Individual Assistance Library
Related Content
လူမှုအသိုင်းအဝိုင်းများ ပိုမိုအားကောင်းလာစေရန် ကူညီ ဆောင်ရွက်ပေးသည့် ကတိကဝတ်၏ တစ်စိတ်တစ်ဒေသအနေဖြင့် FEMA သည် သမ္မတက သဘာဝဘေးအန္တရာယ်ကြီးဟု ကြေညာချက်နှင့်အတူ Robert T. Stafford ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အထောက်အပံ့ပေးရေးနှင့် အရေးပေါ်ကူညီမှုဥပဒေ 1 (Stafford ဥပဒေ) ကခွင့်ပြုထားသည့်အတိုင်း နေအိမ်များကို ပိုမိုခိုင်ခံ့အောင် ပြုပြင်ရန် သို့မဟုတ် အသစ်ပြန်ဆောက်ရာတွင် ကူညီရန် FEMAက သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသော အိမ်ပိုင်ရှင်များကို အကူအညီပေးပါသည်။
Fact Sheet
သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေရေးရာဝန်ဆောင်မှုအစီအစဥ် (DLS)ကို Robert T Stafford ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အထောက်အပံ့ပေးရေးနှင့် အရေးပေါ်ကူညီမှုဥပဒေ ၊အများပြည်သူ ဥပဒေ ၉၃-၂၈၈၊ ၄၂ U.S.C. § ၅၁၈၂ တွင်လည်း စာရင်းသွင်းထားပြီး၊ ပုဒ်မ ၄၁၅ အရ ခွင့်ပြုထားပါသည်။ နိုင်ငံတော်သမ္မတက ကြီးမားသော သဘာဝဘေးအန္တရာယ်ဟုဆိုသည့် ထုတ်ပြန်ကြေညာချက်ကို မူတည်ပြီး တစ်ဦးချင်းအကူအညီနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေရေးရာဝန်ဆောင်မှုအစီအစဥ် DLS ကိုလုပ်ပိုင်ခွင့်ရှိကာ အကောင်အထည် ဖော်နိုင်ပါသည်။
Fact Sheet
FEMA အစုလိုက်အပြုံလိုက်စောင့်ရှောက်မှုနှင့် အရေးပေါ်အကူအညီသည် သဘာဝဘေးဒဏ်ခံရသော၊သဘာဝဘေးလွတ်ရာပြေးလာသူများကို အိမ်ရှင်အဖြစ် လက်ခံပေးသောပြည်နယ်အစိုးရများကို သဘာဝဘေးအန္တရာယ်မှလွတ်မြောက်လာသူများ/ဘေးလွတ်ရာသို့ ပြောင်းရွေ့လာသူများနှင့် ၎င်းတို့၏ အိမ်မွေးတိရစ္ဆာန်များနှင့်ဝန်ဆောင်မှုပေးသည့်တိရစ္ဆာန်များအတွက် အသက်ကယ်ဝန်ဆောင်မှုများနှင့် အရင်းအမြစ်များ ပံ့ပိုးကူညီပေးပါသည်။
Fact Sheet
အိုးမဲ့အိမ်မဲ့ဖြစ်နေစဉ်အတွင်း ဘေးကင်းလုံခြုံသော၊ သန့်ရှင်းရေးနှင့် လုံခြုံသောနေရာတစ်ခုပံပိုးပေးဖို့ အေဂျင်စီများနှင့် အဖွဲ့အစည်းများစွာ၏ ပူးပေါင်းညှိနိုင်းဆောင်ရွက်မှုလိုအပ်ပါသည်။
Fact Sheet
သတ်မှတ်အရည်အချင်းကိုက်ညီသော သဘာဝဘေးအန္တရာယ် မှလွတ်မြောက်လာသူများအတွက် ပေးအပ်မည့် အကူအညီများတွင် ယာယီအိမ်ရာအတွက် အကူအညီ၊ အိမ်ပြုပြင်မှု၊ တကိုယ်ရေသုံး ပစ္စည်းများ၊ ကျန်းမာရေးဆိုင်ရာဆုံးရှုံးမှု၊ နာရေးစရိတ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အလုပ်လက်မဲ့အကူအညီနှင့် အတိုးနည်းချေးငွေများ ပါဝင်ပါသည်။
Fact Sheet