သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပွားပြီးနောက်အပျက်အစီးများကို ဖယ်ရှားရှင်းလင်းရန် နည်းလမ်း ၉ ခု

သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပွားပြီးသည့်အခါ နဂိုပုံမှန်ပြန်ဖြစ်လာအောင်ပြုလုပ်ရေးတွင် ဖယ်ရှားရှင်းလင်းမှုလုပ်ငန်းသည်အရေးပါလှသည်။ သင်သည် အိမ်ပိုင်ရှင် သို့မဟုတ် လုပ်ငန်းပိုင်ရှင်မည်သူပဲဖြစ်ပါဟေ ဘေးကင်းပြီး ထိရောက်သော အပျက်အစီးများကို ဖယ်ရှားရန်အတွက် သင့်လျော်သော လမ်းညွှန်ချက်များကို လိုက်နာသင့်သည်။

FEMA သည်  အပျက်အစီးများဖယ်ရှားရှင်းလင်းခြင်းနှင့်ပတ်သက်သည့် ကုန်ကျစရိတ်များအတွက် ပြည်နယ်၊ ဒေသန္တရ၊ ဌာနေအမေရိကန်လူမျိုးစုအုပ်ချူပ်သည့်နေရာများနှင့်နှင့် နယ်မြေအစိုးရများသို့ Public Assistance program အစီအစဉ်မှတဆင့် ပြန်အမ်းငွေပေးသည်။ အကယ်၍ သင်သည် အိမ်ပိုင်ရှင်ဖြစ်ပါက၊ ဒေသဆိုင်ရာ လမ်းညွှန်ချက်များနှင့် စည်းကမ်းများကို လိုက်နာပြီး သင့်အိမ်မှ အပျက်အစီးများများကို ဖယ်ရှားရှင်းလင်းရန် တာဝန်ရှိပါသည်။  နေအိမ်အာမခံလျော်ကြေးပေးမှုအစီအစဉ်များကလည်း အပျက်အစီးများကို ဖယ်ရှားရာတွင် ကူညီပေးနိုင်ပြီး၊ တစ်ခါတစ်ရံတွင် အခမဲ့ အကူအညီပေးသည့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကုမ္ပဏီများလည်း ရှိပါသည်။ 

သတ်မှတ်ရက်တွင်လာရောက်သိမ်းယူရန်အတွက် ဒေသဆိုင်ရာ သို့မဟုတ် ပြည်နယ်အစိုးရများသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အပျက်အစီးများကို ပုဂ္ဂလိကပိုင်အိမ်များ၏ အမှိုက်ပုံးလာယူသည့်နေရာတွင် ပုံမှန်အားဖြင့် စုပုံပစ်ထားလေ့ရှိသည်။

အောက်ဖော်ပြပါ အထွေထွေအပျက်အစီးဖယ်ရှားရှင်းလင်းရေးလမ်းညွှန်ချက်များကို ကျွန်ုပ်တို့ကမျှဝေထားသော်လည်း ဒေသအရလမ်းညွှန်မှုမှာ ကွဲပြားနိုင်ပါသည်။ သင့်ဒေသအတွက်တိကျသောလမ်းညွှန်ချက်စည်းမျဉ်းများကိုသိရှိရန် သင့်ခရိုင် သို့မဟုတ် စည်ပင်သာယာရေးနှင့်  မေးမြန်းစစီစစ်ပါ။

အောက်ပါအချက်များသည် အပျက်အစီးများအောင်မြင်စွာ ရှင်းလင်းရန် သိထားရမည့်အချက်ဖြစ်သည်။

။ ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးပါ။ ဘောင်းဘီရှည်၊ ခိုင်ခံ့သောဖိနပ်များ၊  မျက်မှန်များ၊ လက်အိတ်များနှင့် အမှိုက်များကို ကိုင်တွယ်ရာတွင် အကာအကွယ်ပစ္စည်းများကို ဝတ်ဆင်ပါ။ သင့်တွင် လူထုကျန်းမာရေး သို့မဟုတ် ဘေးအန္တရာယ်ကင်းရှင်းရေးကို ထိခိုက်ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းနှင့်ဆက်စပ်သော အပျက်အစီးများရှိပါက သင့်ဒေသဆိုင်ရာ အရေးပေါ်မန်နေဂျာထံ ဆက်သွယ်ပါ။ ထိခိုက်ဒဏ်ရာရမှုကနေ ကာကွယ်ရအောင် ပျက်စီးနေသော အဆောက်အဦများကို ရှောင်ပြီး မြွေ သို့မဟုတ် တိရစ္ဆာန်များကို သတိထားပါ။ သင်အပျက်အစီးများကိုရှင်းလင်းသည့်အခါတွင် မြင်ရသောကေဘယ်လ်ကြိုးများကို ဂရုတစိုက်ကြည့်ရှုပြီး၎င်းတို့ကိုကိုင်တွယ်ဖြေရှင်းရန်ကျွမ်းကျင်သူများကိုစောင့်ဆိုင်းပါ။

၂။ ဒေသဆိုင်ရာတာဝန်ရှိသူများဆီ အပျက်အစီးများကို သိမ်းဆည်းကောက်ယူရန် နေရာနှင့် မည်သည့်အချိန်တွင် သိမ်းဆည်းကောက်ယူရမည်ကို စုံစမ်းမေးမြန်းပါ။ အန္တရာယ်ရှိသော အပျက်အစီးများကို ဖယ်ရှားရှင်းလင်းရေးနှင့်ပတ်သက်၍ မည်သူ့ကို ဆက်သွယ်ရမည်ကို သင့်ဒေသဆိုင်ရာအရေးပေါ်မန်နေဂျာများကို စုံစမ်းမေးမြန်းပါ။

၃။ သင့်အာမခံကုမ္ပဏီသို့ အာမခံလျော်ကြေးတောင်းဆိုချက်တင်ရန်စောစောစီးစီးဆက်သွယ်ပါ။ အပျက်အစီးဖယ်ရှားသန့်ရှင်းရေးမစတင်မီ၊ ပျက်စီးသွားသောပစ္စည်းများအားလုံးကို ဓာတ်ပုံများ၊ ဗီဒီယိုများဖြင့် မှတ်တမ်းတင်ပြီး အာမခံလျော်ကြေးတောင်းဆိုမှုများနှင့် အခြားအကူအညီအစီအစဉ်များအတွက် သင်လုပ်ဆောင်ခဲ့သောအလုပ်အားလုံးအတွက် ငွေပေးချေမှုပြေစာအားလုံးကို သိမ်းဆည်းထားပါ။

၄။ကျွမ်းကျင်တတ်မြောက်သူများ၏အကူအညီကိုရှာပါ။ ပြိုကျသောသစ်ပင်များကို ခုတ်လဲခြင်း။အိမ်နံရံပြန်တပ်ခြင်း၊ ကြမ်းခင်ခြင်းနှင့် စက်ပစ္စည်းများကို ဖယ်ရှားခြင်း၊ အိမ်ခေါင်မိုးများကို တာရှည်ခံခြင်းနှင့် မှိုလျော့ပါးစေရန် ကူညီဆောင်ရွက်ပေးသည့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ သို့မဟုတ် ကုမ္ပဏီများမှ အကူအညီတောင်းခံနိုင်ပါသည်။ ဟာရီကိန်း Helene နှင့် Milton  တိုတ်ခတ်ပြီးနောက် လက်ရှိကူညီနေသည့် အဖွဲ့အစည်းများ၏ လင့်ခ်များကို ဤဘလော့ဂ်ပို့စ်၏အောက်တွင်ကြည့်ရှူပါ။

၅။ လျှပ်စစ်ဓာတ်အားလိုင်းများကို သတိထားပါ။ ပြုတ်ကျနေသော  လျှပ်စစ်ဓာတ်အားလိုင်းများပေါ်က အပျက်အစီးများကို မထိ၊ မဖြတ်၊ မဖယ်ရှား၊ပြန်မတပ်ထားပါနှင့်။ လျှပ်စစ်ဓာတ်အားပြန်ရလာသည့်အခါ ဓာတ်လိုက်ခြင်း၊ ပြင်းထန်သောဒဏ်ရာ သို့မဟုတ် သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်သည်။ အပျက်အစီးများဖယ်ရှားရာတွင် လွှစက်ကို အသုံးပြုရန် လိုအပ်ပါက ဓာတ်အားလိုင်းများနှင့် မထိမိအောင်နှင့် ဘေးကရပ်ကြည့်နေသူများကိုလည်းဘေးကင်းသောနေရာအကွာအဝေးတွင် ရှိနေအောင်သေချာသတိထားပါ။

၆။ စိုစွတ်နေသောအရာမှန်သမျှကို သန့်ရှင်းပြီးပိုးသတ်ပါ။ ရေကြီးမှုကြောင့် ပျက်စီးသွားသော အဆောက်အဦများအတွက် လေထုတ်ခြင်း၊ အပြင်ရွှေ့ခြင်း၊ ဆုတ်ဖြဲပစ်ခြင်း၊ သန့်ရှင်းခြင်းနှင့် အခြောက်ခံခြင်းတို့ကို အခြေခံအဆင့်ငါးဆင့်ကို လိုက်နာလုပ်ဆောင်ပါ။ ရေကြီးခြင်း သို့မဟုတ် မိလ္လာများကြောင့်ညစ်ညမ်းနေသောအရာများကို ကိုင်တွယ်ပြီးသည့်အခါ လက်ကို အမြဲတမ်း ဆပ်ပြာ၊ရေတို့ဖြင့် ဆေးကြောပါ။

၇။အန္တရာယ်ရှိသောပစ္စည်းများနှင့် အဆိပ်သင့်စေသောပစ္စည်းများကို သတိထားပါ။ ဓာတုပစ္စည်းများ၊ ပရိုပိန်းကန်များနှင့် အခြားအန္တရာယ်ရှိသောပစ္စည်းများကို စစ်ဆေးရန် သို့မဟုတ် လွှင့်ပစ်ဖယ်ရှားရန် သင့်ဒေသမီးသတ်ဌာနကို ဖုန်းဆက်ပါ။ အကယ်၍ သင်သည် ကိုယ်ပိုင်ရေတွင်းမှ သောက်သုံးရေကိုသုံးသူဖြစ်လျှင် သင့်ဒေသတွင် ရေကြီးခဲ့ပါက၊ မသောက်သုံးခင် ရေမှာ ဘေးအန္တရာယ်ကင်းကြောင်း သေချာပါစေ။ အန္တရာယ်ရှိသော အပျက်အစီးအညစ်အကြေးများကို ပလတ်စတစ်အိတ်များတွင် ထည့်ပိတ်ပြီး လေထဲကနေ မပျံ့နှံအောင်ကာကွယ်ပါ။ အဆိပ်အတောက်ဖြစ်တတ်သဖြင့်အမှိုက်များကို မည်သည့်အခါမျှ မီးမရှို့ရ။

၈။အပျက်အစီးများကို မည်ကဲ့သို့ ခွဲခြား၍ နေရာချထားရမည်ကို သိပါ။ လမ်းကို အပျက်အစီးများနှင့်မည်သည့်အခါမှ မပိတ်ဆို့ပါနှင့်။ အပျက်အစီးအမှိုက်များကို မီးသတ်ရေပိုက်ခေါင်းများနှင့် မီတာများအပါအဝင် သစ်ပင်များ၊ တိုင်များ သို့မဟုတ် အဆောက်အဦများနှင့်ဝေးဝေးတွင်ထားပါ။ အမှိုက်ပစ်သည့်နေရာတွင် အပျက်အစီးအမှိုက်များကို စွန့်ပစ်သည့်အခါအမျိုးအစားငါးမျိုးခွဲခြားနိုင်သည်။ 

o အီလက်ထရွန်နစ်ပစ္စည်း (ဥပမာ ရုပ်မြင်သံကြား၊ ကွန်ပျူတာ၊ ဖုန်း)

o ကြီးမားသောအသုံးအဆောင်များ (ဥပမာ- ရေခဲသေတ္တာ၊ ပန်းကန်ဆေးစက်၊ အဝတ်အခြောက်ခံစက်၊ မီးဖိုများ သို့မဟုတ် ပန်းကန်ဆေးစက်များ။ အဆိုပါအသုံးအဆောင်များ၏တံခါးများကို အလုံပိတ်ထားရန် သို့မဟုတ် လုံ့ခြူံအောင် သေချာထုတ်ပါ။

o အပင်အကိုင်းအခက်များ၊ အရွက်များ သို့မဟုတ် အပင်များကဲ့သို့ အသီးအရွက်များ ၊

o ဆောက်လုပ်ရေးအပျက်အစီးများ (နံရံ။ သစ်သား၊ ကော်ဇော သို့မဟုတ် ပရိဘောဂများကဲ့သို့)

o အိမ်သုံးအမှိုက်များ၊ စွန့်ပစ်ထားသောအစားအစာများ၊ စက္ကူများသို့မဟုတ် အထုပ်ထုတ်ထားသည့်ပါကင်များ။

၉။ အကူအညီပေးနိုင်မည့် အဖွဲ့အစည်းကို ရှာပါ။ အောက်ပါအချက်များမှာ ဟာရီကိန်းမုန်တိုင်း Helene နှင့် Milton မုန်တိုင်းဒဏ်ခံရသော ပြည်နယ်များတွင် ရရှိနိုင်သော အရင်းအမြစ်အချို့ဖြစ်သည်။

မုန်တိုင်းဘေးဒဏ်သင့်ဒေသအားလုံးအတွက်

  • UMCOR:ရွံနွံအညစ်အကြေးများရှင်းလင်းခြင်း၊ အပျက်အစီးများဖယ်ရှားခြင်းကဲ့သို့ အရာများကိုကူညီပေးရန်မုန်တိုင်းဘေးဒဏ်သင့် ပြည်နယ်အားလုံးရှိ အစောပိုင်းတုံ့ပြန်မှုအကူအညီပေးသည့်အဖွဲ့များ။
  • Team Rubiconအပျက်အစီးများကို ဖယ်ရှားခြင်း၊ ရွံနွံအညစ်အကြေးများရှင်းလင်းခြင်း လမ်းကြောင်းရှင်းလင်းခြင်းနှင့် သစ်ပင်လွှစက်ဆွဲခြင်းလုပ်ငန်းကို ကူညီဆောင်ရွက်ခြင်း။ 

    • Crisis Cleanup:  အရေးပေါ်အကျပ်အတည်းရှင်းလင်းရေး- အရေးပေါ်အကျပ်အတည်းရှင်းလင်းရေးသည် အပျက်အစီးများရှင်းလင်းရေးအကူအညီအတွက်ဖုန်းခေါ်ဆိုမှုအကြိမ်၆၀,၀၀၀ ကို လက်ခံရရှိခဲ့သည်။ စေတနာ့ဝန်ထမ်း ၁၅၀၀ ကျော်သည် ဖုန်းခေါ်ဆိုမှုများကို ဖြေကြားပြီး ပြန်ပေးခဲ့သည်။ 

Hotline နံပါတ်(844-965-1386) သည် ဟာရီကိန်းမုန်တိုင်း Helene နှင့် Milton နှစ်ခုစလုံးအတွကိ အတူတူပဲဖြစ်ပါသည်။

မြောက်ကာရိုလိုင်းနား

•  Church of Jesus Christ of LDS: အပျက်အစီးများကိုဖယ်ရှားခြင်း၊ ရွံ့နွံအမှိုက်သရိုက်များကိုဖယ်ရှားရှင်းလင်းရေးများကိုလုပ်ဆောင်ခြင်း။ 

 

  • Reach Global Crisis Responseသစ်ပင်ဖယ်ရှားရှင်းလင်းခြင်းနှင့်ရွံ့နွံအမှိုက်သရိုက်များကိုဖယ်ရှားရှင်းလင်းများကိုလုပ်ဆောင်ခြင်း။ 

 

ဖလော်ရီဒါ

  • Starfish Disaster Recovery: ဤအဖွဲ့အစည်းသည် Madison ကောင်တီရှိ အရေးပေါ်လွှစက်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေသည်။ သူတို့၏လုပ်ဆောင်မှုများတွင် မိုးကာများဖြင့်အမိုးကာခြင်း/အမိုးဖာခြင်း၊ သစ်ပင်/အပျက်အစီးများကိုလွှဖြတ်ပေးခြင်း၊ ရွံ့နွံများဖယ်ရှားခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုများ ပါဝင်သည်။
  • All Hands and Hearts:    ဤအဖွဲ့အစည်းသည် Pasco ကောင်တီတွင် အချက်အလက်ကောက်ခံမေးမြန်းမှုများလုပ်ဆောင်နေသည်။ ၎င်းတို့တွင် လက်တွေ့ဆောင်ရွက်နေသောလွှစက်အဖွဲ့များရှိသည်။
  • Church of Scientology:  ဤအဖွဲ့အစည်းသည် အချက်အလက်ကောက်ခံစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ယခုအခါ အထွေထွေလမ်းဘေးသန့်ရှင်းရေး၊ ရွံ့နွံအမှိုက်များဖယ်ရှားရှင်းလင်းရေးများနှင့် ရေနှင့်အစားအစာများ ပို့ဆောင်ပေးလျက်ရှိသည်။

 

ကျွန်ုပ်တို့သည်ဤအဖွဲ့အစည်းအများအပြားနှင့်မကြာခဏအလုပ်အတူတကွလုပ်ဆောင်နေသော်လည်း၊ထိုကဲ့သို့အလုပ်အတူလုပ်ဆောင်ခြင်းသည်ထိုအဖွဲ့အစည်းများ၏အဖွဲ့ဆိုင်ရာရပ်တည်ချက်များကိုထောက်ခံခြင်းမဟုတ်ပါ။

 

မုန်တိုင်းပြီးနောက်ပြန်လည်ထူထောင်လာသည့်အခါတွင်ဤလမ်းညွှန်ချက်များကိုလိုက်နာဆောင်ရွက်ခြင်းကဘေးအန္တရာယ်တစ်ခုပြီးနောက်ဘေးကင်းပြီး ထိရောက်သောအပျက်အစီးရှင်းလင်းရေးလုပ်ငန်းစဉ်ကိုအသေအချာလုပ်ဆောင်နိုင်ပါသည်။ဘေးအန္တရာယ်ကင်းရှင်းရေးကိုဦးစားပေးရန်၊ လိုအပ်သည့်အခါတွင် ကျွမ်းကျင်သောအကူအညီကို ရယူပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ကိုအရှိန်မြှင့်ရန်အတွက်အပျက်အစီးအမှိုက်သရိုက်များကိုစနစ်တကျစွန့်ပစ်ရန် မမေ့ပါနှင့်။ နောက်ထပ်အရင်းအမြစ်များနှင့်သတင်းအချက်အလက်များအတွက်FEMA.gov. မှာသွားရောက်ကြည့်ရှုပါ။

Release Date:
Tags:
နောက်ဆုံးသတင်း