁၉)၊လေတိုက်ခြင်းနှင့် ရေဝင်ရောက်မှုပျက်စီးခြင်းအတွက်အကောင်းဆုံးအလေ့အကျင့်ကို ဖတ်ရှုပါ။"
- အိမ်ခေါင်မိုးအကြီးအကျယ်ပျက်စီးထိခိုက်မှုအတွက်ထောက်ပံ့ငွေများတွင် အမိုးပြားများကိုမလဲခင် အိမ်ထဲသို့ရေစိမ့်ပျက်စီးထိခိုက်မှုကိုကာကွယ်ရန် ရော်ဘာအခင်း နှင့် ထူထဲသော အိမ်သုံးပစ္စည်းများ၏ ကုန်ကျစရိတ်ကို လည်း ထည့်ပေးနိုင်သည်။
- အမိုးပြားမဟုတ်သော အိမ်ခေါင်မိုးများအတွက် သက်ဆိုင်ရာ ပထဝီဝင်အနေအထားအလိုက် သဘာဝဘေး အန္တရာယ်များကိုကာကွယ်ပေးနိုင်ပြီး အိမ်ခေါင်မိုး၏ ကာကွယ်စွမ်းကို ပို၍ မြှင့်တင်ပေးသော ဒီဇိုင်းနှင့် တပ်ဆင်မှုနည်းပညာများအတွက် ထောက်ပံ့ငွေများကို အသုံးပြုနိုင်ပါသည်။
အိမ်အပူပေးစက်နှင့်ရေအပူပေးစက် ဘေးကင်းရေးအစီအမံများ
- အိမ်အပူပေးစက် သို့မဟုတ် ရေအပူပေးစက်ကို ကြမ်းပြင်၏ အထက်မှာထားခြင်းသည် နောင် အနာဂတ်ရေကြီးလျှင်ထိခိုက်ပျက်စီးနိုင်ခြေက လျှော့ချနိုင်မည်။
- ဘောင်ခတ်ထားသောခြံတခုပေါ်မှာ ထိခိုက်ပျက်စီးနေသော သို့မဟုတ် ဖျက်စီးခံထားရသည့် အိမ် အပူပေးစက် သို့မဟုတ် ရေအပူပေးစက်ကို အမြင့်မှာမြှင့်တင်ပြီးထားရန် FEMA က အကြံပြုထားသည်။
- အိမ် အပူပေးစက် သို့မဟုတ် ရေ အပူပေးစက်ကို အမြင့်သို့မြှင့်တင်ခြင်းမပြုမီ၊ အဆိုပါပစ္စည်းများ၏ အမြင့်ကို ကန့်သတ်ထားခြင်းရှိ၊ မရှိ သိရှိရန် ၎င်းတို့၏ ဒေသခံ ဓာတ်ငွေ့၊ရေ၊မီးပေးသည့်ကုမ္ပဏီနှင့် အိမ်ပိုင်ရှင်များသည် စစ်ဆေးသင့်ပါသည်။
- အနာဂတ်တွင် ရေကြီးပြီး ပျက်စီး ထိခိုက်မှုကိုလျှော့ချရန် အိမ်အပူပေးစက် သို့မဟုတ် ရေအပူပေးစက်ကို အမြင့်သို့ မြှင့်တင်ခြင်းဆိုင်ရာ နည်းစနစ်ဆိုင်ရာ နောက်ထပ်အချက်အလက်များအတွက်၊ ကျေးဇူးပြုပြီး FEMA ထုတ်ဝေရေး ၃၁၂. ပြန်လည်မွမ်းမံခြင်းအတွက် အိမ်ရှင်များလိုက်နာရမည့်လမ်းညွန် တတိယအကြိမ် (၂၀၁၄), အခန်း ၉ လျှပ်စစ်ကရိယာများကိုကာကွယ်ခြင်း ကိုဝင်ရောက်ကြည့်ရှုပါ။
အိမ်၏ အဓိက လျှပ်စစ်ဓာတ်အားမီတာဘောက်ကို ဘေးကင်းစေရေး အစီအမံများ
- လျှပ်စစ်မီတာဘောက်များကို အမြင့်ကိုမြင့်တင်ထားခြင်း သို့မဟုတ် နေရာရွှေ့ပြောင်းထားခြင်းသည်နောင်အနာဂတ်ရေကြီးသည့်အခါ ပျက်စီးနိုင်ခြေကို လျှော့ချပေးနိုင်သည်။
- ဓာတ်ငွေ့၊ရေ၊မီးပေးသည့်ကုမ္ပဏီမှသတ်မှတ်ချက်များနှင့် နိုင်ငံတော်အဆင့်လျှပ်စစ်ဆိုင်ရာ သတ်မှတ်ချက်များ သည် လျှပ်စစ် ဝန်ဆောင်မှုကိရိယာများ တည်ရှိရမည့် နေရာကို ကန့်သတ်ပေးထားသည်။ လျှပ်စစ်မီတာဘောက်ကိုအမြင့်သို့ မြှင့်တင်ခြင်းမပြုမီ၊ အိမ်ပိုင်ရှင်များသည် အမြင့်ပေ သို့မဟုတ် မီတာဘောက် ပြောင်းရွှေ့နေရာချထားခြင်းအတွက် ကုမွဏီမှသတ်မှတ်ချက်များရှိမရှိ သိရှိနိုင်ရန် ၎င်းတို့၏ ဒေသခံ ဓာတ်ငွေ့၊ရေ၊မီးပေးသည့်ကုမ္ပဏီနှင့် စစ်ဆေးသင့်ပါသည်။
- လျှပ်စစ်စနစ်များ ရွှေ့ပြောင်းခြင်းဆိုင်ရာ အချက်အလက်များ ပိုမိုသိရှိလိုပါက FEMA ထုတ်ဝေရေး ၃၁၂. ပြန်လည်မွမ်းမံခြင်းအတွက် အိမ်ရှင်များလိုက်နာရမည့်လမ်းညွန် တတိယအကြိမ် (၂၀၁၄), အခန်း ၉ လျှပ်စစ်ကရိယာများကိုကာကွယ်ခြင်း ကိုကြည့်ရှုပါ။
လေဝင်လေထွက်ပေါက်များ မျက်နှာပြင်ဘေးကင်းစေရေး အစီအမံများ
- ထပ်ခိုးရှိလေဝင်လေထွက်ပေါက်များ၊ အိမ်အောက်လေးဘက်ဝင်ရသောနေရာတွင်ရှိသည့် လေဝင်လေထွက်ပေါက်များ နှင့် အိမ်မြေညီထပ်ရှိလေဝင်လေထွက်ပေါက်များကို ဖုံးအုပ်ထားခြင်းဖြင့် အိမ်အတွင်းပိုင်း သို့ မီးခိုးများ ဝင်ရောက်ခြင်းနှင့် မီးကူးစက်ခြင်းမှ ကာကွယ်နိုင်ပါသည်။
- FEMA သည် လေဝင်လေထွက် အပေါက်များ တွင် မျက်နှာပြင်များမရှိလျှင် သို့မဟုတ် လက်ရှိမျက်နှာပြင် အဖွင့်များသည် ¼ လက်မထက် ပိုကြီးပါက၊ ကြမ်းပြင်အောက် ရှိ အပေါက်များ သို့မဟုတ် လေဝင်ပေါက် များတွင် မျက်နှာပြင်များတပ်ဆင်ရန် အကြံပြုထားသည်။
- လေဝင်လေထွက် မျက်နှာပြင်များ တပ်ဆင်ခြင်းဆိုင်ရာ နောက်ထပ် အချက်အလက်များအတွက်၊ တပ်ဆင်ခြင်းဆိုင်ရာ နောက်ထပ်အချက်အလက်များအတွက် FEMA အချက်အလက်စာရွက် : အိမ်ဆောက်သူများ၏ တောမီးဇုန်တွင် ဆောက်လုပ်ရေး လမ်းညွန်၊ လေဝင်လေထွက်ပေါက်များ ကိုကြည့်ရှုပါ။
အိမ်အကာအရံများ ဘေးကင်းရေး အစီအမံများ
- မီးဒဏ်ခံနိုင်သည့် ရေတံလျှောက်များတွင် သတ္တုကွက်အဖုံးများ သို့မဟုတ် သတ္တုပြားများဖြင့်ကာခြင်းသည် ရေတံလျှောက်အတွင်းရှိ သစ်ရွက်များ သို့မဟုတ် အစအနများကို မီးမလောင်စေရန် ကူညီပေးပါသည်။
- မီးဒဏ်ခံနိုင်သော ရေတံလျှောက်များနှင့် သစ်ရွက်များ မီးမလောင်အောင် ရေတံလျှောက်များ တပ်ဆင်ခြင်းဆိုင်ရာ နောက်ထပ်အချက်အလက်များအတွက် FEMA အချက်အလက်စာရွက် : အိမ်ဆောက်သူများ၏ တောမီးဇုန်တွင် ဆောက်လုပ်ရေး လမ်းညွန်၊ ရေတံလျှောက်များ။ ရေပိုက်များ ကို ကြည့်ရှုပါ၊
ပြည်နယ်၊ နယ်မြေ၊ လူမျိုးစုနှင့် ဒေသဆိုင်ရာ အစိုးရများ၏ဘေးကင်းစေရေးအစီအမံ သတ်မှတ် လိုအပ်ချက်များသည် FEMA ၏ လမ်းညွှန်မှုနှင့် အကြံပြုချက်များနှင့် ကွဲပြားခြားနားနိုင်ပါသည်။ ထို့ကြောင့်၊ အိမ်ပြုပြင်ရာတွင်ဘေးကင်းစေရေး အစီအမံများမလုပ်ခင်မှာ အိမ်ပိုင်ရှင်များသည် ပြည်နယ်၊ နယ်မြေ၊ မျိုးနွယ်စုနှင့် ဒေသဆိုင်ရာများ၏ သတ်မှတ်လိုအပ်ချက်များအားလုံးနှင့်ကိုက်ညီမှုရှိအောင် ၎င်းတို့၏ ဒေသဆိုင်ရာ အဆောက်အအုံဌာနများနှင့် သေချာ စစ်ဆေး လုပ်ဆောင်သင့်သည်။ အိမ်ထိခိုက်ပျက်စီးမှုသည် ရေကြီးမှုကြောင့်ဖြစ်ပါက သင်၏ ဒေသ လူမှုအသိုင်းအဝိုင်းသည် နိုင်ငံတော်ရေကြီးရေလျှံမှု အာမခံအစီအစဉ်တွင် ပါဝင်ပါက၊ အိမ် အမျိုးအစားနှင့် ဒေသပထဝီအနေအထားအလိုက် ရေလွှမ်းမိုးမှုလျော့ပါးရေးအစီအမံများအကြောင်း ပိုမိုသိရှိရန် အိမ်ပိုင်ရှင်များသည် ရေလွှမ်းမိုးမှု ဒေသ ဆောက်လုပ်ရေးဆိုင်ရာ အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်သင့်သည်။
လျှောက်ထားသူများသည် ၎င်းတို့၏ ဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ သို့မဟုတ် အခြားသော IHP အထောက်အပံ့နှင့် ပတ်သက်သည့် မေးခွန်းများရှိပါက FEMA Helpline 800-621-3362 သို့ ဆက်သွယ်နိုင်ပါသည်။
ထပ်ဆောင်းမှတ်စုများ
- ၁.ပုဒ်မ ၄၀၈ (ဂ)(၂)(က)(၂)။
- ၂. ဘေးကင်းစေရေး အစီအမံများသည် ၂၀၂၁ ခုနှစ် မေလ ၂၆ ရက်နေ့ သို့မဟုတ် ထို့နောက်ပိုင်း ကြေညာထားသော သဘာဝဘေးအန္တရာယ်များ အတွက်သက်ရောက်မှုရှိသည်။
- ၃. ဘေးကင်းစေရေးအစီအမံများသည် ၂၀၂၁ ခုနှစ် မေလ ၂၆ ရက်နေ့ သို့မဟုတ် ထို့နောက်ပိုင်း ကြေညာထားသော သဘာဝဘေးအန္တရာယ်များ အတွက်သက်ရောက်မှုရှိသည်။
- ၄. ဘေးကင်းစေရေးအစီအမံများသည် ၂၀၂၁ ခုနှစ် မေလ ၂၆ ရက်နေ့ သို့မဟုတ် ထို့နောက်ပိုင်း ကြေညာထားသော သဘာဝဘေးအန္တရာယ်များ အတွက်သက်ရောက်မှုရှိသည်။
- ၅. ASTM နိုင်ငံတကာ သည် ယခင်က စမ်းသက်ခြင်းနှင့်ပစ္စည်းအသုံးအဆောင်များအတွက် အမေရိကန် လူမှုအသိုင်းအဝိုင်း American Society for Testing and Materials ဟုလူသိများပြီးပြီး ပစ္စည်းအမျိုးအစားပေါင်းစုံ၊ ထုတ်ကုန်များ၊ စနစ်များနှင့် ဝန်ဆောင်မှုများစွာ အတွက်ရွေးချယ်နိုင်သော။သဘောတူညီထားသည့် နည်းပညာဆိုင်ရာ လမ်းညွှန်ချက်များကို စေတနာဖြင့်ဖန်တီးပြီး မျှဝေပေးသည့် နိုင်ငံတကာစံချိန်စံညွန်းအဖွဲ့အစည်းတခုဖြစ်သည်။
- ၆. မိမိတို့၏ပြည်နယ် ရေလွှမ်းမိုးမှု ဒေသ ဆောက်လုပ်ရေးဆိုင်ရာအုပ်ချုပ်ရေးမှူးထံ ဆက်သွယ်ရန်၊ အိမ်ပိုင်ရှင်များအနေဖြင့် ပြည်နယ်ရေလွှမ်းမိုးမှုဒေသမန်နေဂျာများ (SCS) ပြည်နယ်အဆင့်ဆက်သွယ်ရန်(floods.org) ရှိ ရေလွှမ်းမိုးမှုဒေသဆောက်လုပ်ရေးဆိုင်ရာအုပ်ချုပ်ရေးမှူးအသင်း၏ပြည်နယ်ဆက်သွယ်ရမည့်စာရင်းကို သွားရောက်ကြည့်ရှုနိုင်ပါသည်။