ဖယ်ဒရယ်ရန်ပုံငွေများသည် ဇူလိုင်လတွင် ကောင်တီ ကိုးခုဖြစ်သော ကလေဒိုးနီးယား၊ ချီတန်ဒန်၊ လာမိုးလီး၊ အောရိန်း၊ အော်လင်းစ်၊ ရုလန်၊ ဝါရှင်တန်၊ ဝင်ဟမ်နှင့် ဝင်ဆာတို့၌ ဖြစ်ပွားခဲ့သည့် ပြင်းထန်သောမုန်တိုင်း၊ ရေကြီးရေလျှံမှု၊ မြေပြိုမှုနှင့် ကမ်းပြိုမှုများကြောင့် မိမိတို့၏ အိမ် သို့မဟုတ် ပိုင်ဆိုင်မှုများ ဘေးဒဏ်ကြောင့် ပျက်စီးသွားသူ တစ်ဦးချင်းအား ကူညီနိုင်ရန် ဖြစ်ပါသည်။
FEMA သည် လူမှုအသိုင်းအဝိုင်းအတွင်းတွင် ရှိနေပြီး ဘေးဒဏ်သင့်သူများအား နည်းအမျိုမျိုးဖြင့် အကူအညီလျှောက်ထားရန်နှင့် FEMA ကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းနေပါသည်။
ဘယ်လိုလျှောက်ထားမလဲ-
ကပ်ဘေးဒဏ်အကူအညီလျှောက်ထားရန်အတွက် ဘေးဒဏ်သင့်သူများသည် အောက်ပါနည်းလမ်းများ အသုံးပြုနိုင်သည်-
- DisasterAssistance.gov ကို ဝင်ကြည့်ပါ။
- FEAM မိုဘိုင်းအက်ပ် ကို အက်ပဲလ် အက်ပ်စတိုး သို့မဟုတ် ဂူဂဲပလေးစတိုးမှ ဒေါင်းလုဒ်လုပ်ပါ။
- FEMA အကူအညီလိုင်း ၈၀၀-၆၂၁-၃၃၆၂ ကို အခမဲ့ ဖုန်းခေါ်ပါ။ စကားပြန်ရနိုင်ပါသည်။ အကယ်၍ သင်သည် ထပ်ဆင့်ပို့သည့် ဝန်ဆောင်မှုဖြစ်သော ဗီဒီယိုထပ်ဆင့်ပို့ဝန်ဆောင်မှု (VRS)၊ ဖုန်းစာသားဝန်ဆောင်မှု သို့မဟုတ် အခြား အလားတူ ဝန်ဆောင်မှုကို သုံးပါက သင်လျှောက်ထားချိန်တွင် သင့်နံပါတ်ကို FEMA အား ပေးပါ။
- ကပ်ဘေးပြန်လည်နလံထူရေးဌာန၊ လုပ်ငန်းပြန်လည်ထူထောင်ရေးဌာန တစ်ခုခု၊ တစ်အိမ်ဝင်တစ်အိမ်ထွက် သွားရောက်နေသည့် FEMA ဝန်ထမ်းများနှင့် ဘေးဒဏ်ကျရောက်သည့် နေရာတစ်လုံးရှိ အေဂျင်စီအများအပြား၏ ရုံးဌာနများတွင် FEMA နှင့် လူကိုယ်တိုင် တွေ့ဆုံချိတ်ဆက်ပါ။
FEMA အကူအညီကို မည်သို့လျှောက်ထားနိုင်ကြောင်း ဗီဒီယိုကို ကြည့်ရန်အတွက် youtube.com/watch?v=WZGpWI2RCNw. သို့ သွားပါ။
အကယ်၍ သင်သည် သတ်မှတ်မထားသေးသည့် ကောင်တီတွင် နေထိုင်ပြီး အပျက်အစီးရှိပါက FEMA အကူအညီလိုင်း ၁-၈၀၀-၆၂၁-၃၃၆၂ ကို အခမဲ့ ဖုန်းခေါ် လျှောက်ထားနိုင်သည်။ သင့်ကောင်တီအား သတ်မှတ်စာရင်းတွင် ထည့်လိုက်ပါက သင်၏လျှောက်လွှာကို စတင်ဆောင်ရွက်ပါမည်။
ကပ်ဘေးမှ ပြန်လည်နလံထူရေးဌာန (DRC)-
ကပ်ဘေးမှ ပြန်လည်နလံထူရေးဌာနများသည် ပုဂ္ဂိုလ်တစ်ဦးချင်းနှင့် အသေးစားလုပ်ငန်းရှင်များအား ပံ့ပိုးမှုများ ကမ်းလှမ်းနေပါသည်။ FEMA မှ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ ယူအက်စ် အသေးစားလုပ်ငန်းစီမံအုပ်ချုပ်ရေးဌာနနှင့် အခြား ရင်းမြစ်များက ဘေးဒဏ်သင့်သူများအတွက် အကူအညီလျှောက်ထားနိုင်ရန်၊ မှတ်တမ်းများထည့်သွင်းရန်နှင့် မေးခွန်းများ ဖြေကြားပေးရန်အတွက် ကူညီပေးပါသည်။
- ကပ်ဘေးမှ ပြန်လည်နလံထူရေးဌာန ငါးခုကို ရုဒ်လန်၊ ဝါရှင်တန်နှင့် ဝင်ဟမ်ကောင်တီများတွင် ဖွင့်လှစ်ထားပါသည်။ လိပ်စာများမှာ-
- ASA Bloomer Building, 88 Merchants Row, Rutland, VT 05701
- Waterbury Armory, 294 Armory Drive, Waterbury, VT 05676
- Barre Auditorium, 16 Auditorium Hill, Barre, VT 05641
- Flood Brook School, 91 Vermont–11, Londonderry, VT 05148
- Twinfield Union School, 106 Nasmith Brook Road, Plainfield, VT 05667
- နေရာအားလုံးတွင် ဖွင့်ချိန်- နေ့စဉ် မနက် ၈ နာရီမှ ည ၇ နာရီအထိ။
- DRC လိပ်စာများနှင့် ဖွင့်ချိန်များကို ဤနေရာတွင် တွေ့နိုင်သည် DRC Locator (fema.gov/drc).
ဤဌာနများသည် အောက်ပါတို့ကို ကူညီပေးနိုင်သည်-
- လျှောက်လွှာဖြည့်ရာတွင် ကူညီခြင်း၊
- ဘေးဒဏ်သင့်သူများ၏ လျှောက်လွှာ အခြေအနေကို ပြောပြခြင်း၊
- FEMA သို့ ထပ်ဆောင်း စာရွက်စာတမ်းများ ပေးပို့ရာတွင် ကူညီခြင်း၊
- ကပ်ဘေးဒဏ်သင့်သူများအား ဝန်ဆောင်မှု အမျိုးမျိုး ကမ်းလှမ်းသည့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ လမ်းညွှန်ပြခြင်း၊
- ယူအက်စ် အသေးစားလုပ်ငန်းစီမံခန့်ခွဲမှုဌာနတွင် ချေးငွေလျှောက်ထားနိုင်ရန်နှင့် စားသုံးသူဝန်ဆောင်မှုသို့ ဆက်သွယ်နိုင်ရန် ချိတ်ဆက်ပေးခြင်း။
အေဂျင်စီအမျိုးမျိုး၏ ရင်းမြစ်ဌာနများ (MARCs)-
MARC သည် ကပ်ဘေးဒဏ်သင့်သူများအား ကူညီရန် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ စုစည်းထားသည့် အဖွဲ့ဖြစ်သည်။ MARCs သည် ပူးပေါင်းလုပ်ဆောင်သည့် အဖွဲ့များဖြစ်သည်။
၎င်းတို့၏ လိပ်စာနှင့် ဖွင့်ချိန်များကို ဤနေရာတွင် တွေ့နိုင်သည် - https://vem.vermont.gov/flood/marc
ကပ်ဘေးဒဏ်သင့်သူများအတွက် အကူအညီ (DSA)-
DSA အဖွဲ့များသည် FEMA မှဖြစ်ပြီး ဗာမွန့်အသိုင်းအဝိုင်းအတွင်း ရပ်ကွက်များတွင် တစ်အိမ်ဝင်တစ်အိမ်ထွက် သွားရောက်ပြီး ဘေးဒဏ်သင့်သူများက FEMA အကူအညီလျှောက်ထားနိုင်ရန် ကူညီပေးနေပါသည်။
DSA အဖွဲ့သားများသည် အိမ်များ၊ စာသင်ကျောင်းများ၊ ပရဟိတနှင့် သွားလာရန်ခက်ခဲသော နေရာများသို့ သွားရောက်ပါသည်။ သူတို့သည် ကပ်ဘေးဆိုင်ရာ ပြဿနာများနှင့် လိုအပ်နေဆဲ အခက်အခဲများကို သိရှိနိုင်ရန်အတွက် ဒေသတွင်း အာဏာပိုင်များ၊ လူမှုအဖွဲ့အစည်း ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံပါသည်။
DSA အဖွဲ့သားများသည် ကပ်ဘေးဒဏ်သင့်သူများက အကူအညီအတွက် လျှောက်ထားနိုင်ရန်၊ ၎င်းတို့၏ နောက်ဆုံးအချက်အလက်များကို ဖြည့်သွင်းနိုင်ရန်နှင့် စေတနာ့ဝန်ထမ်း အေဂျင်စီများသို့ ညွှန်ပေးနိုင်ရန် ကူညီပါသည်။ DSA ဝန်ထမ်းများသည် ၎င်းတို့၏ ဓာတ်ပုံပါ FEMA တံဆိပ်ကို ချိတ်ဆွဲထားကြပါသည်။
ယူအက်စ် အသေးစားလုပ်ငန်းစီမံအုပ်ချုပ်မှုဌာန (SBA)
SBA သည် လုပ်ငန်း ပြန်လည်ထူထောင်ရေးဌာန (BRCs) များကို နေရာ သုံးခုတွင် ဖွင့်လှစ်ပြီး အိမ်ပိုင်ရှင်များ၊ အိမ်ငှားများ၊ လုပ်ငန်းအရွယ်အမျိုးမျိုးနှင့် ပရဟိတအဖွဲ့အစည်းများက အကူအညီလိုအပ်နေပါက SBA ရေရှည် အတိုးနှုန်းနိမ့် ချေးငွေများ လျှောက်ထားနိုင်ရန် ကူညီနေပါသည်-
- Washington County: 751 Granger Road Berlin, Vermont 05641
- Windsor County: 126 Main Street Ludlow, Vermont 05149
- Lamoille County: 29 Sunset Drive, Morrisville, VT 05661
လိပ်စာနှင့် ဖွင့်ချိန်များအတွက် ဤနေရာသို့ ဝင်ကြည့်ပါ- https://www.sba.gov/article/2023/07/17/sba-offers-disaster-assistance-businesses-residents-vermont-affected-recent-severe-storms-flooding
နောက်ဆုံး သတင်းအချက်အလက်များအတွက် fema.gov/disaster/4720. ကို ဝင်ကြည့်ပါ။ FEMA ဒေသ ၁ အကောင့်ကို တွစ်တာတွင် twitter.com/FEMARegion1 သို့မဟုတ် ဖေ့ဘုတ်တွင် facebook.com/FEMA. လိုက်ကြည့်ပါ။
ဗာမွန့်၏ တုံ့ပြန်ချက်နှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ နောက်ဆုံးသတင်းအချက်အလက်များအတွက် ဗာမွန့် အရေးပေါ် စီမံခန့်ခွဲမှု အေဂျင်စီ ကို တွစ်တာတွင် twitter.com/vemvt နှင့် ဖေ့ဘုတ်တွင် facebook.com/vermontemergencymanagement တို့၌ လိုက်ကြည့်ပါ။
သဘာဝကပ်ဘေးအတွက် အကူအညီများသည် သာတူညီမျှဖြစ်ရန်၊ လူမျိုး၊ အသားအရောင်၊ နိုင်ငံသား၊ လိင်၊ အသက်၊ မသန်စွမ်းဖြစ်မှု၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်မှု သို့မဟုတ် စီးပွားရေးအခြေအနေတို့အပေါ် အခြေခံပြီး ခွဲခြားမှုမရှိဘဲ အကူအညီရယူနိုင်ရန် FEMA ကဆောင်ရွက်နေပါသည်။ သဘာဝဘေးဒဏ် ခံရသူတိုင်း သို့မဟုတ် ပြည်သူတိုင်းသည် ၎င်းတို့အား ခွဲခြားဆက်ဆံခံရသည်ဟု ယူဆပါက FEMA လူထုအခွင့်အရေးရုံးသို့ ဆက်သွယ်နိုင်ပါသည်။ FEMA ၏ လူထုအခွင့်အရေးရုံးထံ ၈၃၃-၂၈၅-၇၄၄၈ သို့ အခမဲ့ ဖုန်းခေါ်နိုင်ပါသည်။ ဘာသာစုံပြောဆိုသူများက ဖုန်းကို ဖြေကြားပေးနိုင်ပါသည်။