အကယ်၍သင်သည် ကိုယ်ပိုင်လုပ်ငန်းလုပ်သူဖြစ်ပြီး သင်၏လုပ်ငန်းအတွက် လိုအပ်သော ပစ္စည်းကိရိယာများသည် Hurricane Helene ကြောင့်ထိခိုက် ပျက်စီးမှုရှိခဲ့ပါက ယင်းတို့ကို ပြင်ဆင်ရန် သို့မဟုတ် ပြန်လည်အစားထိုးဖြည့် တင်းရန် FEMA မှ ငွေကြေးထောက်ပံ့ပေးနိုင်ပါလိမ့်မည်။ ဤအကူအညီသည် ကျယ်ပြန့်သော လျှောက်ထားသူအမျိုးအစားများ ဖြစ်သည့် လယ်သမားများ၊ အနုပညာရှင်များ၊ စက်ပြင်ကျွမ်းကျင်သူများနှင့် အခြားသော အလုပ်အကိုင်များပါဝင်နိုင်မည်ဖြစ်ပါသည်။
သတ်မှတ်အရည်အချင်းပြည့်မီသော လုပ်ငန်းသုံးကိရိယာများမှာ
ကိုယ်ပိုင်လုပ်ငန်းအတွက် လိုအပ်သော သို့မဟုတ် အလုပ်ရှင်တဦးမှ လိုအပ် သည်ဟု သတ်မှတ်ထားပြီးထောက်ပံ့မပေးသော လုပ်ငန်းသုံးပစ္စည်းနှင့် ကိရိယာများသည် FEMA အထောက်အပံ့အတွက် သတ်မှတ်အရည်အချင်း ပြည့်မီပါလိမ့်မည်။
သတ်မှတ်အရည်အချင်းပြည့်မီသော လုပ်ငန်းသုံးကိရိယာများတွင် ပါဝင်နိုင် သည်များမှာ၊
- ကိုယ်ပိုင်လုပ်ငန်းအတွက်လိုအပ်သော ကွန်ပြူတာများ သို့မဟုတ် အလုပ်ရှင် တဦးအနေနှင့် လိုအပ်ပြီး အကယ်၍သင်က ပြန်လည်အစားထိုးပေးရန် တာဝန်ရှိပါက
- စွမ်းအင်သုံးကိရိယာများ၊ အနုပညာဆိုင်ရာပစ္စည်းများ၊ ဂီတတူရိယာပစ္စည်း များ၊ ထွန်စက်များ၊ လုပ်ငန်းသုံးယာဉ်များ၊ မြက်ရိတ်စက်များ၊ လှေခါးများ စသည်ကဲ့သို့သော ကိရိယာနှင့် ပစ္စည်းများ
- သင့်အနေနှင့် တူညီဝတ်စုံကို ပြန်လည် အစားထိုးပေးရန် တာဝန်ရှိပါက အလုပ်အတွက် တူညီဝတ်စုံများ၊
သတ်မှတ်အရည်အချင်းပြည့်မီသော ပစ္စည်းအမျိုးအစားများဖြစ်ပြီး အကယ် ၍ ယင်းတို့သည် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီးနောက်၊ သင့်အနေနှင့် အခြားသောလုပ်ငန်းသုံးပစ္စည်းအမျိုးအစားမရှိခြင်းနှင့် ဆုံးရှုံး မှုအတွက် အာမခံလျော်ကြေးတွင် အကျုံးမဝင်ခြင်း ရှိခဲ့ပါက သင်အနေနှင့် ယင်းတို့အတွက် ငွေကြေး ပြန်လည်ရရှိနိုင်ပါလိမ့်မည်။
အကယ်၍ သင်သည် အလုပ်သမားတဦးဖြစ်ပြီး သင်၏အလုပ်အတွက် လိုအပ်သော ပစ္စည်းသို့မဟုတ် ကိရိယာကို ဆုံးရှုံးခဲ့ရပြီးယင်းအတွက် သင်၏ အလုပ်ရှင်ကလည်း ပြန်လည်အစားထိုးမပေးသည့်အခါ FEMA က အကူအညီပေးနိုင်ပါလိမ့်မည်။
လိုအပ်သော အထောက်အထားများ
သတ်မှတ်အရည်အချင်းပြည့်မီရန် သင်သည် အောက်ဖော်ပြပါ အထောက် အထားများကို FEMA သို့ တင်ပြရမည်။
- သင်သည် ကိုယ်ပိုင်လုပ်ငန်းလုပ်သူဖြစ်ကြောင်းအထောက်အထား ဥပမာ အခွန်ငွေမှ ပြန်လည်ရရှိမှု
- အားလုံးသော ဖြစ်နိုင်ခြေရှိသည့် အာမခံအကျုံးဝင်မှုနှင့် အကျိုးခံစားခွင့်များ အတွက် အာမခံအထောက်အထားများ
- ပြင်ဆင်ရန် သို့မဟုတ် ပြန်လည်အစားထိုးရန် တောင်းခံသောပစ္စည်း အမျိုး အစားများအတွက် ပစ္စည်းအမျိုးအစားအလိုက် ငွေလက်ခံဖြတ်ပိုင်းများ သို့မဟုတ် ခန့်မှန်းကုန်ကျစရိတ်များ
- ကိုယ်ပိုင်လုပ်ငန်းအတွက် ထိုပစ္စည်းအမျိုးအစားများကို သင်လိုအပ်ကြောင်း ကို ရှင်းလင်းပြသည့် ရေးသားတင်ပြချက်တစောင်။
အထောက်အပံ့အတွက် လျှောက်ထားခြင်း
အကယ်၍ သင်သည် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသည့် ကိရိယာသို့မဟုတ် ပစ္စည်းအတွက်ထောက်ပံ့ငွေရရန် သတ်မှတ်အရည်အချင်း ပြည့်မီပါက FEMA အထောက်အပံ့အတွက် လျှောက်ထားမှုကို ရှာဖွေရန်။ Hurricane Helene ကြောင့် ထိခိုက်မှုရှိခဲ့သည့် Abbeville၊ Aiken၊ Allendale၊ Anderson၊ Bamberg၊ Barnwell၊ Beaufort၊ Cherokee၊ Chester၊ Edgefield၊ Fairfield၊ Greenville၊ Greenwood၊ Hampton၊ Jasper၊ Kershaw၊ Laurens၊ Lexington၊ McCormick၊ Newberry၊ Oconee၊ Orangeburg၊ Pickens၊ Richland၊ Saluda၊ Spartanburg၊ Union၊ York ကောင်တီများရှိ အိမ်ပိုင်ရှင်များနှင့် ငှားရမ်းသူများ အပြင် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များသည် FEMA အထောက် အပံ့အတွက် လျှောက်ထားရန် သတ်မှတ်အရည်အချင်း ပြည့်မီပါသည်။
သင်လျှောက်ထားရန် နည်းလမ်းများစွာရှိပါသည်
- အွန်လိုင်းမှ လျှောက်ရန် DisasterAssistance.gov.
- မည်သည့် ကပ်ဘေး ပြန်လည်ထူထောင်ရေး စင်တာမဆိုထံ သွားပါ။ သင်နှင့် အနီးဆုံးစင်တာတည်နေရာများကို ရှာဖွေရန် fema.gov/DRC သို့သွားပါ သို့မဟုတ် “DRC” နှင့် စာပို့သင်္ကေတကို 43362 သို့ စာတိုပေးပို့ပါ။ DRC 29169).
- FEMA mobile app ကိုအသုံးပြုပါ။
- FEMA အရေးပေါ်ဖုန်းလိုင်း 800-621-3362 သို့ဖုန်းခေါ်ပါ။ ယင်းကို နေ့စဉ် ဖွင့်ထားပါသည်။ ဘာသာစကားများစွာဖြင့် အကူအညီ ရယူနိုင်ပါသည်။ ဗီဒီယိုဖြင့် ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု (VRS)၊ စာသားဖော်ပြသည့် တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့ ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ကို ပေးပါ။
လျှောက်ထားပုံနှင့်ပတ်သက်၍ အမေရိကန်သင်္ကေတဘာသာစကား၊ နောက်ခံစကားပြောနှင့် စာတမ်းထိုးများပါသည့် ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် ဤ လင့် ကိုရွေးချယ်ပါ။ FEMA အစီအစဉ်များသည် ဘေးအန္တရာယ်မှလွတ်မြောက်လာသော မသန်စွမ်းသူများနှင့် လက်တွေ့လုပ်ဆောင်ရန် လိုအပ်ချက်ရှိသူများအတွက် အထောက်အကူပေးပါသည်။